ဂျူးလိယက်ဆီဇာ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဆိုပါသည် +ဆိုသည်, -အဓိပ္ပါယ် +အဓိပ္ပာယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
စာကြောင်း ၆၀ -
Froude, Jam</ref> ဆီဇာသည်ကား စစ်ရေးနှင့်နိုင်ငံရေးတွင်သာကျွမ်းကျင်သည်မဟုတ် စာပေဖက်တွင်လည်း ထူးချွန်သူဖြစ်သည်။ ဂေါလ် (Gaul) နယ်ကို သိမ်းသွင်းစဉ် တိုက်ခိုက်နေရင်း မအားလပ်သည့်ကြားမှ လက်တင်ဘာသာဖြင့် သူရေးသားခဲ့သော မှတ်တမ်းများ (ဥပမာ : Commentāriī dē Bellō Gallicō) သည်လည်း ရိုးရှင်းပြတ်သားသောကြောင့် လက်တင်ဘာသာကို လေ့လာသင်ယူလိုသူတိုင်း လက်စွဲအဖြစ် ယ​နေ့တိုင် လေ့လာနေကြရလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၄)</ref> သို့သော်လည်း ရောမသမ္မတနိုင်ငံတော် ပျက်စီးခြင်းတွင် အဓိကကျသူ ဖြစ်သောကြောင့် အာဏာရှင်၊ ဒီမိုကရေစီ၏ရန်သူ စသည်ဖြင့်လည်း သတ်မှတ်ခံရသူဖြစ်သည်။<ref>ကျော်စွာ ၁၀၀ -ဒေါက်တာသန်းထွန်း</ref>
 
ဂျူးလိယက် ဆီဇာသည် အထင်ကရ ရောမနိုင်ငံရေးသမား စစ်ဗိုလ်ချုပ်အတိုင်ပင်ခံအဖြစ် စံချိန်တင် ခုနှစ်ကြိမ်အထိ ရွေးကောက်တင်မြှောက်ခံရသူ ဂိုင်းယပ်စ်မရိုင်းယပ်စ်၏ တူတော်သူလည်းဖြစ်သည်။<ref>Plutarch,Marius 6</ref> မရိုင်းယပ်စ် (Gaius Marius) နှင့် ဆာလာ(Sulla) တို့ပြည်တွင်းစစ်ဖြစ်၍ မရိုင်းယပ်စ်ကွယ်လွန်ကာ ဆာလာ အာဏာရလာချိန်တွင် ဆာလာက ဆီဇာကို သာသနာ့ဘောင်မှထုတ်ကာ ဇနီးကော်နယ်လီယာနှင့် ကွာရှင်းစေသည်။ ဆီဇာက ကွာရှင်းရန်ငြင်းဆို၏။ ထို့အပြင် ဆာလာက ဆီဇာကို သတ်ရန်လည်းကြိုးစားပြန်သည်။ အကြောင်းပြချက်မှာ ဆီဇာ့ထံတွင် မရိုင်းယပ်စ်၏ စိတ်ဓာတ်များ အပြည့်ရှိနေသောကြောင့်ဟု ဆိုသည်။ ဆာလာ၏လူများက ဆီဇာကဲ့သို့ငယ်ရွယ်သူကို သတ်ရန်အကြောင်းမရှိဟု ပြောကြသောကြောင့် ချမ်းသာရာရခဲ့၏။ သို့သော် စိတ်မချရသောကြောင့် ရပ်ဝေးတွင်တိမ်းရှောင်ရသည်။<ref>Plutarch,Caesar</ref> ဆာလာအာဏာကျဆင်းလာချိန်တွင် ရောမသို့ပြန်လာကာ နိုင်ငံရေးလုပ်၏။ ဘီစီ ၅၉တွင် ပထမဆုံးအကြိမ် ကောင်ဆယ်အဖြစ် အရွေးခံရပြီး ဘီစီ ၆၀တွင် နာမည်ကျော် ရောမစစ်ဗိုလ်ချုပ် ပွန်ပီ (Pompei) ၊ လူချမ်းသာ ကရက်ဆပ်စ်(Crassus) တို့နှင့်ပေါင်းကာ ပထမသုံးပွင့်ဆိုင်အဖွဲ့ (First Triumvirate) ကိုဖွဲ့ကာ ရောမသမ္မတနိုင်ငံကို အုပ်ချုပ်သည်။<ref>မြန်မာ့စွယ်စုံကျမ်း၊အတွဲ(၄)</ref> ဂေါလ်စစ်ပွဲများ(ဘီစီ ၅၈ မှ ၅၁)အပြီးတွင် ဂေါလ်နယ်ကို သိမ်းပိုက်သည်။ ထိုအတောအတွင်း အရှေ့ဘက်စစ်ပွဲများတွင် ကရက်ဆပ်စ်ကွယ်လွန်ပြီး သုံးပွင့်ဆိုင်အဖွဲ့ပျက်ကာ ဘီစီ ၄၉တွင် ပွန်ပီနှင့်ဆီဇာ စစ်ဖြစ်ပြီး ပြည်တွင်းစစ်စတင်၏။ ဘီစီ ၄၅တွင် ဆန့်ကျင်ဘက် အင်အားစုများကို အနိုင်ရကာ ပြည်တွင်းစစ်ပြီးဆုံး၍ ရောမတွင် ပြိုင်ဘက်မရှိသူဖြစ်လာသည်။ ဆီးနိတ် (Roman Senate) ကလည်း မတတ်သာသဖြင့် ဆီဇာအလိုကျ အာဏာရှင်အဖြစ်ခန့်အပ်သည်။ ပြက္ခဒိန်ကိုပြင်ဆင်ခြင်း၊ နယ်ဘက်အုပ်ချုပ်ရေးကို ပြင်ဆင်ခြင်းစသည်တို့ကို ဆောင်ရွက်ဆဲမှာပင် အာဏာကိုတစ်ဦးတည်း ချုပ်ကိုင်ထားမှုကြောင့် ဆီးနိတ်အတွင်းမှ သက်ဦးဆံပိုင်အာဏာရှင်စနစ် ဖြစ်သွားမည်ကို မလိုလားသူများက လုပ်ကြံသဖြင့် ဘီစီ ၄၄ မတ် ၁၅ တွင် ကွယ်လွန်သည်။ ဆီဇာကွယ်လွန်သွားသောအခါ တူတော်သူ အော့တေးဗီးယန်းက ဆီဇာ၏အမွေခံယူပြီး ဆီဇာ၏ပြုပြင်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်သည်။ နောက်ဆုံးတွင် ဩဂတ်စတက် အမည်ဖြင့် ပထမဆုံး ရောမဧကရာဇ် ဖြစ်လာကာ ရောမသမ္မတနိုင်ငံမှ ရောမဧကရာဇ် နိုင်ငံတော် ဖြစ်လာသည်။ တနည်းအားဖြင့် ဆိုသော် ဆီဇာ၏လုပ်ရပ်များက ရောမသမ္မတနိုင်ငံ ကျဆုံးခြင်းအတွက် အဓိကနေရာမှပါဝင်ခဲ့သည် ဟုဆိုရပေမည်။ <ref>ခေတ်ဟောင်းသမိုင်း- [[ဒေါက်တာသန်းထွန်း]] </ref>
 
==ငယ်ဘဝနှင့်ရောမနိုင်ငံရေးအခြေအနေ==
စာကြောင်း ၂၁၁ -
[[File:Julii Caesaris quae exstant.tif|thumb|C. Iulii Caesaris quae extant, 1678]]
 
'''ဂျူးလိယက်ဆီဇာ'''(Julius Caesar)(ဘီစီ၁၀၀-၄၄)သည်ရောမခေတ် စစ်ဗိုလ်ချုပ်အာဏာရှင်ဖြစ်သည်။သမိုင်းတွင် အလွန်တော်သည့် စစ်ဗိုလ်ချုပ်၊နိုင်ငံရေးသမား ၊မိန့်ခွန်းပြောသူ၊စာရေးဆရာစစ်ဗိုလ်ချုပ်၊နိုင်ငံရေးသမား၊မိန့်ခွန်းပြောသူ၊စာရေးဆရာ အစရှိသဖြင့် မှတ်တမ်းတင်ခဲ့ကြသည်။ အခြားမကောင်းသည့်ဖက်တွင်လည်း ကာမကျူးလွန်းသူ(အီဂျစ်ဘုရင်မ [[ကလီယို ပတ်ထရာ]] နှင့်အချစ်ဇာတ်လမ်းမှာ ကျော်ကြားသည်။)၊ရက်စက်သူ၊အာဏာမက်သူ အဖြစ်လည်း ကဲ့ရဲ့ခြင်းခံရသည်။
 
ဂျူးလိယက်ဆီဇာကို ဘီစီ၁၀၀ ကဖွားမြင်သည်ဟုသာ ခန့်မှန်းကြသည်။ ရောမသူကောင်းမျိုးမှဆင်းသက်ပေါက်ဖွားလာပြီး ငယ်စဉ်ကပင် ပညာကောင်းစွာ သင်ကြားခွင့်ရခဲ့ကာ အရွယ်ရောက်လျှင် နိုင်ငံရေးလောကသို့ ဝင်ရောက်ခဲ့သည်။ သူမမွေးဖွားခင် ရာစုနှစ်တစ်ခုမျှအတွင်း ရောမသည် ကာသေ့ချ်တို့ကို ဒုတိယပူနစ်စစ် တိုက်ပွဲတွင်အနိုင်ရသဖြင့် အင်ပါယာကြီးတစ်ခုကို တည်ထောင်နိုင်ခဲ့ကြသည်။ သို့ဖြင့် ရောမသည် အလွန်ကြွယ်၀လာသည် မှန်သော်လည်း စစ်ဒဏ်ကြောင့် လူမှုရေးနှင့် စီးပွားရေးတို့တွင် အကြီးအကျယ်ပျက်စီးခဲ့ရသည်။
စာကြောင်း ၂၁၉ -
ဘီစီ ၅၈၊ အသက် ၄၂နှစ်အရွယ်တွင် ရောမ၏ လက်အောက်ခံနယ်သုံးခုဖြစ်သည့် စစ်ဆယ်ပိုင်ဂေါလ်(ယနေ့ အီတလီမြောက်ပိုင်း)၊အီလီရိကမ် မှ ပင်လယ်နက်အထိကျယ်ဝန်းသည့် ဒေသ နှင့် နာဗွန်နို့စ်ဂေါလ် တို့တွင် ဘုရင်ခံအဖြစ် ခန့်အပ်ခံရသည်။သို့ဖြင့် သူ့လက်အောက်တွင် တပ်မကြီး ၄ခု၊စစ်သည်အင်အား နှစ်သိန်း နီးပါးမျှရှိနေကာ ဩဇာကြီးသည့် အဖြစ်ကိုရပြီဟု ဆိုနိုင်သည်။ဘီစီ၅၁-မှ ၅၈အတွင်း ထိုတပ်များကို ဦးဆောင်ကာ ဥရောပတဝှမ်းရှိဂေါလ် အနွယ်ဝင်များကိုတိုက်ခိုက်ပြီး နယ်ပယ်များကိုသိမ်းယူသည်။အကြမ်းအားဖြင့် သိမ်းပိုက်ရရှိသည့်နယ်မြေများမှာ ယနေ့ ပြင်သစ်၊ဘယ်လ်ဂျီယံ၊ဆွစ်ဇာလန်၊ဂျာမနီ နှင့်ဟော်လန် တို့ဖြစ်သည်။သူသိမ်းပိုက်ရာဒေသများတွင် ရောမစာပေ၊ယဉ်ကျေးမှု နှင့် ဘာသာတရားတို့ကို သွပ်သွင်းပေးသည်။ (ထို့ကြောင့် ယနေ့ ဥရောပ နေရာအတော်များများ၊ အထူးအဖြင့် ဂေါလ်မှတိုက်ရိုက်ဆင်းသက်သည့် [[ပြင်သစ်]]တို့သုံးစွဲနေသည့် စာပေမှာ လက်တင်စာမှ ဆင်းသက်လာခြင်း ဖြစ်သည်။) ဗြိတိန်ကျွန်းပေါ်သို့ နှစ်ကြိမ်တိုင်တိုင် တက်ရောက်တိုက်ခိုက်သော်လည်း ကာလကြာရှည် ထိန်းသိမ်းထားနိုင်ခြင်းမရှိခဲ့ပေ။
 
ထိုသို့ စစ်ပွဲအများအပြားကိုအောင်နိုင်သဖြင့် ဆီဇာသည် ရောမသားတို့၏ သူရဲကောင်းဖြစ်လာပြီး နိုင်ငံရေးအရပါ အလွန်လူကြိုက်များလာပြီဖြစ်တော့သည်။တစ်ဖက်တွင်လည်း ပြိုင်ဖက်နိုင်ငံရေးသမားတို့ အတွက် မျက်စိစပါးမွေးစူးစရာလည်း ဖြစ်လာကာ နောက်ဆုံး ဆီဇာစစ်မှုထမ်းသက်ကုန်ပြီဖြစ်သည့် ဘီစီ ၄၉တွင် တပ်များကို ချန်ထားရစ်ခဲ့ပြီး ရောမသို့ သာမန်အရပ်သားပြည်သူအနေဖြင့် ပြန်လာရန် ဆင့်ခေါ်ခြင်းခံရသည်။ထို့သို့ အာဏာလက်လွတ်ပြန်လျှင် ဖိစီးနှိပ်ကွပ်ခံရခြင်းမှ တစ်ပါးမရှိသည်ကိုသိသဖြင့် ဆီဇာသည် ဆီးနိတ်ကို ပြောင်ပြောင်တင်းတင်းအာခံကာနေသည်။၁၀-၁၁ ၊ဇန်နဝါရီ ၊ဘီစီ၁၁၊ဇန်နဝါရီ၊ဘီစီ ၄၉တွင် မိမိတပ်များဖြင့် အီတလီမြောက်ပိုင်းရှိ ရူဗီကွန်မြစ်အား ဖြတ်ကျော်ကာ ရောမသို့ဦးတည်ချီတက်လာတော့သည်။ သို့ဖြင့် ဂျူးလိယက်ဆီဇာ၏ တပ်များနှင့် ဆီးနိတ်ကိုသစ္စာခံသည့် ပြည်တွင်းတပ်များ လေးနှစ်ကြာ အကြီးအကျယ်စစ်ဖြစ်ခဲ့သည်။ရ ၊မတ် ၊ဘီစီအကြီးအကျယ်စစ်ဖြစ်ခဲ့သည်။ရ၊မတ်၊ဘီစီ ၄၅ စပိန်၊မွန်ဒါ တွင်တိုက်သည့် နောက်ဆုံးစစ်ပွဲအပြီးတွင် ဆီဇာသည်ရောမသို့ အောင်နိုင်သူအဖြစ် ပြန်လာနိုင်ပြီဖြစ်သည်။
 
ရောမပြန်ရောက်ပြီးနောက် ရာသက်ပန်အာဏာရှင်အဖြစ်တင်မြှောက်ခြင်းခံရသည်။ ဘုရင်အဖြစ် နန်းတင်ကြသော်လည်း လက်မခံခဲ့ပေ။အာဏာရပြီးချိန်မှစကာ နိုင်ငံတဝှမ်း ပြုပြင်ရေးများကို တက်တက်ကြွကြွပင်ဆောင်ရွက်သည်။
စာကြောင်း ၂၂၈ -
# ရောမဥပဒေကို စာဖြင့်ချရေးပြီး စနစ်တကျရှိစေရန် ကြိုးပမ်းခဲ့သည်။
 
သို့သော် အာဏာလက်ကိုင်ရပြီး တစ်နှစ်ပင်မရှိသေးသည့် ၁၅၊မတ် ၊၁၅၊မတ်၊ ဘီစီ ၄၄ တွင်ကျင်းပသည့် ပွဲတော်နေ့ လွှတ်တော်အစည်းအေ၀းတွင် ဆန့်ကျင်လိုသူတို့က လုပ်ကြံသဖြင့် ဆီဇာတစ်ယောက် ကွယ်လွန်ရသည်။သမ္မတစနစ်ကို ပြန်လည်အသက်သွင်းလိုသူများက လုပ်ကြံကြသည်ဟု ဆိုသည်။သူသေလွန်ပြီးနောက် သူ့မွေးစားသားလည်းဖြစ်၊ မြေးလည်းတော်စပ်သည့် ဩဂတ်စတက်ဆီဇာက စုစည်းတည်ထောင်သဖြင့် ရောမအင်ပါယာကြီးဖြစ်ပေါ်လာသည်။
 
== ရည်ညွှန်းကိုးကား ==