နီကိုလာ တက်စလာ: တည်းဖြတ်မှု မူကွဲများ
Content deleted Content added
အရေးမကြီး အော်တိုစားထိုးဘော့ |
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ှျ +ျှ) |
||
စာကြောင်း ၃၂ -
တက်စလာသည် ၁၈၇၈ ခုနှစ်တွင် ဂရာ့ဇ်(Graz) နည်းပညာကျောင်းသားဘဝက d.c motor ဒီစီ မော်တာတစ်လုံး သရုပ်ပြသည်ကို တွေ့ခဲ့ရသည်။ သူမြင်ခဲ့ရသော ဒီစီ မော်တာသည် ဘရပ်ရှ် (brushes) များ ပါဝင်ပြီး သတ္တုအစိတ်များဖြင့် ပြုလုပ်ထားသော ကွန်မြူတေတာ (commutator) ကို ထိကပ်နေသည်။ ထို ဘရပ်ရှ်များနှင့် ကွန်မြူတေတာများ သည် ပွန်းပဲ့ ပျက်စီး စေတတ်ရာ ယင်းတို့ကို ဖယ်ပစ်လိုက်ခြင်းဖြင့် မော်တာကို ပိုကောင်းအောင် လုပ်နိုင်မည်ဟု ထိုစဉ်ကပင် သူစဉ်းစားမိခဲ့သည်။ နောက် ၄ နှစ် ကြာသော အခါ induction generator ပြုလုပ်ရန် စိတ်ကူး ရခဲ့သည်။ induction generator တွင် ရိုတာကို စက်မှုစွမ်းအင် တစ်ခုခုဖြင့် လှည့်ပေးခြင်းဖြင့် a.c လျှပ်စစ် ကို ထုတ်ယူရရှိသည်။ ယင်းကို a.c လျှပ်စစ် ပြန်ပေးခြင်းဖြင့် ရိုတာကို လည်ပတ်အောင် ပြုလုပ်နိုင်သည်။ ဤနည်းဖြင့် လည်ပတ်သော မော်တာကို induction motor ဟု ခေါ်သည်။ တက်စလာသည် သူ့တီထွင်မှုများကို မိုဒယ် မဆောက်မီကပင် စိတ်ကူးဖြင့် မည်သည့် နေရာများတွင် အသုံးပြုရမည်ကို ကြိုတင် ကြံဆ ထားလေ့ရှိသည်။
တကယ်တမ်း အလုပ်လုပ်သော induction motor ကိုမူ ၁၈၈၃ ခုနှစ်ကျမှ တည်ဆောက်ခဲ့သည်။ ဤတွင် သူ့တီထွင်မှုများကို ဥရောပ၌သာ စိတ်ဝင်စားအောင် လုပ်ဆောင်နိုင်မည်ဟု နားလည် သဘောပေါက်လာပြီး နယူးရောက် မြို့သို့ ပြောင်းရွှေ့ အခြေချခဲ့သည်။ ထိုနေရာ၌ပင် သူ့ဓာတ်ခွဲခန်းနှင့် အလုပ်ရုံကို ၁၈၈၇ ခုနှစ်၌ တည်ထောင်ခဲ့ပြီး မော်တာများကို ထိထိရောက်ရောက် ထုတ်လုပ်နိုင်ခဲ့သည်။ တစ်လခန့် အတွင်း၌ပင် a.c
တက်စလာသည် တစ်ချိန်တည်းမှာပင် American Institute of Electrical Engineers တွင် သူ၏ a.c လျှပ်စစ် စနစ် အကြောင်းကို လက်ချာ ပို့ချ ပေးနေခဲ့သည်။ အမေရိကန် တီထွင်သူ တစ်ဦးဖြစ်သော ဂျော့ဝက်စတင်းဟောက်စ် က ထိုလက်ချာများကို လေ့လာပြီးနောက် တက်စလာ၏ မူပိုင်ခွင့် patent များကို အလျင်အမြန် ဝယ်ယူ လိုက်တော့သည်။ ဝက်စတင်းဟောက်စ်သည် တက်စလာ၏ စိတ်ကူးများကို ထောက်ခံခဲ့ပြီး ၁၈၉၃ တွင် [[ရှီကာဂိုမြို့]] တွင် ကျင်းပခဲ့သော World Columbian Exposition တွင် တက်စလာ၏ စနစ် ကို အသုံးပြု၍ မီးထွန်းခြင်းဖြင့် သရုပ်ပြခဲ့သည်။ တစ်လခန့် ကြာသောအခါ နယူးယောက်ရှိ နိုင်အာဂရာ ရေတံခွန်တွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရန် စာချုပ်ကို ဝက်စတင်းဟောက်မှ အောင်မြင်စွာ ချုပ်ဆိုနိုင်ခဲ့သည်။ တက်စလာ၏ နည်းစနစ်များကို အသုံးပြု၍ ဒေသတွင်း စက်ရုံများအား လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရုံသာမက ၂၂ မိုင် ကွာဝေးသော Buffalo မြို့ သို့ ဓာတ်အား ပို့လွှတ် ဖြန့်ဖြူးပေးခဲ့သည်။
၁၈၈၈ နှောင်းပိုင်းမှ စ၍ တက်စလာသည် ကြိမ်နှုန်းမြင့် (very high frequency) a.c လျှပ်စစ်ဓာတ်အားကို ထုတ်လုပ် အသုံးချရန် အလွန် စိတ်ဝင်စား ခဲ့သည်။ ထို
တက်စလာကွိုင်သည် လျှပ်စစ် ပတ်လမ်း ၂ ခုကို ပေါင်းစပ်ထားခြင်း ဖြစ်သည်။ နှစ်ခုစလုံးမှာ ဝါယာခွေများ ဖြစ်ကြပြီး အခေါင်းပါသော ဆလင်ဒါ တစ်ကိုကို အတူတကွ ရစ်ပတ် ထားခြင်းဖြစ်သည်။ ကွိုင်တစ်ခုမှာ အရွယ်အစား ကြီးမားသော ဝါယာကို သုံးထားပြီး အပတ်ရေ အနည်းငယ်သာ ပတ်ထားသည်။ နောက် ကွိုင်တစ်ခုမှာမူ အရွယ်အစား အလွန် သေးငယ်သော ဝါယာကြိုး အပါတ်ရေ များစွာ ပတ်ထားပြီး ယင်းကွိုင် အတွင်းသို့
တက်စလာအနေဖြင့် ရေဒီယို နည်းပညာ ပေါ်ပေါက်လာစေရန် များစွာ စိတ်အား ထက်သန်ခဲ့သည်။ ၁၈၉၇ အစောပိုင်းတွင် နယူးယောက်မြို့ မက်ဒီဆင် စကွဲ ပန်းခြံ (Madison Square Gardan) တွင် အဝေးထိန်းစံနစ်သုံး လှေပုံစံငယ် ၂ ခုကို သရုပ်ပြခဲ့သည်။ ၁၉၀ဝ ခုနှစ်မှ စတင်ကာ လောင်းကျွန်းငယ် (Long Island) ပေါ်တွင် အသံလွှင့် စက်ရုံတစ်ခုကို စတင်တည်ထောင်ခဲ့ပြီး ကမာ္ဘ့ကြိုးမဲ့ ဆက်သွယ်မှု စနစ် ပရောဂျက် (World Wireless) တည်ထောင်နိုင်ရန် ကြိုးပမ်းခဲ့သည်။ နောင် နှစ်အနည်းငယ် ကြာသော အခါ သူ့ပရောဂျက်သည် သူ့ကို ထောက်ပံ့နေသူများအတွက် မဖြစ်နိုင်လောက်အောင် ကုန်ကျစားရိတ် များပြားလာကြောင်း သိလာကြပြီး သူ့ကို စွန့်ခွာ သွားခဲ့ကြသည်။ (၁၉၁၄-၁၉၁၈) [[ပထမ ကမ္ဘာစစ်]] အစတွင် တက်စလာအနေနှင့် စီးပွားပျက်ကပ် ကို ရင်ဆိုင်ခဲ့ရသည်။ အသံလွှင့်ရုံ အပါအဝင် မြောက်များစွာသော သူ၏ မအောင်မြင်သော ပရောဂျက်များကြောင့် ဝက်စတင်းဟောက်စ် ကလည်း စီးပွားရေးအရ ထောက်ပံ့ကူညီရန် ငြင်းပယ်ခဲ့သည်။ အခြား အဓိက ငွေကြေးထောက်ပံ့သူ တစ်ဦးဖြစ်သော စီးပွားရေးသမား ဂျွန် ပီယာပွန့် မော်ဂန် (John Pierpont Morgan) ကလည်း ၁၉၁၃ ခုနှစ်တွင် ဆုံးပါးသွားခဲ့သည်။
|