ရေးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား, - ။ +။, -အချက်အခြာ +အချက်အချာ)
စာကြောင်း ၁၀၀ -
ကောဇာသက္ကရာဇ် ၁၁၈၁ ခုနှစ်တွင် အင်းဝနေပြည်တော်မှ ရဲစက်ကျော်ခေါင်အား ရေးမြို့သို့ မြို့ဝန်အဖြစ် စေလွှတ်အုပ်ချုပ်ခဲ့ပြီး ၁၁၈၆ ခုနှစ်တွင် ဗြိတိသျှတို့၏ နယ်ချဲ့မှုကြောင့် ရေးမြို့ကို မြန်မာမင်းအုပ်ချုပ်မှုအောက်မှ စွန့်ခွာပေးခဲ့ရသည်။ ၁၃ ရာစုနှင့် ၁၄ ရာစုဟန် ရှေးဟောင်းဘုရားများကို တွေ့ရှိရသည့်အပြင် ခိုင်လုံသော သမိုင်းအထောက်အထားများကြောင့် ရှေးဟောင်း မွန်မြို့တော်အဖြစ် ယုံကြည်ကြသည်။ ရေးမြို့တွင် တည်ရှိသော ရှေးဟောင်းစေတီအချို့မှာလည်း ရှမ်းကြီး(ထိုင်း)လူမျိုးတို့၏ဟန် မကင်းသော ရှေးမွန်တို့၏လက်ရာ တည်ထားဟန်ကိုလည်း တွေ့မြင်ရသည်။
ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှားရှိနေချေသည်။ ယခုကျန်ရှိနေသော ကျုံးတော်ကြီး၏အစိတ်အပိုင်းကို ၁၉၈၆ ခုနှစ်၊ ၂၀၁ဝ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်
အတွင်းတွင် ပြန်လည်တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြသည်။ ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်”(မြန်မာအသံထွက် ဒိန်းရီ )ဟုခေါ်ဆိုခဲ့ကြသည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်သည်။ မြန်မာဘာသာဖြင့်ပြန်ဆိုသော် အနက်ကား “စကားမြို့" ဖြစ်သည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ်လိုက်သော မင်းညီမင်သားများ၊ စစ်သူကြီးများ၊ ဝန်မင်း၊အမတ်မင်းများနှင့် တနင်္သာရီနှင့် မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား၊ နယ်စားများအရာရှိများကို စုံညီစွာအစည်းအဝေးပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ဖြစ်သောကြောင့်ထိုသို့ ခေါ်ဆိုခဲ့ကြဟန် ဖြစ်သည်။ အနောက်ဘက်လွန်မင်းလက်ထက်တွင်လည်း စစ်ရေးစစ်ရာအချက်အခြာကျသည့်စစ်ရေးစစ်ရာအချက်အချာကျသည့် မြို့တစ်မြို့အဖြစ် သမိုင်းကြောင်းတွင် ထင်ရှားသည်။ ရှေးဟောင်းရေးမြို့သည် သာသနာတော်စည်ပင်ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာတရားကိုင်းရှိုင်း လေးစားခဲ့ကြဟန်ရှိသည်။ စေတီဘုရား၊ ကျောင်းကန်များကိုလည်း အမြောက်အများအမြောက်အမြား တည်ထားခဲ့ကြသည်။ ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာတည်ရှိနေပေသည်။
 
== လူမှုပထဝီဝင် ==
စာကြောင်း ၁၀၈ -
 
== စီးပွားရေး ==
ရေးမြို့တွင် ရာဘာစိုက်ပျိုးရေး၊ ငါးဖမ်းခြင်းနှင့်ရေလုပ်ငန်း၊ ကွမ်းသီးခြံလုပ်ငန်း၊အခြားစားဖွယ် သီးနှံ စိုက်ပျိုးရေး၊ ဆားလုပ်ငန်းတို့မှာ နာမည်ကျော် အောင်မြင်သောလုပ်ငန်းများဖြစ်ကာ အခြားစီးပွားရေးလုပ်ငန်းများလည်း လုပ်ကိုင်ကြသည်။ ဆားလုပ်ငန်းမှာ အခုအခါ ဆားဈေးမကောင်းသောကြောင့် တောင်သူများခေတ္တရပ်နားထားကြသည်။ ရေးမြို့မှထွက်သော ဒူးရင်းသီး၊ ဒူးရင်းယို မင်းဂွတ်သီး၊ သံပုရာသီးတို့မှာ နာမည်ကြီးလှပေသည်။ နယ်စပ်ဒေသနှင့်နီးကပ်ကာ ဒေသထွက် သီးနှံများ အခြားသောကုန်များလည်းရောင်းဝယ်ဖောက်ကားမှု အချက်အခြာကျရာအချက်အချာကျရာ ဒေသ ဖြစ်ပြီး မြို့ပတ်ဝန်းကျင်တွင် စိမ်းစိုအုပ်မှိုင်းလျက်ရှိသည့် ဥယျာဉ်ခြံများ ဝန်းရံလျက်ရှိသည်။ အစင်ကျေးရွာနှင့် ဇီးဖြူသောင်ကျေးရွာတို့တွင် ရေလုပ်ငန်းများ ထွန်းကားသည်။ ၂၀၀၅ ခုနှစ်တွင် [[အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန]]မှ ထုတ်ပြန်သောအစီအရင်ခံစာတွင် မြန်မာနိုင်ငံတွင်းရှိ တစ်ဦးချင်းဝင်ငွေအကောင်းဆုံးမြို့ဟု သတ်မှတ်ဖော်ပြခဲ့သည်။ ၂၀၁၇ - ၂၀၁၈ ဘဏ္ဍာနှစ် ရေးမြို့နယ်၏ တစ်ဦးချင်းဝင်ငွေမှာ ၂၃၇၉၉၂၆ ကျပ်ဖြစ်ကြောင်း သိရှိရသည်။ ရောင်းဝယ်ဖောက်ကားရာ မြသီတာဈေးမှာ အဓိကစည်းကားပြီး ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီတာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်းအနီးတွင်ရှိသောကြောင့် ဖာလဈေးဟုခေါ်သော ဗိုလ်ချုပ်ဈေးတို့လည်း တည်ရှိသည် ။တည်ရှိသည်။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ကမ်းနားလမ်း(ဘုရင့်နောင်လမ်း)တွင် တည်ရှိသည်။
 
ရေးမြို့တွင် အစိုးရဘဏ်များအပြင် ပုဂ္ဂလိကစီးပွားရေးဘဏ်များလည်းရှိသည်။ ကျန်းမာရေးအတွက် ပြည်သူ့ဆေးရုံ(ကုတင်-၁၀၀)ရှိပြီး ပုဂ္ဂလိကဆေးရုံ ၂ ရုံရှိသည်။