ရဝမ်လူမျိုး: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်)
စာကြောင်း ၃ -
'''ရဝမ်လူမျိုး''' များသည် [[ပူတာအိုချိုင့်ဝှမ်းလွင်ပြင်ဒေသ]] [[နောင်မွန် (ကဆန်ချောင်း) ချိုင့်ဝှမ်း]] [[ခေါင်လန်ဖူးဒေသ]][[မေခချိုင့်ဝှမ်း]] နှင့် [[ခရန်ခူး]]စသည့် [[ခါကာဘိုရာဇီ]] တောင်ခြေဒေသများတွင် နေထိုင်ကြသည်။ ရဝမ်လူမျိုးကို နုံလူမျိုးဟုလည်း ခေါ်ကြသည်။ တိဗက်မြန်မာအနွယ်ဝင် ဖြစ်၍၊ လိုလိုမူဆို အုပ်စုတွင် ပါဝင်၏။ မြန်မာနိုင်ငံ အထက်ပိုင်း၊ ပူတာအိုနယ်တစ်ဝိုက်၊ တိဆန်၊ တမိုင်၊ တရုန်၊ အင်မိုင်ခ မြစ်ဝှမ်းတစ်လျှောက်နှင့် အကျန် မြစ်ဝှမ်းအောက်ပိုင်း တို့တွင် နေထိုင်ကြသည်။
 
ရဝမ်လူမျိုးတို့ကို ကချင်နှင့် ရှမ်းတို့က [[နုံလူမျိုး]]၊ သို့မဟုတ် ခနုံဟူ၍ ခေါ်လေသည်။ ရဝမ်ဟူသည်မှာ ဖြူစင်သော အဝတ်ကို ဝတ်သည့် လူမျိုးဟူ၍ အဓိပ္ပါယ်အဓိပ္ပာယ် ရသည်။ [[မရူလူမျိုး]]တို့က ယင်းတို့ကို နိုင်ဗောင်းဟု
ခေါ်၏။ တရုတ်တို့ကမူ ကျူးဇီဟု ခေါ်လေသည်။ ကျူးဇီမှာ ဧရာဝတီမြစ်ကမ်း၌ နေသူများဟု အနက်ရ၏။ ရဝမ်လူမျိုးတို့သည် ကိုယ်ကာယ ကြီးထွားတုတ်ခိုင်၍၊ အသားလတ်၏။ မေးရိုးကြီး၏။ နှာတံပေါ်၏။ ယောက်ျားရော မိန်းမပါ အဝတ်ဖြူ ဝတ်ကြသည်။ နုံလူမျိုးအကြီးအကဲများသည် ကြိမ်ဖြင့် ရက်၍၊ ဝက်စွယ်ဖြင့် တန်ဆာဆင်ထားသော ဦးထုပ်များကို ဆောင်းလေ့ရှိ၏။ လှံရှည်ကြီးများနှင့် ဓားလွယ်များကို ကိုင်ဆောင်ကြသည်။