လင်းနို့: တည်းဖြတ်မှု မူကွဲများ

→‎လင်းနို့: စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-စေပါသည် +စေသည်)
စာကြောင်း ၂၂ -
 
 
ကမ္ဘာပေါ်တွင် လင်းနို့အမျိုးပေါင်း (၁၁၀၀) ကျော်ရှိသည့်အနက် (၂၀%) ခန့်ကိုသာ နို့တိုက်သတ္တဝါအဖြစ် ခွဲခြားသတ်မှတ်နိုင်သေးသည်။ (၇၀%) သောလင်းနို့မျိုးများမှာ [[အင်းဆက်စားသတ္တဝါ]]များဖြစ်သည်။ ကျန်လင်းနို့မျိုးများမှာ သစ်သီးစားသတ္တဝါများဖြစ်ကြသည်။ လင်းနို့များသည် ကမ္ဘာတစ်ဝန်းတွင် ပျံ့နှံ့စွာ ရှိနေကြပြီး [[ဝတ်မှုန်]]ကူးခြင်းနှင့် သစ်စေ့များပျံ့နှံ့ခြင်းတို့ကို ဖြစ်စေပါသည်။ဖြစ်စေသည်။ များစွာသော အပူပိုင်းဒေသအပင်များမှာ သစ်စေ့များ ပျံ့နှံ့မှုအတွက် လင်းနို့များပေါ်တွင် လုံးလုံးလျားလျား တည်မှီနေကြရသည်။ အရွယ်အစားအားဖြင့် အလျား ၂၉–၃၃ မီလီမီတာ (၁.၁၄–၁.၃ လက်မ) ခန့်နှင့် အလေးချိန် ၂ ဂရမ် (၀.၀၇ အောင်စ) ခန့်သာရှိသော Kitti's Hog-nosed Bat လင်းနို့မျိုးများမှသည် တောင်ပံဖြန့်လိုက်လျှင် 1.5 m (4 ft 11 in) နှင့် အလေးချိန် 1.2 kg (3 lb) အထိရှိသော Giant Golden-crowned Flying-fox များအထိ အရွယ်စုံရှိသည်။