စက်မှုတော်လှန်ရေး: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အမြောက်အများ +အမြောက်အမြား)
စာကြောင်း ၅ -
စက်မှုတော်လှန်ရေးသည် ၁၇၅၉ ခုနှစ်ခန့်တွင် စတင်ခဲ့သည်ဟု တချို့က ယူဆခဲ့သော်လည်း ၁၈၃၀ ပြည့်လွန်နှစ်ရောက်မှသာ ရုပ်လုံးပီပြင်လာသည်။ ပညာရှင်အများစုက စက်မှုတော်လှန်ရေးသည် ဗြိတိန်နိုင်ငံ (ယူကေ) အလယ်ပိုင်းဒေသတွင် အစပျိုးခဲ့သည်ဟု လက်ခံထားကြသည်။ ၁၈ ရာစုနှစ်လယ်ပိုင်းတွင် ဗြိတိသျှလူမျိုး [[ဂျိမ်းစ်ဝပ်]] [[ရေနွေးငွေ့စက်]]ကို တီထွင်ခဲ့ပြီးနောက် လူအားဖြင့် ကုန်ထုတ်လုပ်ခြင်းမှသည် စက်အားဖြင့် ထုတ်လုပ်ခြင်းသို့ တစတစ ကူးပြောင်းလာခဲ့သည်။ ဒီ့နောက်တွင် အနောက်ဥရောပ နိုင်ငံများနှင့် အမြောက်အမေရိကတိုက်သို့ ပျံ့နှံ့သွားကာ ကမ္ဘာတဝှမ်းသို့ သက်ရောက်မှု ဖြစ်စေခဲ့သည်။ ရေနွေးငွေ့စက်၊ [[ကျောက်မီးသွေး]]၊ [[သံ]]နှင့် [[သံမဏိ]]တို့သည် နည်းပညာတိုးတက်မှုနှင့် စက်မှုတော်လှန်ရေး အရှိန်အဟုန်ရလာစေသည့် အကြောင်းအရင်းကြီး ၄ ရပ်ဟု ယူဆကြသည်။
 
ဂျိမ်းစ်ဝပ် ရေနွေးငွေ့စက်အား မတီထွင်မှီကာလတွင် ကုန်ပစ္စည်းထုတ်လုပ်ရာ၌ လူအားနှင့် တိရစ္ဆာန်အင်အားကိုသာ အသုံးပြုခဲ့ကြသည်။ ရေနွေးငွေ့စက် ပေါ်ပေါက်လာပြီးနောက် စက်ရုံများအား မြစ်၊ ချောင်းများ အနီးတွင် တည်ဆောက်ရန် မလိုတော့သကဲ့သို့ လူအား အမြောက်အများကိုလဲအမြောက်အမြားကိုလဲ မလိုအပ်တော့ပေ။ ကုန်ထုတ်စွမ်းအားလည်း အရှိန်အဟုန်နှင့် တိုးမြင့်လာစေသည်။ စက်မှုတော်လှန်ရေးသည် လူ့ဘောင်အဖွဲ့အစည်းအပေါ် စီးပွားရေး၊ ယဉ်ကျေးမှု၊ လူနေမှုစသည့် အပိုင်းကဏ္ဍအသီးသီးမှ ကြီးမားနက်ရှိုင်းသည့် သက်ရောက်မှု ဖြစ်စေခဲ့သည်။
 
== နောက်ခံသမိုင်း ==