ကလီယို ပတ်ထရာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၂၅ -
 
== အလက်ဇန္ဒြီးယားသို့ ==
ကလီယို ပတ်ထရာသည် အီဂျစ်သွေးမပါ ၊အီဂျစ်သွေးမပါ၊ မက်ဆီဒိုးနီးယန်းနှင့် ဂရိသွေးနှောရာ အဆက်အနွယ်ပင် ဖြစ်သည်။ [[မဟာအလက်ဇန္ဒား]] ၏ နိုင်ငံတော်ကို ခွဲဝေအုပ်ချုပ်ကြသော စစ်ဗိုလ်ချုပ်ကြီးများအနက် တော်လမီအမည်ရှိ ဗိုလ်ချုပ်ကြီးသည် အီဂျစ်နိုင်ငံကို ဝေစုယူ၍ ဘုရင်အဖြစ် အုပ်စိုးခဲ့သည်။ ထိုဘုရင်မှစ၍ စိုးစံခဲ့သော တော်လမီ ဘုရင်များတွင် ကလီယို ပတ်ထရာ၏ ခမည်းတော်မှာ (၁၂) ဆက်မြောက် တော်လမီ ဘုရင်ဖြစ်သည်။ ဘီစီ (၅၁) ခုနှစ်တွင် ထိုဘုရင်ကြီး ကံကုန်သောအခါ (၁၈) နှစ်အရွယ်ရှိ သမီးတော် ကလီယို ပတ်ထရာနှင့် (၁၂) နှစ်အရွယ်ရှိ သားတော် (၁၃) ဆက်မြောက် တော်လမီ မင်းသားတို့သည် အီဂျစ်နိုင်ငံကို တွဲဖက်၍ အုပ်စိုးခဲ့ကြသည်။ ဘုရင်ကြီး နတ်ရွာစံ၍ (၃) နှစ်မျှ ကြာသောအခါ မောင်တော် ဘုရင်ငယ်နှင့် အပေါင်းပါတို့သည် ကလီယို ပတ်ထရာအား နန်းချ၍ တိုက်ထုတ်လိုက်ကြလေသည်။ ထိုအချိန်တွင် ရောမ ဗိုလ်ချုပ်ကြီး [[ဂျူးလိယက်ဆီဇာ]] သည် ပွန်ပီအား လိုက်လံတိုက်ခိုက်ယင်း [[အီဂျစ်နိုင်ငံ]] [[အလက်ဇန္ဒရီးယားမြို့]]သို့ ရောက်ရှိလာခိုက် ဖြစ်သည်။
 
ကလီယို ပတ်ထရာသည် ထိုအခွင့်ကောင်းကို လက်မလွတ်စေပဲ မိမိ၏ ကိုယ်ကို ကော်ဇောတွင် ထည့်၍ လိပ်စေပြီးနောက် ဆီဇာ၏ ရှေ့မှောက်သို့ ရောက်အောင် ဝင်လေသည်။ ထိုစဉ်က အသက် (၂၀) ခန့်သာ ရှိသေး၍ အလှသွေး တက်ကြွနေသော ကလီယို ပတ်ထရာသည် ထီးနန်းပြန်ရရေးတွင် ကူညီဖေးမရန် ဆီဇာအား ဖြားယောင်း တောင်းပန်လေသည်။ အသက် (၅၂) နှစ်အရွယ် ဂျူးလိယက်ဆီဇာသည် ကလီယို ပတ်ထရာ၏ ညွတ်ကွင်းမှ လွတ်ကင်းအောင် မရှောင်တိမ်းနိုင်ပဲ လိုသမျှကို ဆောင်ရွက်ပေးရလေသည်။
စာကြောင်း ၃၉ -
== နိဂုံး ==
 
အလက်ဇန္ဒြီးယားမြို့တွင် အန်တိုနီသည် ကလီယို ပတ်ထရာနှင့်အတူ တစ်နှစ်ခန့် ပျော်ရွှင်စွာ နေထိုင်ပြီးနောက် ရောမသို့ ပြန်သွားခဲ့သည်။ ရောမသို့ ရောက်သောအခါ အန်တိုနီသည် တွဲဖက် အုပ်ချုပ်သူ အော့တေးဗီးယန်းနှင့် ပိုမိုစည်းလုံးမိစေရန် အော့တေးဗီးယန်း၏ နှမနှင့် လက်ထပ်လိုက်လေသည်။ ထိုအတွင်း ကလီယို ပတ်ထရာသည် အန်တိုနီ၏ သွေးကလေးများ ဖြစ်သော အမြွာမောင်နှမကို မွေးဖွားခဲ့သည်။ ရောမတွင် လေးနှစ်ခန့် နေထိုင်ပြီး အန်တိုနီသည် အီဂျစ်နိုင်ငံသို့ ပြန်လာ၍ ကလီယို ပတ်ထရာနှင့်သာ အချိန်ဖြုန်းနေလေသည်။ အော့တေးဗီးယန်းသည် နှမတော်အား အန်တိုနီက စွန့်ပစ်သွားသည်ကို လက်စားချေလိုသည်က တစ်ကြောင်း ၊တစ်ကြောင်း၊ ဆီဇာရွန်း ခေါ် ဆီဇာလေး၏ ရန်စူးရန်ငြောင့်ကို ရှင်းလင်းလိုသည်က တစ်ကြောင်း တို့ကြောင့် ဆီးနိတ်လွှတ်တော်အား မက်ခ် အန်တိုနီအပေါ် စစ်ကြေညာရန် တိုက်တွန်းလေတော့သည်။
 
[[File:The Death of Cleopatra arthur.jpg|thumb|right|220px| [[Reginald Arthur|ရေဂင်နယ် အာသာ]] သရုပ်ဖော်သော ကလီယို ပတ်ထရာ ၇ သေဆုံးခြင်း (၁၉၁၄ ခုခန့်)]]
စာကြောင်း ၆၄ -
== ကိုးကား ==
{{reflist|
<ref>မြန်မာ့စွယ်စုံကျမ်း ၊မြန်မာ့စွယ်စုံကျမ်း၊ အတွဲ (၁)</ref>
}}