မြန်အောင်မြို့: တည်းဖြတ်မှု မူကွဲများ

စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၃၄ -
မြန်အောင်မြို့ကို ခရစ်နှစ် ၁၂၅ဝ ပြည့်လောက်ကပင် [[မွန်လူမျိုး]]တို့ တည်ထောင်ခဲ့သည်ဟု အဆိုရှိ၏။ ထို အခါက ဂူထွတ်ဟု အမည်တွင်၍ နောင်[[အလောင်းဘုရား]]လက်ထက် (ခရစ်နှစ် ၁၇၅၄)သို့ ရောက်သောအခါမှ မြန်အောင်ဟု အမည်သစ် ခေါ်တွင်စေခဲ့လေသည်။ မြန်အောင်မြို့သည် ဂူထွတ်ဟု အမည်တွင်ခဲ့စဉ်အခါက မြန်မာနိုင်ငံသမိုင်းတွင် ထင်ရှားသော မြို့တစ်မြို့ ဖြစ်ခဲ့လေသည်။ မွန်နှင့် မြန်မာတို့ စစ်ထိုးခဲ့ကြရာတွင် ဂူထွတ်မြို့၌ ထင်ရှားသော ရေကြောင်း တိုက်ပွဲများ ဖြစ်ပွားခဲ့ဘူးသည်။ ထိုအခါက မွန်တို့၏ ခံတပ် မြို့တစ်မြို့ လည်း ဖြစ်ခဲ့ဘူးလေသည်။
 
မြန်အောင်မြို့၏ အဓိကထွက် ကုန်မှာ ဆန်စပါးဖြစ်သည်။မြန်အောင်မြို့သည် အနုပညာသည်နှင့် သဘင်ပညာသည်များ နိုင်ငံကျော်စာရေးဆရာများ ထွက်ရှိရာဒေသဖြစ်သည်။ မြန်အောင်မြို့နယ်တွင် တန်ခိုးကြီးသမိုင်းရှေးဟောင်းဘုရားပုထိုးစေတီများစွာရှိသည်။ မြန်အောင်တာဝတိံသာဘုရားပွဲမှာ သီတင်းကျွတ်လဆန်း မှစ၍ သီတင်းကျွတ်လပြည့်ထိဖြစ်ပြီး အောက်မြန်မာပြည်တွင် သက်တမ်းအရင့်ဆုံးနှင့် အရှည်ကြာဆုံးဘုရားပွဲဖြစ်သည်။ မြန်အောင်မြို့နယ်သည်အောက်မြန်မာပြည်နှင့် အလယ်ပိုင်းတို့ ဆက်သွယ်ရေးတွင် ရေကြောင်း၊ ကုန်းကြောင်း​ဖြင့် အရေးပါလျက်ရှိသည်။ ၁၉၆၄ ခုနှစ်တွင် မြန်အောင်မြို့နယ် အတွင်း၌ ရေနံတူးဖော် တွေ့ရှိသဖြင့် တွင်ကျယ်စွာ လုပ်ကိုင်ရန် စီမံဆောင်ရွက်လျက်ရှိသည်။ မြန်အောင် မှ ဟင်္သာတဟင်္သာတ၊ ပုသိမ်၊ ပုသိမ် ၊ ရန်ကုန် ၊ရန်ကုန်၊ ပြည် မြို့များသို့ Express အဆင့်မြင့်ကားများ ပြေးဆွဲလျက်ရှိသည်။
 
<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၁၀)</ref>