မျိုးမြင့်ညိမ်း: တည်းဖြတ်မှု မူကွဲများ

added Myo Myint Nyein Photo, corrected typo information.
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သော်၎င်း +သော်လည်းကောင်း)
စာကြောင်း ၁၃ -
၁၉၈၈ လူထုလှုပ်ရှားမှုတွင် စာ‌ပေနှင့်အနုပညာရှင်များအဖွဲ့၌ ပါဝင်ခဲ့ပြီး ၁၉၈၈ တွင် [[အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်]] မှတ်တမ်းလွှာစာ‌စောင် အုပ်ချုပ်‌ရေးအယ်ဒီတာအဖြစ် တာဝန်ယူသည်။
၁၉၉ဝ နိုင်ငံ‌ရေးလှုပ်ရှားမှုများတွင် စာ‌ရေးဆရာ [[မင်းလူ]]‌ရေးသားသည့် ဘာ‌တွေဖြစ်ကုန်ကြပြီလဲ ကဗျာထုတ်‌ဝေဖြန့်ချိမှုဖြင့် ‌ထောင်ဒဏ် (၇)နှစ် ချမှတ်ခံရသည်။အကျဉ်း‌ထောင်အတွင်း သတင်းမှန်များရရှိ‌ရေးနှင့် ပြင်ပကမ္ဘာနှင့် အဆက်မပြတ်နိုင်‌ရေး ကြိုးပမ်းမှုအဖြစ် "သတင်းမှတ်တမ်းလွှာ"စာ‌စောင်ကို အကျဉ်းကျလုပ်‌ဖော်ကိုင်ဖက်များနှင့်အတူ ကြိုးပမ်းထုတ်‌ဝေမှုဖြင့်၎င်း၊ အင်းစိန်‌ထောင်အတွင်း တရားမဲ့ညှင်းပန်းနှိပ်စက်မှုများကို ကမ္ဘာ့ ကုလသမဂ္ဂသို့ စာဖြင့်‌ရေးသား‌ပေးပို့ခဲ့၍၎င်း၊ ၁၉၉၃ နိုင်ငံတကာ လူ့အခွင့်အ‌ရေးညီလာခံ ကျင်းပသည့် ဩစတြီးယားနိုင်ငံသို့ သဝဏ်လွှာ‌ပေးပို့ခဲ့၍၎င်း၊ အခြား‌သော အကျဉ်းသား ဆိုင်ရာအခွင့်အ‌ရေးများ‌တောင်းဆိုမှု‌ကြောင့်၎င်း၊ ၁၉၉၆ ခုနှစ်တွင် အကျဉ်း‌ထောင်အတွင်း ‌နေရင်းမှပင် ‌နောက်ထပ် (၇)နှစ် ထပ်မံအကျဉ်းချခံရသည်။
၂ဝဝ၁ ခုနှစ်တွင် က‌နေဒါနိုင်ငံ the Canadian Journalists for Freedom of Expression (CJFE) မှ လွတ်လပ်စွာ‌ရေးသားခွင့်ဆိုင်ရာ စာ‌ပေဆု ချီးမြင့်သည်။ ၂ဝဝ၂ ခုနှစ်တွင် နိုင်ငံတကာ စာနယ်ဇင်းသမားများ၏ လက်မှတ်‌ရေးထိုး‌တောင်းဆိုမှုကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် မစ္စတာပီနဲရိုးမှ မြန်မာနိုင်ငံအစိုးရသို့ ‌ပေးအပ်ခဲ့ပြီး‌နောက် ‌ဖေ‌ဖော်ဝါရီ ၁၃ ရက်တွင် [[သာယာဝတီအကျဉ်း‌ထောင်]]မှ လွတ်‌မြောက်ခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ခဲ့ပြီး‌နောက် အစ်ကိုဖြစ်သူ အယ်ဒီတာချုပ် [[ဝင်းငြိမ်း|ဦးဝင်းငြိမ်း]]၏ တာဝန်‌ပေး ချက်အရ ‌ရွှေအမြု‌တေမဂ္ဂဇင်းတွင် အမည်‌ဖော်ပြခြင်းမခံရ‌သော အယ်ဒီတာတာဝန်ယူသည်။ အလင်းတန်းဂျာနယ်တွင် ၂ဝဝ၄ ခုနှစ်မှစ၍၎င်း၊ ဖူးငုံဆယ်‌ကျော်သက်မဂ္ဂဇင်းတွင် ၂ဝဝ၃ ခုနှစ်မှ စ၍‌သော်၎င်းစ၍‌သော်လည်းကောင်း တာဝန်ယူခဲ့သည်။ အကျဉ်း‌ထောင်မှ လွတ်‌မြောက်ပြီး ၁ဝ နှစ်အကြာ ၂ဝ၁၂ ခုနှစ်တွင် မြန်မာအင်ဒီပဲန်ဒင့်သတင်း ဂျာနယ်ကို ထူ‌ထောင်ပြီး တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက်ရှိပြီး ‌ရွှေအမြု‌တေမဂ္ဂဇင်း၊ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းနှင့် အလင်းတန်းဂျာနယ်တို့ကိုပါ တာဝန်ခံအယ်ဒီတာအဖြစ် ‌ဆောင်ရွက်လျက် ရှိသည်။
 
[[File:Editor of Independent Journal.jpg|thumb|270x270px|အင်ဒီပဲန်ဒင့်ဂျာနယ်တိုက်တွင် တွေ့ရသော မျိုးမြင့်ညိမ်း(ထိုင်နေသူ)ဖြစ်သည်။]]