သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဂြိုလ် +ဂြိုဟ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ခဲ့ပါသည် +ခဲ့သည်)
 
စာကြောင်း ၂၉ -
မြန်မာ့သတင်းစဉ်(ပြည်တွင်း)သည် ၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ပြန်ကြားရေး ညွှန်ကြားရေးဝန်ရုံးမှ သတင်းဌာနစိတ်ဝန်ထမ်းများကို အခြေပြုပြီး ကာကွယ်ရေးဝန်ကြီးဌာန၊ စိတ်ဓာတ် စစ်ဆင်ရေးညွှန်ကြားရေးဝန်ရုံးမှ စစ်ဘက်နယ်ဘက်ဝန်ထမ်းများ၊ လူမှုဝန်ထမ်းဌာနမှ ဝန်ထမ်းများကို ပေါင်းစည်းကာ "တော်လှန်ရေးကောင်စီသတင်းစဉ်" အမည်ဖြင့် ရန်ကုန်မြို့ ပြည်လမ်းရှိ မြန်မာ့အသံ အဆောက်အအုံ၌ စတင်ခဲ့သည်။
 
၁၉၆၃ ခုနှစ်၊ ဇူလိုင်လ ၂၆ ရက်နေ့တွင် မြန်မာ့သတင်းစဉ်အမည်ဖြင့် ပြည်တွင်း၊ နိုင်ငံခြား နှစ်ဌာနဖွဲ့စည်းပြီး ရန်ကုန်မြို့ ဘောင်ဒရီလမ်း၊ အမှတ် ၂၅၃ (ဗမာ့ခေတ်သတင်းစာတိုက်)သို့ ပြောင်းရွှေ့ဖွဲ့စည်းခဲ့သည်။ ၁၉၆၄ ခုနှစ် နှစ်ဦးတွင် ၂၁၂၊ သိမ်ဖြူလမ်း၊ ပုံနှိပ်ရေးနှင့် စာအုပ် ထုတ်ဝေရေးလုပ်ငန်း အဆောက်အအုံသို့ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ တွင်လက်ရှိ အဆောက်အအုံသို့ ပြောင်းရွှေ့ခဲ့ပါသည်။ပြောင်းရွှေ့ခဲ့သည်။ ၁၉၇၂ ခုနှစ်၊ မတ်လ ၁၆ ရက်မှစ၍ သတင်းနှင့်စာနယ်ဇင်းကော်ပိုရေးရှင်း(ယခုသတင်းနှင့် စာနယ်ဇင်း လုပ်ငန်း) လက်အောက်ခံအဖွဲ့အစည်းအဖြစ် သတင်းရယူရေးနှင့်ထုတ်ပြန်ရေးလုပ်ငန်းများကို ၁၉၈၈ ခုနှစ်နောက်ပိုင်း နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီခေတ်အထိ ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့သည်။
 
၂၀၀၆ ခုနှစ်၊ ဇန်နဝါရီလ ၃၀ ရက်နေ့မှစတင်၍ နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာန၊ ဝန်ကြီးရုံးရှိ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်)တွင် မြန်မာ့သတင်းစဉ်(ပြည်တွင်း) သတင်းဌာနခွဲအဖြစ်ပြောင်းရွှေ့၍ သတင်းထုတ်ပြန်ရေးတာဝန်များကို ဆောင်ရွက်လျက်ရှိသည်။
 
=== မြန်မာ့သတင်းစဉ်(နိုင်ငံခြား) ===
မြန်မာ့သတင်းစဉ်(နိုင်ငံခြား)ကို စတင်တည်ထောင်ချိန်တွင် ပြန်ကြားရေးဌာန ညွှန်ကြားရေးဝန်၏ စီမံအုပ်ချုပ်မှုဖြင့် နိုင်ငံခြားသတင်းဌာနများဖြစ်သည့် တန်ယွတ်၊ ပီတီအိုင်၊ ရိုက်တာ၊ ယွန်ဟပ်၊ ဆင်ဟွာ စသည့် သတင်းဌာန ၁၆ ခုတို့မှပေးပို့သော သတင်းများကို Teleprinter စနစ်ဖြင့် ဖမ်းယူထုတ်ဝေခဲ့သည်။ ၂၀၀၄ ခုနှစ်ဦးပိုင်းတွင် Teleprinter များသည် လုပ်ငန်းခွင်၌ အခက်အခဲဖြစ်ပေါ်၍ ရုပ်သိမ်းခဲ့ပါသည်။ရုပ်သိမ်းခဲ့သည်။ သို့ပါ၍ ၂၀၀၄ ခုနှစ်တွင် ဆင်ဟွာသတင်းဌာနက တာဝန်ယူ၍ ဂြိုဟ်တုစလောင်းများတပ်ဆင်ပေးခဲ့ရာ Computer စနစ်သို့ ပြောင်းလဲ ထုတ်ဝေခဲ့သည်။
 
မြန်မာ့သတင်းစဉ်(နိုင်ငံခြား) သတင်းအဖွဲ့သည်လည်း ရန်ကုန်မှ နေပြည်တော်ကောင်စီ နယ်မြေ၊ ဇေယျာသီရိမြို့နယ်ရှိ နေပြည်တော်သတင်းစာတိုက်သို့ ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ(၁၁)ရက် နေ့မှစတင်၍ ဌာနတစ်ခုလုံးပြောင်းရွှေ့လာပြီး နိုင်ငံခြားသတင်းများကို ဖမ်းယူရိုက်နှိပ်၍ သတင်းလွှာထုတ်ဝေဖြန့်ချိသည့်လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြပြီး အင်တာနက်ခေတ်ထွန်းကားလာသည်နှင့်အညီ online မှ နိုင်ငံခြားသတင်းများကို ဖမ်းယူကြည့်ရှုနိုင်ပြီးဖြစ်သည့်အတွက် သတင်းလွှာထုတ်ဝေဖြန့်ချိသည့်လုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ ဧပြီလ (၁) ရက်နေ့မှ စတင်ရပ်နားခဲ့သည်။ သို့ရာတွင် Reuters, Xinhua, NHK, PTI, KPL, AFP သတင်းဌာနများမှ နိုင်ငံခြားသတင်းများကို ဂြိုဟ်တုစလောင်းနှင့်အင်တာနက်တို့မှဖမ်းယူ၍ အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ပြန်ဆိုပြီး ပြည်သူ့ရှေ့မှောက်သို့ ချပြသည့်လုပ်ငန်းများကိုမူ ယနေ့အထိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။