ဂယ်လီလီယို: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရပါသည် +ရသည်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ကျိုးကျွံ +ကျိုးကျွန်)
စာကြောင်း ၂၉ -
 
== ခရစ်ယာန်ကျောင်းတော်၏ တားမြစ်မှု ==
ထိုတွေ့ရှိမှုများကပင် သူ့အားဂုဏ်တက်စေသကဲ့သို့ အခြားတစ်ဖက်တွင်လည်း ရှေးယိုးစွဲ၊ ဩဇာကြီး ခရစ်ကျောင်းတော်နှင့် ဆန့်ကျင်မိလေလေ ဖြစ်လာတော့သည်။ ၁၆၁၆ တွင် အဆိုပါ [[ကော်ပါးနိကပ်စ်]]၏ [[သီအိုရီ]]နှင့် ပတ်သတ်သည့် ထောက်ခံပြောဆိုမှုများကို ရပ်တန်းမှရပ်ရန် သတိပေးတားမြစ်ခံရတော့သည်။ သို့ဖြင့် ဂယ်လီလီယိုသည် နှစ်များမနည်းပင် အောင့်အီးကာ နေရရှာသည်မှာ ၁၆၂၃ တွင်ပုပ်ရဟန်းမင်း (Pope) ကွယ်လွန်ပြီး ရဟန်းမင်းသစ် တက်လာသည်အထိပင်ဖြစ်သည်။ ၎င်းအားထောက်ခံသည့် ပုပ်ရဟန်းမင်းသစ်ဖြစ်လာသည့် ဆဌမမြောက် အာဗန် (Urvan) က ဂယ်လီလီယိုအား ကြည်ညိုလေးစားသဖြင့် ယခင်က တားမြစ်ချက်ကို မသိကျိုးကျွံပြုကာမသိကျိုးကျွန်ပြုကာ နေပေးသဖြင့် ဂယ်လီလီယို တစ်ယောက် အနေအစား ချောင်လာပြန်သည် ဟုဆိုနိုင်သည်။
 
ထိုအချိန်မှစတင်ကာ ကျမ်းတစ်စောင်ကို ကြိုးစားပမ်းစားရေးရာ နောက်ခြောက်နှစ်အကြာတွင် ကမ္ဘာ့စနစ်ကြီးနှစ်ခုဆိုင်ရာ ဆွေးနွေးငြင်းခုန်မှု (The Dialogue Concerning The Two Chief World Systems) အမည်ရှိ ကျမ်းကိုပြီးစီးကာ ၁၆၃၂ တွင် ကျောင်းတော်၏ စိစစ်ခွင့်ပြုမိန့်အရ ပုံနှိပ်ရသည်။ သို့သော် အဆိုပါစာအုပ်သည် ကော်ပါးနိကပ်စ်၏ သီအိုရီများကို အထောက်အထား အပြည့်အစုံ၊ အချက်ကျကျဖြင့် ထောက်ခံထားသည့်အတွက် ရောမတရားဝင်စစ်ဆေးခြင်းရုံးတော် (Inquistion) မှ ၁၆၁၆ တွင် စွဲချက်တင် အမှုဖွင့်ခြင်းခံရပြန်သည်။