ဇော်ဂျီ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊, -လာပါသည် +လာသည်) |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဟူ၍၎င်း +ဟူ၍လည်းကောင်း) |
||
စာကြောင်း ၄ -
[[File:ကျိုက္ခမီရေလယ်ဘုရားမှ ဇော်ဂျီရုပ်များ.jpg|thumb|ကျိုက္ခမီရေလယ်ဘုရားမှ ဇော်ဂျီရုပ်များ]]
'''ဇော်ဂျီ'''ဆိုသည်မှာ ပါဠိ သက္ကတနွယ်- ဟိန္ဒီစကားလုံး ဇောဂီ(ယောဂီ) မှ ဆင်းသက်လာပုံရသည်။ ` စက္ခု သင်္ဃာ အရိယာနှင့် ဆရာပုဏ္ဏား ဇော်ဂီအားလည်း´ ဟူ၍ ဓမ္မပါလပျို့တွင် တွေ့ရှိရလေသည်။ `ပုဏ္ဏားဇော်ဂီ တပသီနှိုက်´
ဇော်ဂျီသည် ဓာတ်လုံးနှင့် ဆေးတောင်ဝှေး အကူအညီဖြင့် မြေလျှိုး၍ မိုးပျံနိုင်သည်ဟု အဆိုရှိသည်။ မြေလျှိုးမိုးပျံနိုင်သော လူသား အတတ်ပညာရှင်တစ်ဦးဟု ခေါ်ဆိုနိုင်ပေသည်။ ဆုတောင်းခန်းပျို့တွင် `တရိသုလိ၊ ဇော်ဂီပုဏ္ဏား၊ သုံးစွဲထားသား၊ သစ်သားသုံးခွ၊ တိဒဏ္ဍနှင့်´ ဟု ပါရှိပုံကို ထောက်လျှင် ဇော်ဂျီတောင်ဝှေး သည် ယနေ့တွေ့နေရသကဲ့သို့ စင်းလုံးချောမဟုတ်ဘဲ သုံးခွလှံ တောင်ဝှေးမျိုး ဖြစ်တန်ရာသည်။ ဇော်ဂျီတွင် မှတ်ဆိတ်မွှေး လည်းရှိသည်။
|