အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ပါဝင်ပါသည် +ပါဝင်သည်, -ပြောပါသည် +ပြောသည်, -လိုပါသည် +လိုသည်, -နိုင်ပါသည် +နိုင်သည်, -လျှက်ရှိ +လျက် ရှိ, -ဖြစ်ပါသည် +ဖြစ်သည်, -ရှိပါသည် +ရှိသည်, -ဆိုပါသည် +ဆိုသည်, -အဓိပ္ပါယ် +အဓိပ္ပာယ်, -စေပါသည် +စေသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၃ -
'''အင်တာနက်''' ({{lang-en|The Internet}}) ဆိုသည်မှာ စံနမူနာ Internet Protocol Suite (TCP/IP) ကိုသုံး၍ ကွန်ပျူတာ ကွန်ယက်များ ချိတ်ဆက်ကာ သန်းထောင်နှင့်ချီသော ကမ္ဘာအနှံ့သုံးစွဲ သူများအား ဝန်ဆောင်မှုပေးနေသော [[ကမ္ဘာ]]နှင့် အဝှမ်း ချိတ်ဆက်ထားသော စနစ်တစ်ခုပင် ဖြစ်သည်။ ဒေသတွင်းမှသည် ကမ္ဘာလုံးအနှံ့ အတိုင်းအတာအထိ ကျယ်ပြန့်စွာ သွယ်တန်းထားသော [[အီလက်ထရွန်းနစ်]] အချက်အလက်တည်ဆောက်မှုနှင့် အမြင်ဆိုင်ရာ ကွန်ယက်[[နည်းပညာ]]များဖြင့် ချိတ်ဆက်ထားသည့် သန်းပေါင်းများစွာသော ပုဂ္ဂလိက၊ အများပြည်သူ၊ [[ပညာရေး]]၊ စီးပွားရေးနှင့် [[အစိုးရ]]ပိုင်းဆိုင်ရာ ကွန်ယက်များ ပါဝင်သည့် ကွန်ယက်များ၏ ကွန်ယက် တစ်ခု ဖြစ်သည်။ ကမ္ဘာ့ပင့်ကူအိမ်ဟု တင်စားသည့် World Wide Web (WWW) ၏ အချင်းချင်း ချိတ်ဆက်နေသော ဟိုက်ပါတက်(စ်) (hypertext) စာရွက်စာတမ်းများနှင့် အီလက်ထရွန်းနစ်စာပို့စနစ် (electronic mail) ကို ပံ့ပိုးသော အခြေခံဖွဲ့စည်းတည်ဆောက်ပုံကဲ့သို့ အမျိုးအစား များပြားလှစွာသော သတင်းအချက်အလက် အရင်းအမြစ်များ နှင့် ဝန်ဆောင်မှုများကို အင်တာနက်က သယ်ဆောင်ပေးပါသည်။
 
[[တယ်လီဖုန်း]]၊ တေး[[ဂီတ]]၊ [[ရုပ်ရှင်]] နှင့် ရုပ်မြင်သံကြားကဲ့သို့ ထုံးတမ်းစဉ်လာ လူထုဆက်သွယ်ရေးများ သည် အင်တာနက်အားဖြင့် အသွင်သဏ္ဌာန်နှင့် အနက်အဓိပ္ပာယ် တဖန်ပြောင်းလဲလာကြသည်။ သတင်းစာ၊ စာအုပ် နှင့် အခြားပုံနှိပ်လုပ်ငန်းများသည် Websites ဝက်(ဘ်)ဆိုဒ်များ Blogs ဘလော့များနှင့် ကိုက်ညီအောင် ပြုပြင်လာကြသည်။ အမြန်သတင်းပို့ဆက်သွယ်ခြင်း (instant messaging), အင်တာနက် စုပေါင်းဆွေးနွေးခန်းများ (Internet Forums) နှင့် [[လူမှုရေး]]ကွန်ယက်များ (social networking) များတို့မှတစ်ဆင့် လူအချင်းချင်း အပြန်အလှန် ဆက်သွယ်ရာတွင် အသွင်သစ်များကို အင်တာနက်က စွမ်းဆောင်ပေးသည် သို့မဟုတ် အရှိန်မြှင့်တင်ပေးသည်။ အဓိက လက်လီအရောင်းဆိုင်ခွဲ များ၊ လက်လုပ်လက်စား ဈေးသည်များ ၊ဈေးသည်များ၊ ကုန်သည်များ အတွက် အင်တာနက်ပေါ်တွင် ဈေးဝယ်ခြင်း (online shopping) လျင်မြန်စွာ တိုးတက်ဖွံ့ဖြိုးလာသည်။ အင်တာနက်ပေါ်ရှိ စီးပွားရေးလုပ်ငန်းတစ်ခုနှင့်တစ်ခု တိုက်ရိုက်ဆက်ဆံမှု နှင့် ငွေကြေး ဆိုင်ရာဝန်ဆောင်မှုလုပ်ငန်းများ က စက်မှုလုပ်ငန်းတစ်ခုလုံး ထုတ်ကုန်စီးဆင်းမှု ကို အကျိုး သက်ရောက် စေသည်။
 
၁၉၆၀ခုနှစ်များက ပုဂ္ဂလိကနှင့် [[အမေရိကန်ပြည်ထောင်စု]]စစ်တပ် နှစ်မျိုးလုံး၏ ကြံ့ခိုင်ပြီး တော်ရုံအမှားခံနိုင်သော၊ ဖြန့်ဝေပေးသည့် ကွန်ပျူတာ ကွန်ယက်များအကြောင်း သုတေသန ပြုခြင်းများသည် အင်တာနက်၏ မူလအစ ဖြစ်ခဲ့သည်။ အမျိုးသား [[သိပ္ပံ]]ရေးရာ ဖောင်ဒေးရှင်း က ပံ့ပိုးသော အမေရိကန်ပြည်ထောင်စု၏ ကွန်ယက်နောက်ကျောရိုးသစ် အတွက် ရန်ပုံငွေ နှင့် အခြားသော စီးပွားရေးကွန်ယက် နောက် ကျော ရိုးသစ် အတွက် ကိုယ်ပိုင် ရန်ပုံငွေ တို့ကို ကမ္ဘာတဝှမ်းလုံးကို ကွန်ယက်ချိတ်ဆက်မှု နည်းပညာသစ်များ နှင့် ကွန်ယက်အများအပြားကို စုပေါင်းခြင်းများ တည်ဆောက်ဖွံ့ဖြိုးမှုတွင် ပါဝင်လာစေရန် ဦးဆောင်ဦးရွက်ပြုခဲ့သည်။ ၁၉၉၀ခုနှစ်များ၏ အလယ်နှစ်များက အပြည်ပြည်ဆိုင်ရာ ကွန်ယက်ကို စီးပွားဖြစ် ပြုလုပ်ခြင်းကြောင့် အင်တာနက်သည် လူသိများလာပြီး ခေတ်သစ်လူသားဘဝ၏ အရာရာတိုင်း နီးပါးတွင် ပေါင်းစပ်ဖွဲ့စည်းခြင်း အကျိုးများရရှိခဲ့သည်။ ၂၀၀၉ခုနှစ်မှစ၍ ကမ္ဘာ့လူဦးရေ၏ လေးပုံတစ်ပုံခန့်သည် အင်တာနက် ဝန်ဆောင်မှုများကို အသုံးပြုနေပြီဖြစ်သည်။
စာကြောင်း ၁၀၆ -
လူအများတို့က အင်တာနက် နှင့် World Wide Webသို့မဟုတ် ဝက်(ဘ်) ဟူသော ဝေါဟာရများကို အလဲအလှယ်လုပ်၍ အသုံးပြုကြသော်လည်း ယင်းဝေါဟာရများမှာ မူလအဓိပ္ပာယ်တူခြင်း မရှိပါချေ။ World Wide Web ဆိုသည်မှာ hyperlink များဖြင့် ကျိုးကြောင်းဆီလျော်စွာ အပြန်အလှန် ဆက်စပ်လျက်ရှိပြီး ဆင်တူသော အရင်းအမြစ် ခွဲခြားပေးသူများ (Uniform Resource Identifiers) (URIs) အဖြစ် ရည်ညွှန်းသော တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် စာရွက်စာတမ်းများ၊ ရုပ်ပုံများနှင့် အခြား အရင်းအမြစ်များ ဖြစ်သည်။ URI များသည် ထောက်ပံ့ သူများအား ဝန်ဆောင်မှုများ လက္ခဏာသင်္ကေတဖြင့် ခွဲခြားရန်၊ ဖောက်သည်များကို စာရွက်စာတမ်းများ သိုလှောင်ထားသည့် ဝက်(ဘ်)ဆာဗာများ၊ ဖိုင်ဆာဗာများနှင့် အခြားဒေတာဘေ့(စ်)များ ရှာဖွေရန်နှင့် ရည်ညွှန်းရန် ခွင့်ပြုထားသည်။ အရင်းအမြစ်များဖြင့် ထောက်ပံ့ပေးထားပြီး၊ ဝက်(ဘ်)၏ အခြေခံသယ်ယူပို့ဆောင်ရေး ပရိုတိုကောဖြစ်သော ဟိုက်ပါတက်(စ်)ထရန်စဖာ ပရိုတိုကော(HTTP) ကို အသုံးပြု၍ ယင်းတို့ကို ရယူနိုင်ရန် ခွင့်ပြုထားသည်။ HTTP သည် အင်တာနက်ပေါ်တွင် အသုံးပြုသော ရာပေါင်းများစွာသော ဆက်သွယ်ရေး ပရိုတိုကော များထဲမှ တစ်ခုသာလျှင်ဖြစ်သည်။ ဆော့(ဖ်)ဝဲစနစ်များကို စီးပွားရေးလုပ်ငန်းဆိုင်ရာ လောဂျစ်နှင့် ဒေတာများကို ဝေငှခြင်းနှင့် ဖလှယ်ခြင်းတို့ ပြုလုပ်ရန်အတွက် ဆက်သွယ်ခွင့် ပြုရန် HTTP အား ဝက်(ဘ်)ဝန်ဆောင်မှုများက အသုံးပြုနိုင်သည်။
 
မိုက်ခရိုဆော့(ဖ်)၏ Internet Explorer၊ Mozilla Firefox၊ Opera ၊Opera၊ Apple ၏ Safari နှင့် Google Chrome ကဲ့သို့သော World Wide Web ၏ browser ဆော့(ဖ်)ဝဲများသည် စာရွက်စာတမ်းများအတွင်း မြုပ် ထား သော hyperlinkများမှ တဆင့် ဝက်(ဘ်)စာမျက်နှာ တစ်ခုမှတစ်ခုသို့ အသုံးပြုသူများအား လမ်းကြောင်းပြသည်။ ဤစာရွက်စာတမ်းများတွင် ဂရပ်ဖစ်များ၊ အသံများ၊ စာသားများ၊ ဗီဒီယို၊ မီဒီယာမျိုးစုံနှင့် ကစားနည်းများ၊ ရုံးသုံး အသုံးချပရိုဂရမ်များနှင့် သိပ္ပံဘာသာရပ်ဆိုင်ရာ သရုပ်ပြခြင်းများကဲ့သို့ အပြန်အလှန်ဆက်သွယ်မှုရှိသော အကြောင်းအရာများ စသည့် ပေါင်းစပ်ထားသော ကွန်ပျူတာဒေတာများလဲ ပါဝင်နိုင်သည်။ ယာဟူး နှင့် ဂူးဂဲ(လ်)တို့ကဲ့သို့ ရှာဖွေရေးအင်ဂျင်များကို အသုံးပြုသော သော့ချက်စကားလုံးတို့ဖြင့် မောင်းနှင်သည့် အင်တာနက် သုတေသနပြုမှုမှ တဆင့် ကမ္ဘာတစ်ဝှမ်းလုံးရှိ အသုံးပြုသူများသည် များပြားပြီး အမျိုးအစား စုံလင်လှသော အွန်လိုင်း သတင်းအချက်အလက်များသို့ လွယ်လွယ်ကူကူနှင့် ချက်ချင်းဆိုသလို ဝင်ရောက်ကြည့်ရှုခွင့် ရပေသည်။ ပုံနှိပ်ထားသော စွယ်စုံကျမ်းများ၊ ရှေးရိုးရာ စာကြည့်တိုက်များနှင့် နှိုင်းယှဉ်လျှင် World Wide Web သည် သတင်းအချက်အလက်များကို ဗဟိုမှထိန်းချုပ်မှုအား ခွဲဝေပေးခြင်းကို စွမ်းဆောင်နိုင်သည်။
 
တစ်ဦးချင်းနှင့် အဖွဲ့အစည်းများအား အတွေးအခေါ်များနှင့် သတင်းအချက်အလက်များကို ကုန်ကျစရိတ်နှင့် အချိန်ကြန့်ကြာခြင်းများ အလွန်အမင်းလျော့ကျစွာဖြင့် အလားအလာရှိသော ပရိသတ်ကြီးထံသို့ ထုတ်ဝေနိုင်ရန် ဝက်(ဘ်)က စွမ်းဆောင်နိုင်သည်။ ဝက်(ဘ်) စာမျက်နှာတစ်ခု၊ ဘလော့ဂ်တစ်ခု ထုတ်ဝေရာတွင် သို့မဟုတ် ဝက်(ဘ်)ဆိုဒ်တစ်ခု တည်ဆောက်ရာတွင် ကနဦးကုန်ကျစရိတ် အနည်းငယ်မျှသာ ရှိပြီး၊ အခမဲ့ဝန်ဆောင်မှုများ အများအပြားလည်း ရှိသည်။ ကြီးမားပြီး ဆွဲဆောင်မှုရှိသော အတတ်ပညာဆိုင်ရာ ဝက်(ဘ်)ဆိုဒ်များကို ထုတ်ဝေခြင်းနှင့် ထိန်းသိမ်းခြင်းတို့မှာ အမျိုးမျိုးကွဲပြားလျက် ရှိသည်။ သို့ရာတွင် နောက်ဆုံးပေါ် သတင်းများမှာ ခက်ခဲပြီး ဈေးကြီးသော ကိစ္စပင် ဖြစ်လျက်ရှိသေးသည်။ ပုဂ္ဂိုလ်တစ်ဦးချင်း အများစုနှင့် ကုမ္ပဏီ၊ အဖွဲ့ အချို့တို့မှာ လွယ်ကူစွာ ပြုပြင်မွမ်းမံနိုင်သော အွန်လိုင်းဒိုင်ယာရီများကို ကျယ်ပြန့်စွာ အသုံးပြုလျက် ရှိသော ဝက်(ဘ်)လော့(ဂ်)များ သို့မဟုတ် ဘလော့ဂ်များကို သုံးကြသည်။ အချို့စီးပွားရေးဆန်သော အဖွဲ့အစည်းများသည် ဧည့်သည်များက အထင်ကြီးစေလိုသော မျှော်လင့်ချက်ဖြင့် ယင်းတို့၏ဝန်ထမ်းများကို ၎င်းတို့အထူးပြုသော ဧရိယာများတွင် ကျွမ်းကျင်သော အသိပညာများနှင့် အခမဲ့ သတင်းအချက်အလက်များ ဖြင့် အကြံဉာဏ်ပေး ဆက်သွယ်ရန် အားပေးသည်။
စာကြောင်း ၁၂၁ -
အင်တာနက်ဖြင့် စကားပြောဆက်သွယ်ခြင်းစနစ်သည် အင်တာနက် ဖန်တီးမှုကြောင့် ဖြစ်ပေါ်စေခဲ့သည့် အများသိသော ဆက်သွယ်ရေး ဝန်ဆောင်မှုပင် ဖြစ်သည်။ VoIP မှာ အင်တာနက် ပရိုတိုကောမှ တဆင့်လာသော အသံဟု အဓိပါယ်ရသည်။ အင်တာနက် ဆက်သွယ်ရေးအားလုံးအပေါ် အခြေခံသည့် ပရိုတိုကောကို ရည်ညွှန်းခြင်းဖြစ်သည်။ စိတ်ကူးမှာ ၁၉၉၀ ပြည့်လွန် အစောပိုင်းနှစ်များက စတင်ခဲ့ပြီး ကိုယ်ပိုင် ကွန်ပျူတာများ အတွက် လမ်းလျှောက် စကားပြောစက်များနှင့် ဆင်တူသော အသံအသုံးချ ပရိုဂရမ်များ ဖြစ်သည်။ မကြာသေးသောနှစ်များက VoIP စနစ်အများအပြားမှာ သာမန်တယ်လီဖုန်းကဲ့သို့ အဆင်ပြေပြီး အသုံးပြုရန်လွယ်ကူ လာသည်။ အကျိူးကျေးဇူးမှာ အင်တာနက်က အသံအသွားအလာကို သယ်ဆောင်သောကြောင့် VoIP မှာ အခမဲ့ဖြစ်နိုင်သည် သို့မဟုတ် ကုန်ကျစရိတ်မှာ သာမန်သုံးနေကျ တယ်လီဖုန်း ခေါ်ဆိုခထက် အလွန်နည်းပါးနိုင်သည်။ အထူးသဖြင့် အလွန်ဝေးသော နေရာဒေသများနှင့် အထူးသဖြင့် cable သို့မဟုတ် ADSL တို့ဖြင့် အင်တာနက် ချိတ်ဆက်ခြင်း အမြဲရှိနေသောသူများအတွက် ဖြစ်သည်။
 
VoIP သည် သာမန်သုံးနေကျ တယ်လီဖုန်း ဝန်ဆောင်မှု၏ အခြားရွေးချယ်စရာ ပြိုင်ဘက်တစ်ခုအဖြစ်သို့ ဖွံ့ဖြိုးလာခဲ့သည်။ ကွဲပြားသော ထောက်ပံ့သူများအကြား အတုံ့အပြန်ပြုလုပ်နိုင်ခြင်းမှာ တိုးတက်လာခဲ့ပြီး၊ သာမန်သုံးနေကျ တယ်လီဖုန်းမှ ခေါ်ဆိုနိုင်ခြင်း သို့မဟုတ် လက်ခံနိုင်ခြင်းတို့ ပြုလုပ်နိုင်လာသည်။ ရိုးရိုးပင် ကိုယ်ပိုင်ကွန်ပျူတာတစ်လုံး လိုအပ်မှုကို ဖယ်ရှားထားသော ဈေးသက်သာသော VoIP ကွန်ယက် အဒက်(ပ်)တာများ ရရှိနိုင်သည်။ခေါ်ဆိုမှု တစ်ခုနှင့်တစ်ခု အကြား အသံအရည်အသွေး ခြားနားခြင်းများ ရှိနိုင်သော်လည်း မကြာခဏဆိုသလိုပင် သာမန်ခေါ်ဆိုနေကျ ဖုန်းများနှင့် တန်းတူ သို့မဟုတ် ယင်းတို့ထက် သာလွန်ကောင်းမွန်ပါသည်။ VoIP အတွက် ကျန်ရှိဆဲ ပြဿနာများတွင် အရေးပေါ် တယ်လီဖုန်းနံပါတ် ခေါ်ဆိုခြင်းနှင့် ယုံကြည် စိတ်ချရမှုတို့ ပါဝင်သည်။ လက်ရှိတွင်၊ VoIP ထောက်ပံ့သူ အနည်းငယ်တို့မှာ အရေးပေါ် ဝန်ဆောင်မှုကို ပေးသော်လည်း၊ တစ်ကမ္ဘာလုံး အတိုင်းအတာအတွက်မူ မရရှိနိုင်ပေ။ သာမန်သုံးနေကျ ဖုန်းများမှာ ကြိုးလိုင်း မှ ပါဝါရရှိနိုင်ပြီး လျှပ်စစ်ပြတ်တောက်နေချိန်တွင် အသုံးပြုနိုင်သည်။ VoIP မှာ ယင်းကဲ့သို့မဟုတ် ဖုန်းပစ္စည်းကိရိယာနှင့် အင်တာနက် ဝင်ရောက်ကြည့်ရှုရန် ကိရိယာများအတွက် ထောက်ပံ့သည့် လျှပ်စစ်သိုလှောင်ထားရှိမှု (backup power source) မရှိပဲနှင့် အသုံးမပြုနိုင်ပေ။ ကစားသူများအကြား ဆက်သွယ်ရေးတစ်ခုအနေဖြင့် ကစားနည်းအသုံးချ ပရိုဂရမ်များကြောင့် VoIP မှာ တိုး၍တိုး၍ ကျော်ကြားလာလျက်ရှိသည်။ ဖောက်သည်များအတွက် ကျော်ကြားသော VoIPကစားနည်းများတွင် Ventrilo နှင့် Teamspeak တို့ပါဝင်သည်။ Wii, PlayStation 3 ၊3၊ နှင့် Xbox 360 တို့တွင်လည်း VoIP စကားပြောခြင်းများ ပါဝင်သည်။
 
== ဒေတာရွှေ့ပြောင်းခြင်း ==
စာကြောင်း ၁၄၃ -
ဒေသများအားဖြင့်၊ ကမ္ဘာ့အင်တာနက် အသုံးပြုသူဦးရေ ၄၂%သည် အာရှတွင် အခြေပြုသူများ ဖြစ်ပြီး၊ ၂၄%မှာ ဥရောပ၊ ၁၄%မှာ မြောက်အမေရိက၊ ၁၀%မှာ လက်တင် အမေရိကနှင့်တကွ ကာရစ်ဘီယံဒေသ၊ ၅%မှာ အာဖရိက၊ ၃%မှာ အရှေ့အလယ်ပိုင်းနှင့် ၁%မှာ ဩစတြေလျ/ ပစိဖိတ်သမုဒ္ဒရာ ဒေသများတို့မှ ဖြစ်ကြသည်။လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း အင်တာနက်၏ နည်းပညာများ လုံလောက်စွာပင် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ အထူးသဖြင့် ယူနီကုတ် ကိုအသုံးပြုခြင်းဖြင့် ကမ္ဘာ့ အသုံးအများဆုံး ဘာသာစကားများကို အသုံးပြု၍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆက်သွယ်ရေးတို့အတွက် ကောင်းမွန်သော လိုအပ်သည့် အထောက်အပံ့ပစ္စည်းများကို ရရှိနိုင်ပြီဖြစ်သည်။ သို့ရာတွင် မိုဂျီဘာကေ (mojibake) (အချို့သော ဘာသာစကားများ၏ စာလုံးများကို မှားယွင်းစွာဖော်ပြခြင်း) ကဲ့သို့ အချို့အမှားများမှာ ရှိနေဆဲပင်ဖြစ်သည်။
 
အိမ်များတွင် အင်တာနက် ဆက်သွယ်ရရှိမှု အတွက် သုံးလေ့ရှိသော နည်းလမ်းများတွင် ဒိုင်း(လ်)အပ်(dial-up)၊ ကုန်းပေါ် ကြိုး ဘရော့(ဒ်)ဘဲန်(broadband) (ပျော့ပြောင်းသော ကိုအက်(စ်)ဝိုင်ယာကြိုး၊ အကြည်ရောင်ဖန်မျှင် ၊အကြည်ရောင်ဖန်မျှင်၊ သို့မဟုတ် ကြေးနီဝိုင်ယာများ မှတဆင့်)၊ဖိုင်ဘာ၊ ဝိုင်ဖိုင်၊ ဂြိုဟ်တုနှင့် 3G နည်းပညာ ဆဲ(လ်)ဖုန်းများတို့ ပါဝင်သည်။ အင်တာနက်ကို အများပြည်သူ အသုံးပြုနိုင်သော နေရာများတွင် အင်တာနက်နှင့် ဆက်သွယ်ထားသော ကွန်ပျူတာများရှိသည့် စာကြည့်တိုက်များနှင့် အင်တာနက် ကဖေးများတို့ ပါဝင်သည်။ လေဆိပ် ဟောခန်းမနှင့် ကော်ဖီဆိုင်များကဲ့သို့ အများပြည်သူနှင့် သက်ဆိုင်သော နေရာအများအပြားတွင်လည်း အင်တာနက်ဆက်သွယ်ရရှိနိုင်သော နေရာများရှိသည်။ အချို့နေရာများတွင် မတ်တတ်ရပ်လျက် ခေတ္တခဏမျှသာ အသုံးပြုရန်အတွက် ဖြစ်သည်။ “ပြည်သူ့အင်တာနက်ဆိုင်ငယ်” ၊“ပြည်သူ့အင်တာနက်ဆိုင်ငယ်”၊ “ပြည်သူများသုံးစွဲနိုင်သည့် တာမင်နယ်(လ်)များ” နှင့် “ပိုက်ဆံပေးရသည့် အများပြည်သူသုံးဖုန်း ဝက်(ဘ်)” ဟူ၍ အမျိုးမျိုး ခေါ်ကြသည်။
ယခုအခါတွင် ဟိုတယ်(လ်)အများအပြားတွင်လည်း အခကြေးငွေ ပေးရလေ့ ရှိသော်လည်း အများပြည်သူ အသုံးပြုနိုင်သည့် တာမင်နယ်(လ်)များ ရှိသည်။ လက်မှတ်ဝယ်ခြင်း၊ ဘဏ်တွင် ငွေအပ်နှံခြင်း၊ အွန်လိုင်းမှတဆင့် ငွေပေးချေခြင်း စသည်ဖြင့် အသုံးအမျိုးမျိုး တို့အတွက် ဤတာမင်နယ်(လ်)များကို ကျယ်ပြန့်စွာ အသုံးပြုကြသည်။ ကြိုးမဲ့ ကွန်ပျူတာ ကွန်ယက် ဆက်သွယ်ခြင်းများ အသုံးပြုရန် ဝိုင်ဖိုင်က ထောက်ပံ့ပေးသည်။ ထို့ကြောင့် ယင်းက အင်တာနက်သို့ ဆက်သွယ်ရန်ကိုလည်း စွမ်းဆောင်နိုင်သည်။ လက်(ပ်)တော့(ပ်) သို့မဟုတ် PDA ကဲ့သို့သော ကိုယ်ပိုင် ကြိုးမဲ့သုံးနိုင်သော ကိရိယာပစ္စည်းများကို အသုံးပြုသူများက ယူဆောင်လာဖို့ လိုအပ်သော ဝိုင်ဖိုင်ကဖေးများ အပါအဝင် ဤကဲ့သို့ အသုံးပြုနိုင်မှုများကို ဟော့(တ်)စပေါ့(တ်)များ(HotSpot) (ရောက်တာများ(Router)ကိုအသုံးပြုပြီး အင်တာနက် ဝန်ဆောင်မှု ထောက်ပံ့ပေးသူထံမှ ကြိုးမဲ့ နေရပ်တွင်း ဧရိယာကွန်ယက် ပေါ်မှ တဆင့် အင်တာနက် အသုံးပြုခွင့် ပေးသော နေရာများ)က ထောက်ပံ့ပေးသည်။ ဤဝန်ဆောင်မှုများမှာ အားလုံးအတွက် အခမဲ့၊ ဈေးဝယ်များအတွက်သာ အခမဲ့၊ သို့မဟုတ် အခကြေးငွေ ကောက်ခံသော ဝန်ဆောင်မှုများ ဖြစ်နိုင်သည်။ ဟော့(တ်)စပေါ့(တ်) ပိတ်ထားသော နေရာတစ်ခုအတွင်း ကန့်သတ်ထားဖို့ မလိုပေ။ ပရိဝုဏ် သို့မဟုတ် ပန်းခြံတစ်ခုလုံး သို့မဟုတ် မြို့တစ်ခုလုံးမှာ အသုံးပြုနိုင်ပေသည်။ အခြေခံလူတန်းစားများ၏ လှုပ်ရှား ကြိုးပမ်းမှုများက ကြိုးမဲ့ လူမှုအသိုင်းအဝိုင်း ကွန်ယက်များ၌ လမ်းပြ ခေါ်ဆောင်ခဲ့သည်။ လန်ဒန်၊ ဗီယင်နာ၊ တိုရန်တို၊ ဆန်ဖရန်ဆစ်စကို၊ ဖီလာဒဲဖီးယား၊ ရှီကာဂိုနှင့် ပစ္စဘတ် မြို့များ၏ မြို့ဧရိယာ အများအပြားကို ဖုံးလွှမ်းထားသော စီးပွားဖြစ် ဝိုင်ဖိုင်ဝန်ဆောင်မှုများက နေရာတကျ ရှိနေပေသည်။ ထို့ကြောင့် ပန်းခြံထိုင်ခုံ တန်းလျားများ ကဲ့သို့ နေရာများ၌ပင် အင်တာနက်ကို အသုံးပြုနိုင်ပေသည်။