အိန္ဒိယသမုဒ္ဒရာ: တည်းဖြတ်မှု မူကွဲများ

ရင်းမြစ် 1 ခုကို ကယ်ဆယ်ပြီး 0 ခုကို လင့်ခ်သေအဖြစ် စာတွဲပြီးပါပြီ) #IABot (v2.0.7
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၁ -
အိန္ဒိယ သမုဒ္ဒရာ သည် ကမ္ဘာ့ သမုဒ္ဒရာနှင့်စပ်သော နယ်နိမိတ် အပိုင်းအခြားများ၏ တတိယ အကြီးဆုံးဖြစ်ပြီး ကမ္ဘာ့ မျက်နှာပြင်ပေါ်ရှိ ရေထု ၏ ၂၀ ရာခိုင်နှုန်း ကို ဖုံးလွှမ်းထားသည်။ ၎င်းကို မြောက်ဘက်တွင် တောင်အာရှ၊ အနောက်ဘက်တွင် အာဖရိက အရှေ့ပိုင်း ၊အရှေ့ပိုင်း၊ အရှေ့ဘက်တွင် အင်ဒိုချိုင်းနား ဆန်းဒါးကျွန်း၊ ဩစတြေးလျနှင့် တောင်ဘက်ပိုင်းတွင်တောင်ဘက်ပိုင်းသမုဒ္ဒရာ သို့မဟုတ် အဓိပ္ပာယ်ဖွင့်ဆိုချက်အရ၊ အန္တာတိကတိုက် ဖြင့် ဝန်းရံထားခြင်းခံရသည်။ ၎င်းသည် [[အိန္ဒိယနိုင်ငံ|အိန္ဒိယ နိုင်ငံ]]အမည်ကို အစွဲပြု၍ခေါ်ဆိုသည့် တစ်ခုတည်း သော သမုဒ္ဒရာ ဖြစ်သည်။
ဆက်စပ်နေသော ကမ္ဘာတစ်ဝန်းရှိသမုဒ္ဒရာ ၏ တစ်စိတ်တဒေသဖြစ်သည့် အားလျော်စွာ၊ အိန္ဒိယသမုဒ္ဒရာသည် အတ္တလန္တိတ်[[သမုဒ္ဒရာ]] မှ အရှေ့လောင်ဂျီတွဒ် ၂၀° တွင်ရှိပြီး Cape Agulhas (ဩဂယ်ဟက်(စ်) အငူ) မှ တောင်ဘက်သို့ နှင့် [[ပစိဖိတ်သမုဒ္ဒရာ|ပစိဖိတ်]] ၏ အရှေ့လောင်ဂျီတွဒ် ၁၄၆° ၅၅' အကွာမှ ဆင်းလာသည်။
 
စာကြောင်း ၁၄ -
[[File:Indian Ocean bathymetry srtm.png|right|thumb|အိန္ဒိယသမုဒ္ဒရာ ရေအောက်ကြမ်းပြင်အနက်ပြ မြေပုံ]]
 
အာဖရိက၊ အိန္ဒိယ နှင့် အန္တာတိတ် တို့၏ ဖြည်းညင်းစွာ မျောနေသော အပေါ်ယံ ကျောက်ထုလွှာများသည် အိန္ဒိယသမုဒ္ဒရာအတွင်းရှိ တက်တိုးနစ်ကျောက်ထုလွှာ သုံးလွှာဆုံတွေ့ နေသော နေရာ၌ စုဆုံကြသည်။ ၎င်းတို့ ၏ ဆုံခြင်းများကို Y(ဝိုင်) ပုံသဏ္ဌာန်ပြောင်းပြန်ဖြစ်ပေါ်သော ရေအောက်တောင်စဉ်များ၏အခွဲများဖြင့် အမှတ် အသားပြုပြီး အိန္ဒိယနိုင်ငံ ၊အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်းမြို့အနီးရှိ တိုက်၏ ကမ်းဦးရေတိမ် အစွန်းမှ အစပြု၍ တောင်ဘက်သို့ စီးဆင်းသည်။ သို့ဖြစ်၍ ဖြစ်ပေါ်လာသော အရှေ့ပိုင်း၊ အနောက်ပိုင်းနှင့် တောင်ဘက်ပိုင်းချိုင့်ဝှမ်းများသည် တောင်ကြောများဖြင့် ပို၍သေးငယ်သော ချိုင့်ဝှမ်းများအဖြစ် ထပ်မံပိုင်းခြား ခြင်းခံရသည်။
 
သမုဒ္ဒရာ၏ ကမ်းဦးရေတိမ်များသည် ကျဉ်းမြောင်းပြီး ပျမ်းမျှ ၂၀၀ ကီလိုမီတာ (၁၂၅ မိုင်) အကျယ်ရှိသည်။ ခြွင်းချက်အနေဖြင့် ဩစတြေးလျ အနောက်ဘက်ကမ်းရိုးတန်းရှိကမ်းဦးရေတိမ်အကျယ်သည် ၁,၀၀၀ ကီလို မီတာ(၆၀၀ မိုင်) ထက်ပိုသည်။ သမုဒ္ဒရာ၏ ပျမ်းမျှအနက်သည် ၃,၈၉၀ မီတာ (၁၂,၇၆၀ ပေ) ရှိသည်။ ၎င်း ၏အနက်ဆုံးနေရာသည် ၇၂၅၈ မီတာရှိပြီး Java Trench[7] (ဂျာဗားမြောင်း) တွင်ရှိသည်။ ၅၀°တောင်လတ္တီ တွဒ် ၏ မြောက်ဘက်၊ အဓိကကျသောချိုင့်ဝှမ်း၏ ၈၆ ရာခိုင်နှုန်းသည် ပင်လယ်သမုဒ္ဒရာ အနည်အနှစ်များဖြင့် ဖုံးလွှမ်းနေပြီး၊ ၎င်း၏ တစ်ဝက်ကျော်သည် globigerina ooze (အမီးဘားကဲ့သို့ အကောင်မျောလေးများ ၏ အခွံများ) ဖြစ်ကြသည်။ ကျန်ရှိသော ၁၄ ရာခိုင်နှုန်းကို ကုန်းတွင်းပိုင်း အနည်အနှစ်များဖြင့် အလွှာအထပ်ပြု ထားသည်။ ရေခဲမြစ်များ အရည်ပျော်ရာမှ အနည်ပို့ချခြင်းများသည် တောင်ဘက်ပိုင်းလတ္တီတွဒ် အစွန်အဖျား များကို စိုးမိုးထားသည်။
စာကြောင်း ၂၉ -
 
== စီးပွားရေး ==
အိန္ဒိယသမုဒ္ဒရာသည် အရှေ့အလယ်ပိုင်း၊ အာဖရိက နှင့် အာရှအရှေ့ပိုင်း ကို ဥရောပ နှင့် အမေရိကနိုင်ငံများ နှင့် အဓိက ဆက်သွယ်ပေးသော ပင်လယ် ရေကြောင်းများကိုပေးသည်။ အထူးသဖြင့် ပါရှန်ပင်လယ်ကွေ့ နှင့် အင်ဒိုနီးရှား တို့မှ ရေနံတွင်းများမှ ဓာတ်ဆီနှင့် ဓာတ်ဆီထုတ်ကုန်များ အသွားအလာအများအပြားကို သယ် ဆောင်သည်။ မြောက်မြားစွာသော အရန်အဖြစ်သိုမှီးထားသည့် ဟိုက်ဒရိုကာဗွန် များကို ဆော်ဒီ အာရေဗျ ၊အာရေဗျ၊ အီရန်၊ အိန္ဒိယ နှင့် ဩစတြေးလျအနောက်ပိုင်း တို့၏ ကမ်းလွန်ဒေသများမှ ထုတ်ယူသည်။ ခန့်မှန်းခြေအားဖြင့် ကမ္ဘာ့ကမ်းလွန် ရေနံထုတ်လုပ်ခြင်း၏ ၄၀ ရာခိုင်နှုန်း သည် အိန္ဒိယသမုဒ္ဒရာမှ ထွက်ရှိခြင်းဖြစ်သည်။ သတ္ထု ဓာတ် များစွာကြွယ်ဝသည့် ကမ်းခြေသဲများနှင့် ကမ်းလွန်ဒေသ အနည်ပို့ချခြင်းများကို နယ်စပ်ရှိနိုင်ငံများမှ စိတ်ဝင်တစားဖြင့် အပြည့်အဝအသုံးချပြီး၊ အထူးသဖြင့် အိန္ဒိယ၊ တောင်အာဖရိက၊ အင်ဒိုနီးရှား၊ သီရိလင်္ကာ နှင့် ထိုင်း နိုင်ငံတို့ဖြစ်သည်။
 
မြောက်ဘက်အစွန်းအဖျားတစ်လျှောက်နှင့် အခြားတစ်နေရာရာရှိ ပြန့်ကျဲနေသော နေရာအနည်းငယ်မှတပါး အိန္ဒိယသမုဒ္ဒရာ၏ နွေးထွေးမှုသည် အမီးဘားကဲ့သို့ အကောင်မျောလေးများ ပေါက်ဖွားမှုကို ကျဆင်းစေသည်။ သို့ဖြစ်၍ သမုဒ္ဒရာအတွင်းရှိ သက်တမ်းသည် အကန့်အသတ်ရှိသည်။ ငါးဖမ်းခြင်းသည် ဝမ်းရေးဖူလုံရုံမျှ လူနေမှု အဆင့်အတန်းအတွက်သာဟု ကန့်သတ်ထားသည်။ ၎င်းသမုဒ္ဒရာအတွင်းရှိ ငါးများသည် ပြည်တွင်းစားသုံးရန် နှင့် ပို့ကုန်အတွက် အိမ်နီးချင်းနိုင်ငံများအဖို့ အလွန်နှင့်ကြီးထွားလာသော အရေးပါမှုဖြစ်သည်။ ရုရှား၊ ဂျပန်၊ တောင်ကိုရီးယား နှင့် ထိုင်ဝမ် မှငါးဖမ်းရေယာဉ်အုပ်စုများ သည် အဓိကအားဖြင့် ပုဇွန် နှင့် တူနာငါးများအတွက် အိန္ဒိယသမုဒ္ဒရာကို အပြည့်အဝအသုံးချကြသည်။ မျိုးတုံးလုနီးပါးဖြစ်သော ပင်လယ်ရေသတ္တဝါမျိုးစိတ်များတွင် dugong (ကြီးမားသော ပင်လယ်ရေနေ နို့တိုက် သတ္တဝါ)၊ ပင်လယ်ဖျံ၊ လိပ်များ နှင့် ဝေလငါး များပါဝင်သည်။ ရေနံနှင့်သင်္ဘော ညစ်ညမ်းမှု သည် အာရေဘီယန် ပင်လယ်၊ ပါရှန် ပင်လယ်ကွေ့နှင့် ပင်လယ်နီ တို့ကို ခြိမ်းခြောက်လျက်ရှိသည်။