အီကွေဒေါနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကြေငြာ +ကြေညာ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား, - ၊ +၊)
စာကြောင်း ၃၅ -
| ထူထောင်ရေး_ခုနှစ်(၃) = မေ ၁၃၊ ၁၈၃၀
| ထူထောင်ရေး_အမည်(၄) = စပိန်မှ အသိအမှတ်ပြု
| ထူထောင်ရေး_ခုနှစ်(၄) = ဖေဖော်ဝါရီ ၁၆ ၊၁၆၊ ၁၈၃၀
| GDP_PPP = ၁၁၉.၉၆၃ ဘီလီယံ <ref name=imf2>{{cite web|url=http://www.imf.org/external/pubs/ft/weo/2011/01/weodata/weorept.aspx?sy=2008&ey=2011&scsm=1&ssd=1&sort=country&ds=.&br=1&pr1.x=32&pr1.y=4&c=248&s=NGDPD%2CNGDPDPC%2CPPPGDP%2CPPPPC%2CLP&grp=0&a=|title=Ecuador|publisher=International Monetary Fund|accessdate=2011-04-21}}</ref>
| GDP_PPP_အဆင့် =
စာကြောင်း ၅၆ -
အီကွေဒေါနိုင်ငံကို ပထဝီဝင်သဘောအရ သုံးပိုင်းခွဲခြားနိုင်ရာ၊ (၁) ကမ်းမြောင်မြေနိမ့်ပိုင်း၊ (၂) အန်းဒီးကုန်းမြင့်များနှင့် (၃) အရှေ့ဘက်မြေနိမ့်ပိုင်းတို့ဖြစ်သည်။ ကမ်းမြောင်မြေနိမ့်ပိုင်းတွင် စိမ့်မြေအမြောက်အမြားနှင့် တောင်ကုန်းနိမ့်များရှိသည်။ ထိုမြေနိမ့်ပိုင်းတွင် ပစိဖိတ်သမုဒ္ဒရာ အတွင်းသို့စီးဝင်သည့် မြစ်သုံးသွယ်ရှိရာ ဂွာယားမြစ်သည် အရေးအပါဆုံးမြစ် ဖြစ်လေသည်။
 
အင်ဒီးကုန်းပြင်မြင့်သည် အီကွေဒေါနိုင်ငံ၏အလယ်ပိုင်းတွင်တည်ရှိ၏။ အန်ဒီးတောင်တန်း နှစ်သွယ်ရှိရာ အရှေ့နှင့်အနောက်ဘက်တို့တွင် တောင်နှင့်မြောက်ယှဉ်ပြိုင်သွယ်တန်း တည်ရှိ၍ ထိုတောင်တန်းနှစ်သွယ်ကို ဆက်သွယ်ပေးထားသည့် တောင်ရိုးများတွင် မြေဩဇာကောင်းသော ချိုင့်ဝှမ်းများရှိသည်။ အရှေ့ဘက်မြေနိမ့်ပိုင်းသည် အန်ဒီးတောင်တန်း၏ တောင်ခြေများဖြစ်သည်။ ထိုမြေနိမ့်ပိုင်းတွင် မြစ်ချောင်း အမြောက်အများရှိ၍အမြောက်အမြားရှိ၍ ယင်းတို့သည် [[အမေဇုံမြစ်]]ကြီးအတွင်းသို့ စီးဝင်ကြသည်။
 
အီကွေဒေါနိုင်ငံ၏ မြေဆီလွှာသည် ယေဘုယျအားဖြင့် စိုက်ပျိုးလုပ်ကိုင်ရန် သင့်လျော်သည်။ နိုင်ငံ၏အဓိကလုပ်ငန်းမှာ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည်။ သို့သော် နိုင်ငံတစ်ဝန်းလုံး၏ ငါးဆယ်ရာခိုင်နှုန်း လျော့လျော့တွင်သာ စိုက်ပျိုးလုပ်ကိုင်လေသည်။ မြေဩဇာကောင်းမွန်သော ကမ်းမြောင်မြေနိမ့်ပိုင်းတွင် ပြည်ပသို့ တင်ပို့ရောင်းချရန်အတွက် ကကေးအိုး၊ ကော်ဖီ၊ ကြံ၊ ဝါဂွမ်း၊ ငှက်ပျောနှင့်စပါး စသည်တို့ စိုက်ပျိုးသည်။ ပြည်တွင်းသုံးအတွက် ကောက်သီးကောက်နှံများကိုလည်း ထိုကမ်းမြောင်မြေနိမ့်ပိုင်းတွင်လည်းကောင်း၊ အန်းဒီးကုန်းပြင်မြင့်တွင်လည်းကောင်း၊ စိုက်ပျိုးလုပ်ကိုင်ရာ ယင်းတို့အထဲတွင် ဂျုံ၊ မြင်းစားဂျုံ၊ ပြောင်း၊ မုယော၊ အာလူးနှင့် အခြားဟင်းသီးဟင်းရွက်ပင်များ ပါဝင်လေသည်။ အရှေ့ဘက်မြေနိမ့်ပိုင်းရှိ သစ်တောများမှထွက်သော ပစ္စည်းများတွင် ဖော့အမြောက်အမြား၊ ကြက်ပါင်စေး၊ စင်ကိုးနား သစ်ခေါက်စသည်တို့ ပါဝင်လေသည်။ သို့သော်လည်း စနစ်တကျထုတ်လုပ်ခြင်း မပြုနိုင်သေးချေ။