ရွှေဘိုမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဟူ၍၎င်း +ဟူ၍လည်းကောင်း, -ညာသံပေး +ငြာသံပေး)
စာကြောင်း ၅၅ -
[[ဥဩအော်မြည် ကုန်းဘောင်တည်]] ဆိုသောစကားအရ ရွှေဘိုမြို့ကို [[မြန်မာသက္ကရာဇ်]] ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃-၅၄) ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက် ကြာသပတေး နေ့ အဝင် ညဉ့် ၃ ချက်တီးကျော် ငါးနာရီပါဒ်ပြည့် ၁၁ ဗီဇနာ၊ ပြန်ပြည့်၊ ခရာပြည့်၊ ပြုဗ္ဗာဘဒြပိုဒ် နက္ခတ်၊ တစ်ပါဒ်မွန်းတည့်ပြိဿတွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည်တွင် မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့သည်။ ယခင်က [[မုဆိုးဖို]] အမည်ရှိရွာတစ်ရွာဖြစ်သည်။ [[အလောင်းဘုရား]]က [[အင်းဝ]]ပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး [[ဟံသာဝတီ]]ကို တွန်းလှန်ကာ [[တတိယမြန်မာနိုင်ငံ]]ကို တည်ထောင်ခဲ့သည်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။
 
ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်း ခေါ်ဆိုကြသည်။ မြို့အနီးတွင်ရှိသော ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင်ဟုခေါ်ဆိုကြသည်။ [[အလောင်းဘုရား]]သည် [[သံလျှင်]]ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်းစေ၏။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ညာသံပေးကာဝင်ရောက်ကြလေ၏။ငြာသံပေးကာဝင်ရောက်ကြလေ၏။ ထိုအခါမှစ၍ ရွှေဘိုဟုခေါ်ဆိုကြလေသည်။
 
ရွှေဘိုမြို့၏ မူလအမည်မှာ မုဆိုးဘိုဖြစ်သည်။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး (မြန်မာ ၄၇၄-၅၂၉)သည် တိုင်းခန်း လှည့်လည်စဉ်က ထိုဒေသသို့ ရောက်သောအခါ မြေဒူးမြို့ တည်ရာအနီး [[မြင်းခွာတောင်]]၌ စေတီပုထိုးများကို တည်တော်မူခဲ့ပြီးနောက် ထိုတောင်ခြေမှ တူးမြောင်းကြီးဖောက်လုပ်ကာ ထိုတူးမြောင်းတစ်လျှောက် သင်းကနက်သားဖောင်ဖြင့် စုန်ဆင်းခဲ့သည်ဟု ဆိုသည်။ တူးမြောင်းကြီး မိုင် ၅ဝ ခန့်ရှိသောအခါ မဟာနန္ဒာကန်ကို ဆည်ဖို့၍ ရွှေတန်ဆာဘုရားကို တည်ကာ ငပိုအမည်ရှိသော မုဆိုးအား ထိုနေရာ၌ ရွာတည်စေပြီးလျှင် စေတီစောင့်ထားခဲ့သည်ကို အကြောင်းပြု၍ ထိုရွာကို မုဆိုး ငဘိုရွာ၊ ထိုမှတစ်ဆင့် မုဆိုးဘိုရွာဟု တွင်ကြောင်းဖြင့် ဆိုသည်။
 
သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် အင်းဝပြည်ကြီး ပျက်စီး၍ မြန်မာနိုင်ငံ အထက်ပိုင်းတွင် သူတစ်လူ ငါတစ်မင်း ပျက်စီးယိုယွင်းလျက် ရှိသည်ကို မုဆိုးဘိုရွာသူကြီး ဦးအောင်ဇောယျ၏ အစီအမံဖြင့် သိမ်းရုံး စုစည်းနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ဦးအောင်ဇေယျသည် မုဆိုးဖိုရွာ၌ ထီးနန်းစိုက်ထူခဲ့ရာ ရန်အပေါင်းကို အောင်မြင်သဖြင့် ရန်ကြီးအောင်မြို့ဟူ၍၎င်း၊ရန်ကြီးအောင်မြို့ဟူ၍လည်းကောင်း၊ ထိုမြို့ အနီး တောင်နှင့်မြောက် တန်းလျက်နေသော ယခု မြွေရိုး လမ်းတောင်တွင်သည့် ကုန်းဘောင်တောင်ကို အစွဲပြု၍ ကုန်း ဘောင်မြို့ဟူ၍၎င်း၊ဘောင်မြို့ဟူ၍လည်းကောင်း၊ မုဆိုးဘိုဟူသော အမည်တွင် မုဆိုးကို ဖျောက်၍ ရှေ့မှ ရွှေတပ်ကာ အဖျားဆွတ်ခေါ်သည့် ရွှေဘိုမြို့ ဟူ၍၎င်းဟူ၍လည်းကောင်း (ရန်ကုန်မြို့ကို ရွှေကုန်မြို့ဟု အဖျားဆွတ်ခေါ်သကဲ့သို့ ဖြစ်သည်။) လောကီရတနာ၊ လောကုတ္တရာရတနာများ စုဝေးရာ ဦးစွန်းသဖွယ် ဖြစ်သဖြင့် ရတနာသီခမြို့ဟူ၍၎င်းရတနာသီခမြို့ဟူ၍လည်းကောင်း (အချို့က ဇေယသီခ-လူတို့အထွတ်ဦးစွန်းသဖွယ်ဖြစ်သောမင်း၊ ပဉ္စသီခ- ဦးစွန်း ငါးခုရှိသော နတ်သား စသည့် အမည်တို့ကဲ့သို့ ဤမြို့ ကိုလည်း ရတနာသီခမြို့ဟု ရေးသင့်ကြောင်း၊ သီဃသဒ္ဒါသည် အလျင်အမြန်ဟောသဖြင့် အလျင်အမြန် ပျက်ရန် နိမိတ်ဖြစ်၍ ရတနာသီဃ(ရတနာသိင်္ဃ)ဟု မရေးသင့်ကြောင်း၊ ရတနာသီခ ဟုသာ ရေးသင့်ကြောင်း၊ ကာလရှည်ကြာသဖြင့် ရတနာသိင်္ခ ဖြစ်လာကြောင်း အချို့က ဆိုကြသည်။) ဤသို့လျှင် ရွှေဘိုမြို့ သည် အမည်ငါးမျိုးဖြင့် တွင်သည်။ ထိုကြောင့် ကုန်းဘောင်ဘွဲ့ ပုံကြီးသံတွင်-''ရန်ကြီးအောင်၊ ကုန်းဘောင်သ၊ ငါးမည်ရပြည်ရွှေဘို၊ ဘေးရန်ကပြို၊ မုဆိုးဘို၊ ရန်ပြိုတဲ့၊ နာသိင်္ခ၊ ဘိုးတော်ဒေသ''ဟု ဖွဲ့ဆိုခြင်း ဖြစ်လေသည်။
 
အလောင်းမင်းတရားကြီးသည် ''ရွှေဘုံအောင်မြို့၊ ရွှေမြို့ကျုံးဝန်း၊ နတ်ကွန်းရေကန်၊ ချိန်မှန်ပဟိုရ်၊ ရွှေချက်သို'' ဟုသော စာဆိုအတိုင်း မြို့တော်၊ ကျုံးတော်၊ နတ်ကွန်းတော်၊ ရေကန်တော်၊ ပဟိုရ်စင်၊ မင်းတရားကြီး ချက်မြှုပ်ရာ၌ တည်သော ရွှေချက်သိုဘုရား ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ခဲ့လေသည်။ အလောင်းမင်းတရားကြီး နတ်ရွာစံလွန်သောအခါ သားတော်နောင်တော်ကြီးမင်းမှ စ၍