သိပ္ပံမောင်ဝ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရပါသည် +ရသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား, - ။ +။)
စာကြောင်း ၄၃ -
စာပေဆိုင်ရာ ဆောင်းပါး အများကို ရေးသား ခဲ့ရာတွင် အင်္ဂလိပ် သက္ကရာဇ် ၁၉၃ဝ ပြည့်နှစ် တဝိုက်က သူရိယ သတင်းစာတွင် အမြဲမပြတ် ပါရှိသော ''မြန်မာမှု'' ဆောင်းပါးများကို ရေးသားသူ ''သိပ္ပံ ကျောင်းသား မောင်မြသွင်'' သည် ဦးစိန်တင်ပင် ဖြစ်သည်။ ဦးစိန်တင် မဟုတ် စသည်ဖြင့် အငြင်းပွား ခဲ့ကြ ဖူးလေသည်။ ဤကိစ္စနှင့် ပတ်သက်၍ ပုဂံ ဝန်ထောက်မင်း ဦးတင်က သူ၏ ''ကဗျာ ဗန္ဒသာရကျမ်း''၊ မျက်နှာ ၅၇ တွင် "၁၉၂၈ ခုနှစ် တွင် ဘီအေတန်းမှာ မြန်မာစာဘက်က မြန်မာစာ ဂုဏ်ထူး ရကြသော ကျား၊ မ အများကို အားရ ချီးမွမ်းသော ဩဘာရတု" ၏ အောက်ခြေ မှတ်ချက်၌ "… ကျွန်ုပ်သည် မောင်မြသွင်ကို မမြင်ဖူး၊ မတွေ့ဖူး ဖြစ်စေကာမူ သူရေးသော စာများတွင် မြန်မာစာများ ထွန်းကားစေရန် အားသန်ပုံ၊ မြန်မာစာဘက်တွင် စိတ်ဝင်စားပုံ အထူးနှင့် စိတ်ကူး စိတ်သန်းတရား ရှေ့သွားပုံ၊ စကားအိမ် ဖွဲ့ပုံများတွင် မောင်စိန်တင်လောက် နီးနီး ချီးမွမ်း သင့်ပေသည်။ ယင်းသို့ဖြစ်၍ မောင်မြသွင်သည် မောင်စိန်တင်၏ တပည့်ရင်းသော် လည်းကောင်း၊ အဝေး တပည့်သော် လည်းကောင်း ဖြစ်တန် ရာသည် ဟူ၍ ထင်ယူပေသည်။ ၎င်းပြင် ဆုံးဖြတ်ချက် ချရာတွင် မောင်စိန်တင်နှင့် မောင်မြသွင်သည် ဆင်ခြင်ပုံ တရားချင်း မတူဘဲ ကွဲလွဲကြသည်။ မောင်မြသွင်၏ ဆုံးဖြတ်ချက် အချို့က ခလိတ ဖြစ်ရုံမက ‘မ’ တစ်လုံးကျေ ဆရာကြီး တဦး၏ တပည့်ထူး ဖြစ်ဖူးသော အချက်လည်း တကွက်တကွက် တခါတခါ ပေါ်လာ လေသတည်း။"
 
ဆိုလိုရင်းကား၊ “မောင်မြသွင်သည် [[သက္ကတ]]၊ [[မာဂဓ]]များကို ကြိုးစားရန် အချိန်ပို၊ ငွေပို လိုသေးခြင်းပင် တည်း၊” စသည်ဖြင့် ‘မောင်မြသွင်’ နှင့် ပတ်သက်၍ ထင်မြင် ဝေဖန်ချက် ရေးသား ထားပေသည်။ သို့ရာတွင် ထိုရတု၏ အစ အဖွင့်၌ မူကား ဦးစိန်တင်အား- “ခုခေတ်၊ ခုခါ၊ ခုသမယာဝယ်၊ မြန်မာစာဘက်၊ သိမ်မွေ့ချင်ကို၊ နှစ်သက်၊ ကြည်နူး၊ စိတ်ရည်စူး၍၊ ဂုဏ်ထူးယူကာ၊ ဘီအေမှာလျှင်၊ မြန်မာဘက်တွင်၊ မောင်စိန်တင်သည်၊ ပွဲဝင်မဆွ၊ ပန်းဦးရ၏။ ။ယင်းမှပန်းဦးရ၏။။ယင်းမှ တဖန်၊ ကြီးပွားရန်လျှင်၊ [[လန်ဒန်]] ရောက်တက်၊ အိုင်စီအက်စ်မှာ၊ သင်ဆဲသာတည့်။” ဟူ၍ မြန်မာ ပညာရှိ ပုဂံ ဝန်ထောက်မင်း ဦးတင် ကိုယ်တိုင် ချီးကျူး ထားရသည်။ စာနယ်ဇင်းများတွင် မြန်မာစာပေအကြောင်း ဆောင်းပါးများ ရေးသားသည်မှာ ပုဒ်ရေ (၇၀)ကျော်ရှိသည်။ တင့်⁠တင့်အမည်ဖြင့် ပြဇာတ်များလည်းရေးသားခဲ့သည်။ သိပ္ပံမောင်ဝအမည်ဖြင့် ဝတ္ထုဆောင်းပါးများ၊ အဝေးရောက်မင်းဦးအောင်ကြီး၊ ထွဋ်ခေါင်ဆရာတော်၊ လယ်တီ ပဏ္ဍိတဦးမောင်ကြီး၊ ဒေါက်တာဘမော် စသော အတ္ထုပ္ပတ္တိဆောင်းပါးများ ရေးသားခဲ့သည်။ ခြင်းလုံး၊ ပန်းချီ၊ ရုပ်ရှင်၊ ဂီတ၊ ပြဇာတ် အကြောင်း ဆောင်းပါးများအပြင် စာအုပ်ဝေဖန်ရေး စာပေဝေဖန်ရေး ဆောင်းပါးများလည်းရေးခဲ့သည်။
 
== ဘဝနိဂုံး ==
[[File:Mgwa2.jpg|thumb|ကန့်ဘလူမြို့မှ ၁၅ မိုင်ခန့် ကွာဝေးသော ဂါးဒါးကျေးရွာ အနီးရှိ သိပ္ပံမောင်ဝ အုတ်ဂူကမ္မည်းကျောက်စာ]]
မြန်မာပြည်သို့ ပြန်လည် ရောက်ရှိသည့် နေ့မှ စ၍လည်း နယ်ဘက် အုပ်ချုပ်ရေးတွင် နယ်ပိုင်၊ အရေးပိုင် စသည်ဖြင့် အဆင့်ဆင့် အမြို့မြို့သို့ သွားရောက် လုပ်ကိုင် နေပြီးနောက် ရွှေဘိုတွင် ဂျပန်ဗုံးဒါဏ် အလူးအလဲခံရသည်။ နောက်ဆုံး မြစ်ကြီးနားသို့အသွား (တစ်ဆင့် အိန္ဒိယသို့ သွားရန်ကြံရွယ်)တွင် သူတို့စီးသော မီးရထားကို သက်ဆိုင်ရာတို့က ကန့်ဘလူဘူတာ၌တွဲဖြုတ် ထားခဲ့၍ ကန့်ဘလူတွင် သောင်တင်နေခဲ့သည်။ အရာရှိမိသားစုများဖြစ်၍ ရွှေငွေအမြောက်အများပါမည်ဟုရွှေငွေအမြောက်အမြားပါမည်ဟု တွက်ဆကာ ဓားပြ-၁ဝ⁠ဝခန့်က ဝိုင်းဝန်းဓားပြတိုက် ကြသည်။
 
[[ဒုတိယ ကမ္ဘာစစ်]] စစ်အတွင်းကာလ မသမာလူဆိုးတို့၏ လက်ချက်ဖြင့် အသက်သေဆုံးရသော အခါ၌မူ စစ်ပြေးအနေနှင့် [[ကန့်ဘလူမြို့]]နှင့် ၁ဝ မိုင်ခန့်အကွာ ဂါးဒါး ဆည်ကြီးရွာတွင် ကန့်ဘလူနယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်း တို့နှင့် ဂါးဒါး ဆည်ကြီးရွာ ဗိုလ်တဲ၌ ခိုနေကြခိုက် ဖြစ်သည်။ အနိစ္စ ရောက်ရရှာသော အင်္ဂလိပ် သက္ကရာဇ် ၁၉၄၂ ခုနှစ်၊ ဇွန်လ ၆ ရက်နေ့ နံနက် ၅ နာရီခန့် ဝေလီဝေလင်း အချိန်တွင် ဓားပြ လူဆိုး ၁ဝဝ ခန့်တို့သည် ဦးစိန်တင်တို့ တည်းခို နေထိုင်ရာ ဗိုလ်တဲကို အဘက်ဘက်မှ ဝိုင်း၍ သေနတ်နှင့် တရစပ် ပစ်ခတ် ကြပေသည်။ အင်အားချင်း မမျှ၍ လက်နက်ချ အညံ့ခံ ကြပါငြားလည်း မသိ ဆိုးရွားလှသော လူတသိုက်ကား အပစ်အခတ် မရပ်။ ဆက်လက် ပစ်ခတ်နေသည့် အထဲမှ နယ်ပိုင် ဝန်ထောက်ဟောင်း ဦးဘသန်းလည်း ပွဲချင်းပြီး သေရ ရှာလေသည်။ ဦးဘသန်း၏ ဇနီးသည်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။ အရေးပိုင်မင်း ဦးစိန်တင်လည်း ပွဲချင်းပြီး သေရ ရှာလေသည်။