အင်ဒရူး ဂျက်ဆန်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လှျင် +လျှင်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ှျ +ျှ)
စာကြောင်း ၅၄ -
 
== သမ္မတသစ်၊ ပုံစံသစ် ==
ဂျက်ဆန် လက်ထက်မတိုင်မီက အမေရိကန်သည် ဒီမိုကရေစီစနစ်ကို ကျင့်သုံးသော်လည်း အုပ်ချုပ်ရေးပိုင်းတွင်မူ ကိုယ့်လူကိုယ်ဦးစားပေးဖြစ်သည်။ ပြည်သူလူထု၏ အာဏာမှာ အစိုးရအပေါ်တွင် တည်သည်မှန်သော်လည်း အစိုးရအုပ်ချုပ်ရေးတွင်မူ ပါဝင်ခွင့်မရခဲ့ပေ။ ထို့ပြင် ချမ်းသာသည့် မြေပိုင်ရှင်ကြီးများကသာ တောက်လှျောက်တောက်လျှောက် သမ္မတဖြစ်ခဲ့သည့်အတွက် အုပ်ချုပ်ရေးပိုင်းသည် လူချမ်းသာများဝင်ထွက်ရာနေရာကဲ့သို့ဖြစ်နေသည်။ ဂျက်ဆန်လက်ထက်ရောက်မှ အုပ်ချုပ်ရေးစနစ်တွင်းသို့ ပြည်သူများ ထဲထဲဝင်ဝင်ပါဝင်ခွင့်ရလာအောင် ပြုပြင်ပေးခဲ့သည်။ ဘဏ်၊ လွှတ်တော်တို့နှင့် အဆင်မပြေသဖြင့် ဘဏ်သို့အပ်ထားသော အစိုးရငွေများကို ပြန်နုတ်ယူခဲ့သည်။ ထိုသို့ပြုလုပ်ခြင်းမှာ ရေရှည်တွင် အုပ်ချုပ်ရေးအာဏာအတွက် ကောင်းသော်လည်း မကြာမီမှာပင် တိုင်းပြည်အား စီးပွားပျက်ကပ်ထဲသို့ ကျဆင်းသွားစေခဲ့သည်။
 
အချို့ပြည်နယ်များက ဗဟိုအစိုးရ၏ ဥပဒေများကို လေးစားလိုက်နာခြင်းမရှိသည်များ ရှိလျှင် ပြတ်ပြတ်သားသားကိုင်တွယ်သည်။ အထူးသဖြင့် တောင်ကယ်ရိုလိုင်းနားပြည်နယ်တွင် အမြတ်ခွန်ပြဿနာနှင့် ပက်သတ်၍ သမ္မတက ခပ်ကြမ်းကြမ်းသတိပေးခြင်းဖြင့် အရှိန်တန့်သွားစေသည်။ ပထမဆုံး လုပ်ကြံခြင်းခံရသည့် သမ္မတလည်းဖြစ်သည်။ စိုစွတ်သောနေ့ဖြစ်၍ ယမ်းရေစိုနေသဖြင့် ရင်ဘတ်သို့ အနီးကပ်ပစ်သွင်းသော ကျဉ်နှစ်တောင့်မှာ အရာမထင်ခဲ့ပေ။
 
== လယ်ပိုင်၊ကျွန်ပိုင် ==
ကိုယ်တိုင်က လယ်ပိုင်ရှင်တစ်ဦးဖြစ်ပြီး ကျေးကျွန်များပိုင်ဆိုင်ထားသည့်အတွက် အများနည်းတူပင်ဖြစ်တော့သည်။ ဌာနေလူနီရိုင်းများနှင့်လည်း တိုက်ပွဲများဆင်နွဲဖူးသဖြင့် လူနီရိုင်းများနှင့် လူဖြူများ တွဲဖက်နေထိုင်ရန် မဖြစ်နိုင်ကြောင်း ကောင်းစွာသိသည်။ ထိပ်တိုက်တွေ့ဆုံမှုများတွင် လူနီရိုင်းများဖက်မှ တတ်နိုင်သ၍ ကူညီပေးခဲ့သော်လည်း အရာမထင်ပဲ မစ္စစ္စပီမြစ်ဝှမ်းသို့ ရွေ့ပြောင်းရခြင်းအကျိုးဆက်ကြောင့် ချဲရိုကီးလူနီရိုင်းများ ထောင်နှင့်ချီကာ သေဆုံးသွားခဲ့ရသည်။ အကြောင်းမှာ လမ်းတစ်လှျောက်ရှိလမ်းတစ်လျှောက်ရှိ အခြား လူနီရိုင်းမျိုးနွယ်များနှင့် နယ်မြေလု စစ်ပွဲများဖြစ်ရခြင်းကြောင့်ဖြစ်သည်။
 
== သမိုင်းဝင် သမ္မတ ==