ဆွစ်ဇာလန်နိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +update
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၁၈၀ -
ဆွစ်ဇာလန်နိုင်ငံကို ရုံးသုံးဘာသာစကားဖြင့် ဆွစ်ဇ်ကွန်ဖက်ဒရေးရှင်း (ဆွစ်ဇ်နိုင်ငံ အဖွဲ့အစည်း) ဟု ခေါ်ဝေါ်လေ့ ရှိပြီး ကန်တွန် (ဖက်ဒရယ် အဖွဲ့ဝင်ပြည်နယ်) ၂၆ ခု ပါဝင်သော ဖက်ဒရယ် သမ္မတနိုင်ငံ ဖြစ်သည်။ ဘန်းသည် ဖက်ဒရယ်အစိုးရ၏ အချက်အချာ ဒေသဖြစ်သည်။ အနောက်ဥရောပတွင် တည်ရှိပြီး မြောက်ဘက်တွင် [[ဂျာမနီနိုင်ငံ]]၊ တောင်ဘက်တွင် [[အီတလီနိုင်ငံ]] နှင့် အရှေ့ဘက်တွင် [[ဩစတြီးယားနိုင်ငံ]]နှင့် [[လစ်တင်ရှတိုင်းနိုင်ငံ]] တို့က ဝန်းရံထားသည်။
 
ဆွစ်ဇာလန်နိုင်ငံသည် ကုန်းပိတ်နိုင်ငံဖြစ်ပြီး ပထဝီအနေအထားအားဖြင့် [[အယ်လ်ပ် တောင်တန်း]] ၊ အလယ်ပိုင်းမြေပြန့်နှင့် ဂျူရာတောင်ကုန်းများတွင် ဧရိယာ အကျယ်အဝန်း စုစုပေါင်း ၄၁,၂၈၅ ကီလိုမီတာ ( ၁၅,၉၄၀ စတုရန်းမိုင်) မျှ ဖြန့်ကျက်တည်ရှိသည်။ အယ်လ်တောင်တန်းသည် နယ်မြေ၏ အစိတ်အပိုင်း အတော်များများတွင် တည်ရှိသော်လည်း ဆွစ်ဇာလန်နိုင်ငံ၏ လူဦးရေ ၇.၈ သန်းမှာ မြေပြန့်ဒေသတွင်သာ စုစည်းနေထိုင်ကြသည်။ မြို့ကြီးများကိုလည်း ထိုမြေပြန့်ဒေသတွင်သာ တွေ့ရပြီး ကမ္ဘာ့မြို့ကြီးများ စာရင်းဝင်နှင့် စီးပွားရေး အချက်အချာ ဖြစ်သော [[ဇူးရစ်ချ်မြို့]] နှင့် [[ဂျနီဗာမြို့]] တို့ကို ထိုနေရာတွင် တွေ့ရသည်။
 
ဆွစ်ဇာလန်နိုင်ငံတွင် ဘာသာစကားနှင့် ယဉ်ကျေးမှု ကွဲပြားခြားနားသော အဓိက ဒေသကြီး ၃ ခု ပါဝင်ပြီး ဂျာမန်၊ ပြင်သစ်နှင့် အီတလီ ဘာသာစကားတို့ကို အသုံးပြုကြကာ ရိုမန့်ရှ်ဘာသာစကားကို အသုံးပြုသော တောင်ကြားဒေသများလည်း ပါဝင်သည်။ ထို့အတွက်ကြောင့် ဆွစ်ဇာလန်နိုင်ငံသည် တူညီသော ဘာသာစကားနှင့် လူမျိုးတို့ကို စုစည်းထားသော နိုင်ငံမျိုး မဟုတ်ဘဲ တူညီသော သမိုင်းနောက်ခံ၊ အများလက်ခံသော အယူအဆ( ဖက်ဒရယ်စနစ်၊ တိုက်ရိုက်ဒီမိုကရေစီစနစ် နှင့် ဘက်မလိုက်ခြင်း) နှင့် အယ်လ်ပ်တောင်တန်း သွေးချင်းစိတ်ဓာတ်တို့ အပေါ်တွင် အခြေခံ၍ တည်ထောင်ထားသော နိုင်ငံ ဖြစ်သည်။ ဘာသာစကား ၂ မျိုး အသုံးပြုသော ကန်တွန် ၃ ခု ရှိပြီး ဂရောဘန်ဒန်မှာ ရုံးသုံးဘာသာစကား ၃ မျိုး အသုံးပြုသော တစ်ခုတည်းသော ကန်တွန် ဖြစ်သည်။ ဆွစ်ကွန်ဖက်ဒရေးရှင်းကို တည်ထောင်သော နေ့ရက်ကို ဩဂုတ်လ ၁ ရက်၊ ၁၂၉၁ ခုဟု သတ်မှတ်ကြပြီး နှစ်စဉ် ဆွစ်ဇ်အမျိုးသားနေ့ကို ထိုနေ့တွင် ကျင်းပလေ့ ရှိကြသည်။