တရားသူကြီးမှတ်စာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ထားပါသည် +ထားသည်, -အဓိပ္ပါယ် +အဓိပ္ပာယ်, -နိုင်ပါသည် +နိုင်သည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ။ +။)
စာကြောင်း ၄ -
 
'''၁။''' '''စံတော်မီဝိသေသလက္ခဏာ'''
လူ့သမိုင်းစဉ်ကာလတလျှောက်တွင် ဘုရားသခင်က အားနည်းချက်ရှိသော လူသားအား တစ်မျိုးတဖုံ ထူးခြားစွာ အသုံးပြုပါသည်။ တရားသူကြီးမှတ်စာကို အချက်(၃)ခုဖြင့်ချိန်ထိုးပါသည်။ “ဘုရားသခင်သည် ပညာရှိတို့ကို ရှက်ကြောက်စေခြင်းငှါ၊ လောကီအမိုက်အရာ၌ မိုက်မဲသောသူတို့ကို ရွေးကောက်တော်မူ၏ အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စြေခင်းငှါ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏။ မြတ်သောသူတို့ကို ရှက်ကြောက်စေခြင်းငှါ လောကီအရာ၌ ဆင်းရဲသောသူ၊ မရေရာသောသူ၊ ယုတ်သောသူတို့ကို ရွေးကောက်တော်မူ၏” (၁ကော ၁:၂၇-၂၉)။ ဥပမာအားဖြင့် ဘယ်ကျော်ဧဟုဒကို သုံး၍ ဣသရေလအမျိုးကို ကယ်တင်ခဲ့သည်။ သာမန်အားဖြင့် ဘယ်လက်မှာ ညာလက်ထက် အသုံးနည်း၍ အင်အားချို့တဲ့သည်။ ရှံဂါသည်ဟု တုတ်ချွန်ဖြင့် ဖိလိတ္တိသားများကို အနိုင်ယူ တိုက်ခိုက်ပြန်သည်(၃:၃၁)။  အားနွဲ့သူမိန်းမသား ဒေဗောရသည် (၄:၁-၅:၃၁) ဗာရက်၏ စစ်သားတစ်သောင်း အင်အားထက် အစွမ်းတန်ခိုးရှိသည်။ သံရထား ၉၀၀ ပိုင်စိုးသော သိသရစစ်သူကြီးကိုလည်း အတိတ်နိမိတ် ဖတ်၍ အနိုင်ယူသည် (၄:၁၀-၁၃)။ မိန်းမသားယေလက တံသင်တစ်ချောင်းတည်းဖြင့် စစ်သူကြီး သိသရအား သတ်ဖြတ်နိုင်သည် (၄:၂၁) သူ့တံသင်ကိုလည်း ဘယ်လက်ဖြင့် ထိုးစိုက်သည် (၅:၂၆ Septuagint) စစ်သူကြီး ဂိဒေါင်သည် ဘုရားသခင်၏ အမိန့်အတိုင်း စစ်သည်တော် ၃၂,၀၀၀ ကိုလျှော့ချ၍ လက်ရွေးစင်စစ်သား ၃၀၀ ဖြင့် သွားရောက် တိုက်ခိုက်သိမ်းပိုက်ခဲ့သည်။ (၇:၁-၈) မုယောမုန့်တစ်ချပ် အိပ်မက်ဖြင့် မိဒျန်တပ်တစ်ခုလုံး ပျက်စီးသွားသည် (၇:၁-၃) ။ ဂိဒေါင်၏ စစ်သည်တော်များ ကိုင်ဆောင်သော စစ်လက်နက်ပစ္စည်းများမှာ တံပိုး၊ မီးခွက်နှ၍့် မြေအိုးအစရှိသော ချက်ချင်း လူမသေစေနိုင်သောအရာ ဝတ္ထုများသာဖြစ်သည် (၇:၁၆)။ မိန်းမတစ်ယောက်၏ ကျောက်ဆုံဖြင့် ပစ်ပေါက်လိုက်မှုကြောင့် စစ်သူကြီး အဘိမလက် ခေါင်းကွဲသေပွဲဝင်ရသည် (၉:၃၅)။ ၁၀:၁ တွင်ပါရှိသည့် တောလဆိုသည်မှာ တုပ်သန်ကောင်ဟု အနက်ရသည်။ ရှုံဆုန်၏ မိခင်ကို စတွေ့သောအခါ မြုံမဖြစ်သည် (၁၃:၂)။ ရှံဆုံသည် မြည်းမေးရိုးဖြင့် ဖိလိတ္တိလူတစ်ထောင်ကို နှိမ်နင်းခဲ့သည် (၁၅:၁၅)။
 
'''၂။''' '''ကျမ်းရေးသူ'''