နျော့သယာနတ်ဘုရား: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-၏ ။ +၏။)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား)
 
စာကြောင်း ၂ -
​'''နျော့သရာနတ်ဘုရား (ရှေးဟောင်းနော့စ် : Njörðr)''' သည်[[နော့စ်ဒဏ္ဍာရီ]]လာ ဗားနစ်ယာအုပ်စု နတ်ဘုရားတစ်ပါးဖြစ်သည်။ [[ဖရဲ့ယာနတ်ဘုရား]]နှင့် [[ဖရွိုင်းယာနတ်ဘုရားမ]]တို့၏ ဖခင်ဖြစ်၍ ၎င်း၏ အမည်မသိ ညီအမတော်စပ်သူ ဇနီးနှင့် မွေးဖွား၏။ ၎င်းသည် [[စကားသီနတ်ဘုရားမ]]နှင့် ကံမကောင်းသောအိမ်ထောင်ရေးရှိရာ ဖြစ်ပုံမှာ စကားသီသည် Nóatún တောင်းတန်း၌ နေထိုင်ပြီး နျော့သယာသည် ပင်လယ်၊ ပင်လယ်ပြင်ခရီးသွားလာခြင်း၊ လေတိုက်ခတ်ခြင်း၊ ငါးဖမ်းခြင်း၊ ချမ်းသာကြွယ်ဝမှု၊ ကောက်ပဲသီးနှံများနှင့် ဆက်စပ်သော နတ်ဘုရားဖြစ်သည်။
 
နျော့သယာသည် [[အက်ဒါ ကဗျာလင်္ကာ]]၊ [[အက်ဒါ စကားပြေ]]တို့၌ ပါဝင်၍ [[ဟိမ်းစ်ခရင်လာ]]၌ ဆွီဒင်နိုင်ငံ၏ ရှေးကျ၍ လူအများနှစ်သက်သော ဒဏ္ဍာရီလာ ဘုရင်တစ်ပါးတစ်ဦးအဖြစ် ပုံဖော်ထားသော [[ဒဏ္ဍာရီ#ယူဟီးမရဝါဒ|ယူဟီးမရဝါဒ]]ပုံစံဖြစ်သည်။ (၁၄)ရာစု အိုက်စလန်လက်ရေးမူ Hauksbók ၏ ring oath ဟုခေါ်သော ဝတ်ဆင်သည့်ပစ္စည်းတမျိုး၌ သစ္စာပြုတိုင်တည်သော နတ်ဘုရားသုံးပါးအနက် တစ်ပါးအပါအဝင်ဖြစ်သည်။ နျော့သယာကို ကိုးကွယ်ပူဇော်ခြင်းများသည် နော်ဝေးကျေးလက်လုပ်ဆောင်မှုအနေဖြင့် (၁၈-၁၉)ရာစုအထိ ရှင်သန်ခဲ့ကာ ထို၌ ဤနတ်ဘုရားကို '''Njor''' နျော် ဟူ၍ မှတ်တမ်းတင်ထားပြီး ငါးအမြောက်အများဖမ်းမိခြင်းအတွက်ငါးအမြောက်အမြားဖမ်းမိခြင်းအတွက် ကျေးဇူးတင်ကြပေသည်။
 
နျော့သယာသည် ပညာရပ်ဆိုင်ရာ ရေးသားဟောပြောမှု၊ သဘောတရားများစွာ၏ အဓိကအကြောင်းအရာဖြစ်သည်။ ပို၍စောစွာ သက်သေထင်ရှားရှိသော ဂျာမန်နစ်နတ်ဘုရားမ နားသပ်စ်၊ သူရဲကောင်း ဟတ်ဒင်းဂပ်စ် တို့နှင့်ပတ်သက်ဆက်နွယ်မှုရှိသည်။ နေရာဒေသများစွာတွင် ၎င်းအမည်ပါရှိသောကြောင့် နော့စ်ရိုးရာဘာသာတရားတွင် ၎င်းသည် ယခင်ကပို၍ အရေးပါသော အနေအထားရှိသည်ဟုယူဆကြသည်။ နျော့သယာကို အင်္ဂလိပ်မှုပြ၍ Njord''' ၊ '''Njoerd''' (သို့) '''Njorth''' ဟူ၍ ရေးသားကြသည်။