အထူးနှိုင်းရသီအိုရီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖေါ် +ဖော်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဟု၍ +ဟူ၍)
စာကြောင်း ၁၆ -
[[ဂယ်လီလီယို၏ နှိုင်းရသဘောတရား]] ([[:en:Galilean relativity]]) သည် အထူးနှိုင်းရသီအိုရီအား [[အနီးစပ်တွက်ချက်မှု]] အဖြစ် လက်ခံထားသည်။ ဆိုလိုသည်မှာ ဂယ်လီလီယို၏ နှိုင်းရသဘောတရားသည် နှေးသော အလျင်များကိုသာ တွက်ချက်နိုင်ပြီး အလင်းအလျင်နီးပါမြန်သည့် အလျင်များကို တိကျစွာ တွက်ချက်ရန် အထူးနှိုင်းရသီအိုရီကို သုံးရန်လိုသည်။ အလားတူပင် အထူးနှိုင်းရသီအိုရီ သည် ယေဘုယျနှိုင်းရသီအိုရီအား အနီးစပ်တွက်ချက်မှု အဖြစ် မှတ်ယူကြသည်။ အကြောင်းမှာ အထူးနှိုင်းရသီအိုရီကို ဒြပ်ဆွဲအား အလွန်နည်းပါးပြီး အရွယ်အစားသေးငယ်သည့် အခြေအနေမျိုးတွင်သာ တွက်ချက်ရန် အသုံးပြုနိုင်သောကြောင့် ဖြစ်သည်။ ယေဘုယျနှိုင်းရသီအိုရီသည် ဒြပ်ဆွဲအား အကျိုးသက်ရောက် မှုကို ပါဝင်လာစေရန်အတွက် [[သွင်ပြင်ကွေးညွတ်ဂျီဩမေတြီ]]([[:en:Noneuclidean geometry]]) အသုံးပြု၍ အာကာသအချိန်၏ ကွေးညွတ်မှုကိုထည့်သွင်း တွက်ချက်ထားသည်။ အထူးနှိုင်းရသီအိုရီသည် [[မင်ကိုစကီအာကာသ]]([[:en:Minkowski space]]) ဟုခေါ်သည့် ပြားနေသည့် အာကာသအချိန် အတွက်သာ အကျုံးဝင်သည်။
 
ဂယ်လီလီယို သည် ပကတိ ရပ်နားနေသော အရာဟူသည် မရှိဟု ကနဦးအမှန်ယူဆချက် ကိုဖော်ထုတ်ခဲ့ပြီးဖြစ်သည်။ ၎င်းကို ယခုအခါ ဂယ်လီလီယို၏ နှိုင်းရနိယာမ (Galileo's principle of relativity) ဟု ခေါ်သည်။ ၎င်းကို အိုင်းစတိုင်းက အလင်းအလျင်၏ ကိန်းသေဖြစ်ခြင်း သဘောတရားပါ တိုးချဲ့ထည့်သွင်းတွက်ချက်လိုက်သောအခါ အထူးနှိုင်းရသီအိုရီ ဖြစ်လာသည်။ အိုင်းစတိုင်းက အထူးနှိုင်းရသီအိုရီသည် မက္ကင်းနစ် နိယာမများနှင့် [[အီလက်ထရိုဒိုင်းနမစ်]] နိယာများ အပါအဝင် ရုပဗေဒ နိယာမ အားလုံးအတွက် အကျုံးဝင်သည်ဟု၍လည်းအကျုံးဝင်သည်ဟူ၍လည်း ဆိုခဲ့သည်။
 
==ကိုးကား==