သီဟသူရ (အင်းဝ): တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
 
စာကြောင်း ၄၀ -
မင်းချင်းရောက်၍ အမိန့်တော်အတိုင်း ပြန်ကြားသော် တောင်ငူစားက " ငါ့အရှင် အမိန့်တော်အတိုင်း တည်အောင် ငါ့ဦးသျှောင်ကို ကိုင်၍ချုပ် " ဟု ဆို၏။ မင်းချင်းလည်း အမိန့်တော်အတိုင်း ပြု၏။ ပြီးမှ မြင်းလျင်စီး၍ အခြွေအရံ သုံးရာနှင့် ရောက်လာ၏။
 
ထိုအခါ ဘုရင်သီဟသူရသည် အိမ်ရှေ့မင်းနှင့် မှူးတော် မတ်တော်တို့ရှေ့ စုံညီတွင် " မောင်မင်းတို့သည် ငါ့ကျွန်ကို မယုံမကြည် လျှောက်ကြသည် ၊လျှောက်ကြသည်၊ ယခု စည်သူကျော်ထင် ရောက်လာပြီ ၊ရောက်လာပြီ၊ ဘယ်သို့ လျှောက်ကြဦးမည်နည်း " ဟု မေးတော်မူ၏။ အိမ်ရှေ့မင်း စသူတို့လည်း မည်သို့မျှ မလျှောက်ဝံ့ကြ။ ဦးချ၍သာ နေကြကုန်၏။ ထိုအခါမှ ထပ်မံ၍ ကြီးကျယ်စွာ ချီးမြှောက်တော် မူပြန်လေသတည်း။<ref>မြန်မာ့ဂုဏ်ရည်ရာဇဝင်ဖတ်စာ (ဦးဖိုးကျား)</ref>
 
မြေးတော်သတိုးကျော်လုပ်ကြံ၍ ဘိုးတော်နရပတိမင်း နတ်ရွာစံရသဖြင့် သတိုးကျော်နှင့်ခမည်းတော် သီဟ သူတို့ အပေါ်မယ်တော် အတုလသီရိမဟာရာဇာဒေဝီနှင့်တကွ ညီတော် ပြည်မင်း၊ သာယာဝတီမင်း ဦးရီးတော်များက စိတ်တော်ခု၍ မချေမငံရိုင်းပြကြသည်ကိုသိသဖြင့် သီဟသူမင်းကြီးသည် ၈၃၄ ခုနှစ်တွင် ရေအားကြည်းအားအများ စီရင်တော်မူ၍ မိဖုရားနှင့်တကွ ပြည်သို့ချီတော်မူကာ သာယာချေငံသော စကားဖြင့် သိမ်းမြန်းပိုက်ထုပ်တော်မူသည်။ ဖိုးဦးတောင်၌ သစ္စာတော်ပေး၍ စားမြဲ ကျေးရွာစည်းစိမ်ကို မရှုတ်မချ စားစေသည်။ ယင်းသို့ပြည်မြို့သို့စုန်၍ ဆွေတော် မျိုးတော် များကို သိမ်းမြန်းပိုက်ထုပ်ရသောကြောင့် ပြည်စုန်သီဟသူဟု တွင်သည်။ သက္ကရာဇ် ၈၃၆ ခုနှစ်တွင် ညောင်ရွှေ၊ နောင်မွန်၊ ရပ်စောက်စားတို့ မကျိုးမနွံပြုသဖြင့် အုန်းပေါင်စော်ဘွား စစ်ကူတောင်းသဖြင့် ဆင်မြင်းအလုံးအရင်းနှင့်ပို့ရာ မြို့လုံးပျက်၍ စော်ဘွားနှင့်တကွ သားမယားများကိုသုံ့ပန်းအဖြစ် ဖမ်းခဲ့နိုင်သည်။ မြို့စားသုံးဦးကိုသစ္စာပေး၍ အုန်းပေါင်စော်ဘွားနှင့် တစ်ချက်တစ်ပေါင်းတည်း ဖြစ်စေသည်။ သက္ကရာဇ် ၈၃၇ ခုနှစ်တွင် မွန်ကျေးကောလိယတွင်သော သစ်တိန်ညင်သို့ တောင်ငူ စည်သူကျော်ထင်အား ဗိုလ်မှူးခန့်၍ အလုံးအရင်းနှင့်လုပ်ကြံစေရာ မွန်တို့ပျက်၍ ကောလိယမြို့ကို သိမ်းပိုက်မိသည်။
စာကြောင်း ၄၈ -
တရုတ်တို့လည်း နယ်ခြားသံတိုင် စိုက်ကြောင်းကြား သဖြင့် လာရောက်နှုတ်ပစ်သည့်ပြင် မြန်မာတို့စိုက်သည် ထင်မှား၍ ပဏ္ဏာတောင်းလေရာ သီဟသူကငြင်းသော် တရုတ်တို့က သူရဲကောင်းမြင်းတစ်စီး စီးချင်းတိုက်ရန် ဆိုလှာသည်။ သီဟသူလည်း သမိန်ဗရမ်းကို စီးချင်းတိုက်ရန် ရွေးချယ်စေလွှတ်သည်။ စီးချင်းတိုက်ရာတွင် တရုတ် သူရဲကောင်း ဆလုံကျော်ခေါင်ကို သမိန်ဗရမ်းသည် လှံနှင့်ထိုး၍ အကျ၌ ခေါင်းဖြတ်ယူခဲ့နိုင်သည်။ ဘုရင်သီဟသူလည်း အားရတော်မူသဖြင့် သမိန်ဗရမ်းအား သူအလိုရှိသည်အတိုင်း ဟံသာဝတီနေပြည်တော်သို့ အဆောင်အယောင်အခမ်းအနားနှင့် ပြန်ပို့တော်မူသည်။ မွန်မင်းဓမ္မစေတီလည်း အားရတော်မူ၍ ဘုရင်သီဟသူအား အထူးထူးသောထည်မျိုးအုပ် မျိုးများစွာ ပေးသည်။
 
သက္ကရာဇ် ၈၄၂ ခုနှစ်တွင်အိမ်နိမ့် ၄၂ နှစ်၊ စည်းစိမ် ၁၂ နှစ်၊ သက်တော် ၅၄ နှစ်တွင် သီဟသူ ဘုရင် နတ်ရွာစံသည်။ နတ်ရွာမစံမီ သားတော်များတစ်ဆင့် ကိုတစ်ဆင့် ကြီးစဉ်ငယ်လိုက်ရိုသေရန်၊ စည်းစည်းလုံးလုံး နေထိုင်ရန် ဆုံးမတော်မူခဲ့သည်။ သီဟသူဘုရင်၏ ကောင်းမှုတော်တို့ကား သင်ပန်းအရပ်၌ ပဉ္စမာလိန္ဒရတနာ မြစည်းခုံ နှင့်ရွှေကျောင်းဆောင်၊ ရွှေသိမ်တော်၊ ပုဂံတွင် ဇေတဝန်ကျောင်းတော်၊ ရွှေစည်းခုံအောက်ရန် အောင်မြင် ရွှေကျောင်းတော်၊ ရတနာစေတီတွင်းဝယ် ရွှေကျောင်းတော်၊ ထူပါရုံတွင်းဝယ်ရွှေကျောင်းတော် ၊ဖွားတော်မူသောစစ်ကိုင်းမြို့ထူပါရုံတွင်းဝယ်ရွှေကျောင်းတော်၊ဖွားတော်မူသောစစ်ကိုင်းမြို့ တွင်းဝယ်ရွှေကျောင်းတော်၊ ချောင်းပေါက်အရပ်၌ ရတနာ မဉ္ဇူဘုရားနှင့် ရွှေကျောင်းတော်တို့ဖြစ်သည်။
 
== မှတ်စု ==