စံဝင်း (ပန်းချီဆရာ): တည်းဖြတ်မှု မူကွဲများ

No edit summary
No edit summary
စာကြောင်း ၂၆ -
 
== ပန်းချီပညာများကို လေ့လာဆည်းပူးခြင်း ==
မောင်စံဝင်း အသက် ၁၃ နှစ်အရွယ်တွင် ပါမောက္ခဝပ်က အပြီးအပိုင် မွေးစားခွင့်ရပြီး ရန်ကုန်မြို့သို့ ခေါ်ယူလာခဲ့သည်။ ရွှေတိဂုံဘုရားလမ်းရှိဒလမြို့စား  [[မွန်လူမျိုး]]စစ်ကဲကြီး[[မောင်ထော်လေး၊ စစ်ကဲ|မောင်ထော်လေး]]မှ ဆင်းသက်လာသူ မင်းကြီးကတော် ဒေါ်မြမေအိမ်တွင်ဒေါ်[[မြမေ]]၏ ရွှေတိဂုံဘုရားလမ်းရှိအိမ်တွင် မောင်စံဝင်းကလေးသည် ပါမောက္ခဝပ်နှင့်အတူ နေထိုင်ရသည်။ မောင်စံဝင်းအဖို့ ကံကောင်းသည်မှာ ထိုအချိန်က မင်းကြီးကတော် ဒေါ်မြမေအိမ်တွင် ပန်းချီ ဦးဘဇော်၊ ဦးသာထွန်း စသည့် တက်သစ်စ လူငယ်များကို ပျိုးထောင်ပေးနေချိန်ဖြစ်သည်။ မင်းကြီးကတော် ဒေါ်မြမေ ဖွင့်လှစ်ထားသော ဗုဒ္ဓဘာသာ ယောက်ျားလေးကျောင်းတွင် စတုတ္ထတန်းမှစ၍ အလယ်တန်းအောင်သည်အထိ ပညာသင်ကြားခဲ့သည်။ ထိုမှ ရွှေတိဂုံဘုရားလမ်းနှင့် ဗိုလ်ချုပ်လမ်းထောင့်ရှိ အစိုးရဟိုက်စကူးကျောင်းတွင် ဆက်လက်ပညာသင်ကြားသည်။ ကျောင်း၏ ပန်းချီပုံဆွဲနည်းပြဆရာမှာ ပန်းချီဆရာကြီး ဦးဘဉာဏ်ဖြစ်သည်။ ပါမောက္ခဝပ်ကလည်း မောင်စံဝင်းကို ပန်းချီပညာသင်ကြားပေးလျက်ရှိပြီး သူ အောက်ဒိုးပန်းချီရေးဆွဲသည့်နေရာတိုင်း မောင်စံဝင်းလေးကို အတူခေါ်သွားသည်။