ဆင်ဖြူတော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တိရိစ္ဆာန် +တိရစ္ဆာန်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ှျ +ျှ)
 
စာကြောင်း ၅၆ -
 
=== ကုန်းဘောင်ခေတ်===
[[ဘိုးတော်ဘုရား]](ဦးဝိုင်း)လက်ထက်တွင် ဆင်ဖြူတော် ၉ စီးရရှိကာ ကုန်းဘောင်မင်းများလက်ထက်တွင် ဆင်ဖြူအများဆုံးမင်းဟုဆိုရပေမည်။ ဘိုးတော်ဦးဝိုင်းကိုယ်တိုင်ကပင် ပထမဆင်ဖြူရရှိချိန်တွင် ဆင်ဖြူရှင်ဘွဲ့ဟု ခံယူခဲ့ပြီး၊ နောက်တစ်စီးတိုးလာသောအခါ ဆင်ဖြူများရှင် ဟုခံယူခဲ့သည်။ ထိုဆင်ဖြူကိုးစီးထဲတွင် နိဗ္ဗာန်ရွာမှ ရသောဆင်ဖြူတော်သည် အထင်ရှားဆုံး ဖြစ်သည်။ နိဗ္ဗာန်ရွာမှ ရသော ဆင်ဖြူတော် သည်ဆဒ္ဒန်မျိုး တကိုယ်လုံးဖြူစင်နူးညံ့စွာရှိပြီး ဘုရားသမိုင်းတော်လာ ဆဒ္ဒန်မျိုး၏ အရည်အချင်းများနှင့်လည်း ပြည့်စုံနေပေသည်။ ဆင်ဖြူတော်ကို ဖမ်းမိချိန်တွင် ဆင်ဖြူ၏ အခြွေအရံ ဆင်မည်း တစ်ထောင်တို့က ဆင်ဖြူတော်ကို မြေမည်းများဖြင့် လူးကြလေ၏ ဟုဆိုကြသည်။ ဆင်ဖြူတော်ကို ဆင်ဦးစီး ၃ဝ ခြေလျင် ၃၀၀ဝ တို့နှင့် ဝန်းရံလေရာ အရံဆင်များခွာသွားကြသဖြင့် ဆင်ဖြူတော်ကို အသာအယာ ဖမ်းမိလေသည်။ ဆင်ဖြူတော်ကို နေပြည်တော်သို့ ပို့ဆောင်ရာတွင် မင်းတရားကြီးက ပုဂံမြို့သို့ ကြွရောက် ကြိုဆိုရာတွင် ထိုမြို့မှ မင်းကွန်း စံနန်းတော်အထိ မိုင် ၁၀ဝ ကျော် ဧရာဝတီကမ်း ဝဲ-ယာတွင် ရာဇမတ်ကာလျက် သစ်ပင်များ စိုက်ထူကြရ၏။ ပွဲသဘင် အစုံ ရှိနေစေပြီး ဆင်ဖြူတော် ရပ်နားရာ စခန်းတို့တွင် ရွှေအတိပြီးသော တန်ဆောင်းပြာသာဒ်များ ဆောက်လုပ်စေသည်။ ထိုနောက် ဆင်ဖြူတော် ကို မင်းဆွေတော်မျိုးတော်တို့က လက်ဖွဲ့ကြသည်။ ဆင်ဖြူတော်ကို ရေချတော်မူသောအခါ [[ထီးဖြူတော်]] ၄ စင်း မိုးလျက်၊မင်းခန်းတော် အစုံနှင့် အိမ်ရှေ့မင်းက ဦးဆောင် လိုက်ပါရသည်။ ရာဇဘိသေကပွဲတွင် ပြုသည့်အသွင် ဂင်္ဂါရေ၊ နဝတတ်အိုင်ရေ၊ အုတ်သစ်ခွ ရေတော်များနှင့် တကွ ဂင်္ဂါမြေ၊ မြစ်လယ်မြေ၊ ဝက်စွယ်၌ ပါသောမြေ၊ နပုန်းအိမ်အောက်မြေ၊ လမ်းလေးခွမြေ၊ ဘုရားမြေ၊ နတ်စင်မြေ၊ ထွန်သွား၌ ပါသော မြေ စသည်တို့ကိုလည်း ဆင်မင်းတန်ဆောင်းတွင်း ဖြန့်ကြဲရသည်။ သင်္ကြန်ခေါ်ရန် တရော် ၇မျိုး၊ ကင်ပွန်း ၅ မျိုး၊ ဂမုန်းပေါင်း၊ ပန်းပေါင်း၊ နံ့သာဖြူ၊ အကျော်၊ စံပယ်၊ ကရမက်၊ ကြာမျိုးငါးပါး ဝတ်ဆံများကို သင်္ကြန်တန်ဆောင်း၌ အသင့် ထားရသည်။ တန်ဆောင်းတွင်း ဂုဏ်တော်များ ရွတ်ဖတ် လေသည်။ ဆင်ဖြူတော်ကို ပြုစုသူများအားလုံး ပါဝင် ပရိတ်နာကြရသည်။ ထိုအချိန်မှစပြီး သင်္ကြန်တော် ခြံဝင်းကို စစ်သည်တော် ၉ တပ် ခင်းကျင်း စောင့်ရှောက်စေသည်။ တန်ဆောင်းသို့ ရောက်လျှင် မြောက်အရပ်သို့ မျက်နှာမူလျက် အခါတော် လင့်ရသည်။ ထိုအခါ မင်းတရားကြီး၏ သားတော် ၄ ပါးတို့က တရော်ရည်၊ ကင်ပွန်းရည် တို့ဖြင့် ဆင်ဖြူတော်ကို ဦးခေါင်း ပရိတ်သွန်းလောင်းကြရသည်။ ပြီးလျှင် ဆင်ဖြူတော်ကို ဧရာဝတီမြစ်သို့ သက်စေပြီး ရေချိုးစေသည်။ ထိုနောက့် ရတနာကိုးပါး ဖြင့် ဆန်းကြယ်စွာ လုပ်ဆောင်သော တန်ဆာဆောင်များ ဆင်ယင်ပေးသည်။ အရံဆင်တော် များကိုလည်း တစ်ချိန်တည်း ဦးခေါင်း ဆေးရသည်။ ပြီးလှျင်ပြီးလျှင် ရှေ့ ၆ တပ်၊ နောက် ၆ တပ် နှင့် ဆင်မင်း၏ နန်းဘုံသို့ပြန်ပို့ကြသည်။
 
ဘိုးတော် ဘုရား လက်ထက်က နောက်ဆုံး ရရှိသော ဆင်ဖြူတော်၏ အစွယ်ကို ရန်ကုန် တိရစ္ဆာန်ဥယျာဉ်၏ အတွင်းက သဘာဝသမိုင်း ပြတိုက်မှာ တွေ့ရှိနိုင်သည်။