အိုလီဗာ ကရွမ်းဝဲလ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား)
စာကြောင်း ၆၉ -
တိုက်ပွဲများပြီးပြီဖြစ်သဖြင့် အစိုးရအသစ်ဖွဲ့ရန် ကြိုးပမ်းကြရာ ဖွဲ့စည်းပုံ တစ်ရပ် ရေးဆွဲကြသည်။သို့သော် ထင်သလောက် မလွယ်ကူပေ။ အကြောင်းမှာ ခရစ်ယာန်ဘာသာဝင်များအချင်းချင်း (ပရိုတက်စတင့် အချင်းချင်း၊ ပရိုတက်စတင့် နှင့် ကတ်သလစ်) အငြင်းပွားမှုများက အဓိကပြဿနာဖြစ်နေသောကြောင့်ဖြစ်သည်။
 
ကရွမ်းဝဲလ် အာဏာရချိန်တွင် သူနှင့်အတူ ၁၆၄၀ကပါလီမန်အမတ်အဖြစ် ရွေးကောက်ခံရသူမှာအနည်းငယ်သာကျန်တော့သည်။ ထိုလက်ကျန် အစုကို '''ရန့်''' ဟုခေါ်ကြသည်။ ပါလီမန်အသစ် ခေါ်ယူရန်ကြိုးပမ်းသော်လည်း မအောင်မမြင်ဖြစ်ပြီးနောက် ထိုရန့်အဖွဲ့ ကို ကရွမ်းဝဲလ် က (၂၀၊ ဧပြီ၊ ၁၆၅၃)တွင်အာဏာဖြင့် ဖျက်သိမ်းပစ်လိုက်သည်။ ထိုနောက် ပါလီမန် သုံးကြိမ်ခေါ်ယူပြီး ဥပဒေများကို နှစ်ကြိမ်တိုင်တိုင် ပြဋ္ဌာန်းသော်လည်း ခိုင်ခံမှုမရှိသဖြင့် မအောင်မြင်ပေ။ အမှန်တွင် ကရွမ်းဝဲလ် အနေဖြင့် စစ်တပ်ကိုပါ အုပ်ချုပ်နေရသောကြောင့် စစ်အာဏာရှင် ဟုဆိုနိုင်သည်။သို့သော် ကရွမ်းဝဲလ် သည် ဒီမိုကရေစီ ကျင့်ထုံးများကို အမြောက်အများပင်အမြောက်အမြားပင် သုံးစွဲခဲ့သည်ကိုတွေ့ရသည်။ နောက်လိုက်များက ထင်ရှားအောင် မပံ့ပိုးပေးနိုင်သောကြောင့်သာ အောင်မြင်သင့် သလောက်မအောင်မြင်ဟု ဆိုနိုင်သည်။
 
၁၆၅၃ မှ ၁၆၅၈ ကွယ်လွန်ချိန်အထိ တိုင်းပြည်ကိုအုပ်ချုပ်နေချိန်များတွင် ရာထူးအခေါ်အဝေါ်ဖြင့် ကာကွယ်ရေးမင်းကြီး (ဝန်ကြီး)ဟုသာခေါ်တွင်စေသည်။ အင်္ဂလန်အပြင် [[စကော့တလန်]]၊ [[အိုင်ယာလန်]] တို့ကိုပါ အုပ်ချုပ်နေရသေးသည်။ နောက်လိုက်များက ရှင်ဘုရင်အဖြစ် ထီးနန်းသိမ်းပိုက်ရန် အကြံပြုသော်လည်း လက်မခံခဲ့ပေ။ ယေဘုယျအားဖြင့် သူအုပ်ချုပ်ချိန်များအတွင်း တိုင်းပြည်ကောင်းကျိုးကို ကြိုးစားထမ်းရွက်သည်။ ပြင်းထန်တင်းကျပ်သည့် ဥပဒေများကို သင့်တင့်အောင် ပြုပြင်ပေးသည်။ စည်းစနစ်ကျနသည့် အုပ်ချုပ်ရေးစနစ်ကို တည်ဆောက်ပေးသည်။ ပညာရေးကိုလည်း အားပေးသည်။ ဘာသာရေးနှင့်ပတ်သတ်လျှင် သည်းခံခြင်းတရားကို လက်ကိုင်ထားစေသည်။ အယူဝါဒချင်းမတူသည့်အတွက် အက်ဒ်ဝပ်ဘုရင်လက်ထက် လွန်ခဲ့သည့် နှစ်၃၀၀ကျော်က အင်္ဂလန်မှ နှင်ထုပ်ခံခဲ့ရသည့် [[ဂျူးလူမျိုး]] များပြန်လည် လာရောက်အခြေချသည်ကို ခွင့်ပြုပြီး ၎င်းတို့၏ ဘာသာတရားကိုလည်း ကိုးကွယ်ခွင့်ပြုသည်။ နိုင်ငံခြားရေးတွင်လည်း အထူးအောင်မြင်သည်ဟု ဆိုသည်။၁၆၅၈၊ လန်ဒန်တွင် ငှက်ဖျားရောဂါဖြင့် ကရွမ်းဝဲလ် ကွယ်လွန်သည်။