ကနောင်မင်းသား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၂၄၂ -
 
== ကြိုးပမ်းမှုများ ==
ကနောင်မင်းသားသည် [[သာယာဝတီမင်း]]၏ သားတော် ၊သားတော်၊ [[မင်းတုန်းမင်း]]၏ ညီတော် ဖြစ်သည်။ [[ဒုတိယအင်္ဂလိပ်မြန်မာစစ်]] ပြီးဆုံးကာနီးတွင် မင်းတုန်းမင်းသားနှင့် ပူးပေါင်း၍ နောင်တော် [[ပုဂံမင်း]]ကို ပုန်ကန် ခြားနားခဲ့ပြီး ၁၈၅၃ ၊၁၈၅၃၊ ဇူလိုင် (၁၁) တွင် မင်းတုန်းမင်း နန်းတက်ကာ ကနောင်မင်းသားက အိမ်ရှေ့မင်း ဖြစ်လာခဲ့သည်။ မင်းတုန်းမင်းကြီးသည် ဘာသာရေး ကိုင်းရှိုင်းသူ ဖြစ်ပြီး ကနောင်မင်းသားမှာမူ စီမံခန့်ခွဲရေးတွင် နိုင်နင်းသူ ဖြစ်သည်။ ကနောင်မင်းသားသည် အနောက်နိုင်ငံများသို့ ပညာတော်သင်များ စေလွှတ်၍ ဗမာ့တပ်မတော်ကို ခေတ်မှီစေရန် ခေတ်မှီ လက်နက်များ တပ်ဆင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ စစ်လက်နက်များ ထုတ်လုပ်သည့် စက်ရုံများလည်း တည်ဆောက်ခဲ့သည်။ ကနောင်မင်းသားသည် [[ဧရာဝတီ]] မြစ်ရိုးအတိုင်း ဆန်တက်လာမည့် ဗြိတိသျှတို့၏ စစ်သင်္ဘောများကို တားဆီးနိုင်ရန် ရေမြှုပ်ဗုံးကို တီထွင်စမ်းသပ် အောင်မြင်ခဲ့သည်။ သို့သော် ဘာသာတရား ကိုင်းရှိုင်းသည့် နိုင်ငံတော် ဖြစ်သည့် အားလျှော်စွာ ဘုန်းတော်ကြီးများက ရေသတ္တဝါများ သေကြေပျက်စီးကြောင်း ပြောကြား ကန့်ကွက်သဖြင့် ရေမြှုပ်ဗုံး ထုတ်လုပ်မှု စီမံကိန်းကို ရပ်တန့်ခဲ့ရသည်။ ထိုနည်းတူပင် အခြားသော စက်မှုထူထောင်ရေး ကြိုးပမ်းမှုများမှာလည်း ၎င်းကွယ်လွန်ပြီးချိန်မှ တစ်စစနှင့် ရပ်ဆိုင်းသွားခဲ့ရသည်။ အချို့စက်ရုံများကိုမူ အင်္ဂလိပ်တို့ မန္တလေးကို သိမ်းယူအပြီးနောက်ပိုင်းတွင် ပြန်လည်ပြီး လည်ပတ်ခဲ့ကြသေးသည်။
 
ကနောင်မင်းသားကို တိုင်းသူပြည်သားများက ချစ်ကြည်လေးစားကြပြီး မြင်ကွန်း မြင်းခုန်တိုင် အရေးအခင်းတွင် မင်းသားကြီးသာ လုပ်ကြံ မခံခဲ့ရပါက မြန်မာပြည် သည်နယ်ချဲ့လက်အောက်သို့ ဤမျှလောက်လွယ်ကူစွာ၊ စောစီးစွာ မရောက်နိုင်ဟု ယုံကြည်ကြသည်။<ref> [[နေထွတ်]]၏ ‘မန္တလေးအဘိဓာန်’ စာအုပ်</ref>