မြသလွန်ဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး YAN PAING PHYO 0344 (ဆွေးနွေး) ၏ ပြင်ဆင်မှုများကို Bhone.bm ၏ နောက်ဆုံးတည်းဖြတ်မူသို့ နောက်ပြန် ပြန်ပြင်ခဲ့သည်
စာတွဲ: နောက်ပြန် ပြန်ပြင်ခြင်း
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၃၈ -
(ဤနေရာတွင် ရွှေလင်မျှော် စေတီတော် တစ်ဆူရှိသည်။) ထို့နောက် မိမိရွာသို့ပြန်လေ၏။ လူဝင်စားများ ဖြစ်လာကြသော ဘောသော၊ ဘောကျော် ဘီလူးညီနောင်တို့သည် အရွယ်ရောက်လာကြသောအခါ ကုန်သည်ဘဝဖြင့် တစ်နေ့တွင် ရသေ့ကြီး သုံးဦးထံ ရောက်လာကြပြီးနောက် မြသလွန် ဌပနာရာ ဖြစ်သော နဂုတ္တမ တောင်ထိပ်သို့ အသွားတွင် တောင်ဖက်ကုန်းမြင့်သို့ ရောက်လာကြ၏။ ထိုကုန်းထက်၌ ပုဏ္ဏဝတီ အဓိဋ္ဌာန်ပြုခဲ့သည့် ပန်းကုံးရစ်ပတ်ထားသော စာခွေကို တွေ့ရာဖတ်ရှုကြည့်သဖြင့် အကြောင်းစုံ သိရှိကြလေသည်။ ထိုနောက် သလွန်တော်ကို ဖူးပြီးလျှင် ပုဏ္ဏဝတီရှိရာ ရွာသို့သွားကြ၏။ သူဌေးကြီးလည်း အနှစ်နှစ်က တောင့်တစောင့်မျှော်နေရသော ဘောသော၊ ဘောကျော် လူဝင်စားညီနောင်တို့အား တွေ့ရသောကြောင့် များစွာဝမ်းမြောက်၏။ ထို့နောက် သူဌေးကြီးနှင့်တကွ ဘောကျော်တို့ညီနောင်နှင့်အတူ ပုဏ္ဏဝတီ သူဌေးသမီးတို့သည် ဆရာရသေ့သုံးဦးထံ သွားရောက် ဖူးမျှော်ကြရာ ရသေ့တို့က သိကြားမင်း မှာစကားကို ပြောကြားလေတော့၏။ သူဌေးကြီးသည် ညီတော်ဘောသောအား ရွှေသားနွားဝန်တစ်တင်း၊ ငွေသား နွားဝန်တစ်တင်း တင်ဆောင်စေ၍ ပြန်လွှတ်လိုက်၏။ နောင်တော် ဘောကျော်အား သမီးတော်နှင့် ထိမ်းမြားလိုက်လေသည်။
==အရွယ်အစား==
မဟာ သက္ကရာဇ် ၁၅ဝ ပြည့်နှစ်တွင် ရသေ့ကြီး သုံးဦးနှင့်တကွ သိကြားမင်း၊ သူဌေးကြီး သမီး သုဏ္ဏဝတီနှင့် သားမက်ဘောကျော်တို့သည် ရွှေသားသလွန်တော်နှင့် မြသားသလွန်တော်တို့ကို ဌာပနာကာ စေတီတည်ကြလေသည်။ ထိုပထမဆုံးအကြိမ်တည်သော စေတီတော်မှာ အမြင့် သံတောင် ၃၅ တောင်ရှိသည်ဟူ၏။ ဤကား မြသလွန်စေတီကို ပထမဆုံအကြိမ် တည်ခြင်းဖြစ်သည်။ ထို့နောက် [[ပုဂံခေတ်]]၊ သက္ကရာဇတ် ၄၂၁ ခုနှစ်တွင် နန်းတက်သော [[စောလူးမင်း]]သည် သံတောင် ၅၅ တောင်မြင့်သော မြသလွန် စေတီတော်ကို ဒုတိယအကြိမ် ထပ်မံပြုပြင် တည်ပြန်သည်။ သက္ကရာဇ် ၁၂ဝ၉ ခုနှစ်တွင် မြေငလျင် ကြီးကျယ်စွာ လှုပ်သောကြောင့် မြသလွန်စေတီတော်ကြီး ကွဲအက်ပျက်စီး၍ ပြိုခဲ့ရလေသည်။ ထိုနှစ် တပေါင်းလဆန်း ၁၅ ရက်နေ့တွင် မကွေးမြို့ သူကြီးမင်းမင်းထင် မင်းလှကျော်ခေါင်သည် သံတောင် ၆၆ တောင် ၂ မိုက်မြင့်သော စေတီတော်ကြီးကို အသစ်တဖန် ထပ်မံတည်ပြန်သည်။ ထိုမှ တစ်ပါး ပထမခွေတွင် အချင်း ၅ တောင်တစ်မိုက် ၊တောင်တစ်မိုက်၊ အစောက် ၁၇ တောင်မြင့်သော ထီးတော်ကြီးကိုလည်း လှူဒါန်းခဲ့လေသည်။ ထိုသို့ တည်စဉ် ဘုရားတည်ဆောက်သော ဗိသုကာ ပန်းရံဆရာကြီးများက ဘုရားသပိတ်မှောက်တွင် လက်ယှက်ဘီလူးရုပ် ၂၁ ရုပ်တိတိ ထုလုပ်ရာ၌ တနင်္ဂနွေထောင့်နှင့် သောကြာထောင့်ကြားရှိ ဘီလူးရုပ်ကို အခြားဘီလူးများကဲ့သို့ ထုလုပ်သော်လည်း အစွယ်မပါ ပြုံးနေ​သော ဘီလူးပုံသာ ဖြစ်ပေါ်လာသည်။ ၃ ရက် ၃ ကြိမ်တိတိ ပြင်ဆင် ထုလုပ်သော်လည်း အခြားဘီလူးရုပ်ကဲ့သို့ မထွက်လာသည့်အတွက် ဤအတိုင်း ထားခဲ့ရသည်။ <ref>{{cite book|author= ပိုင်(မကွေး)| title=မြသလွန်ဘုရားမှာ ပြုံးနေတဲ့ ဘီလူးကြီးအကြောင်း| publisher= နက္ခတ္တရောင်ခြည်| page = ၁၃၈ | date = ဇူလိုင်၊ ၂၀၀၀}}</ref>
 
== သီရိဃဏ္ဍခေါင်းလောင်း ==