လူမျိုးစု: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ချက်ခြင်း +ချက်ချင်း)
စာတွဲများ: နောက်ပြန်ပြင်ခဲ့ပြီး PAWS [2.1]
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-တွက်ချက်ချင်း +တွက်ချက်ခြင်း)
စာတွဲများ: လက်ဖြင့် နောက်ပြန်ပြင်ခြင်း PAWS [2.1]
စာကြောင်း ၁၇ -
 
== လူမျိုးဝိသေသ နှင့် မျိုးရိုး ==
Weber (ဝီဘာ) မတိုင်ခင်က မျိုးရိုးနှင့် လူမျိုးဝိသေသတို့အား တူညီသောအရာတစ်ခု၏ အမြင်နှစ်မျိုး အဖြစ် မြင်ခဲ့ကြ သည်။ ၁၉၀၀ ဝန်းကျင်နှင့် လူမျိုးဝိသေသအား ပဓာနကျ၊ ကမ္ဘာဦးကျစွာ နားလည်မှုမှာ လွှမ်းမိုးနေခဲ့သည့် မတိုင်မီတွင်၊ လူထုအကြား ယဉ်ကျေးမှုမတူညီကြခြင်းသည် မွေးရာပါ ထူးခြားသည့်လက္ခဏာများ နှင့် သက်ရောက်မှုများ တို့၏ရလဒ်အဖြစ် မြင်ခဲ့ကြသည်။ ထိုအချိန်သည် ဦးခေါင်းခွံပုံစံကဲ့သို့သော ပြင်ပရုပ်လက္ခဏာများ မတူညီကြသော လူဦးရေတို့၏ ယဉ်ကျေးမှုနှင့် အမူအကျင့်ဆိုင်ရာဉာဉ်တို့အား အပြန်အလှန်အားဖြင့် ဆက်စပ်နှီးနွယ်နိုင်ကြောင်း ဦးခေါင်းခွံပုံစံကိုကြည့်၍ လူ၏ဉာဉ်ကို စူးစမ်းတွက်ချက်ချင်းစူးစမ်းတွက်ချက်ခြင်း ကဲ့သို့သော "သိပ္ပံပညာ" မှ အခိုင်အမာဆိုခဲ့သည်။ လူမှုရေးတည်ဆောက်မှု၊ မျိုးရိုး နှင့် လူမျိုးဝိသေသ တို့မှာ တစ်ခုမှတစ်ခု ပိုင်းခြားထားမှုအဖြစ် ဝီဘာ၏ လူမျိုးဝိသေသ အား မိတ်ဆက်မှုပြုခြင်းတွင် တွေ့ရသည်။ ဇီဝဗေဒ အရ ကောင်းမွန်စွာတည်ရှိနေသော မျိုးရိုးများအား လူမှုရေး ယုံကြည်ချက် သည် ဆက်လက်တည်မြဲလျက်ရှိသည်။
 
၁၉၅၀ တွင် နိုင်ငံတကာမှ ထင်ရှားသော ပညာရှင်အချို့ (Ashley Montagu (အက်ရှ်လေ မွန်တက်ဂူ)၊ Claude Lévi-Strauss (ကလောဒီ လယ်ဗွီ-စထရော်(စ်))၊Gunnar Myrdal (ဂန်နာ မိုင် ရာဒယ်)၊ Julian Huxley (ဂျူလီရန် ဟူစ်လေ) စသူတို့အပါအဝင်) လက်မှတ်ရေးထိုးခဲ့သော UNESCO (ယူနက်စ်စကို) ၏ လူမျိုးရေးပုစ္ဆာ တွင်အကြံပြုထားသည်မှာ "နိုင်ငံသားနှင့်ဆိုင်သော၊ ကိုးကွယ်မှုနှင့်ဆိုင်သော၊ ပထဝီအနေအထား၊ ဘာသာစကား ဆိုင်ရာ နှင့် ယဉ်ကျေးမှုနှင့်ဆိုင်သောအုပ်စုများသည် လူမျိုးရေးအုပ်စုတို့နှင့် အတိအကျတိုက်ဆိုင် မနေကြောင်း နှင့် ထိုအုပ်စု များ၏ ယဉ်ကျေးမှုဆိုင်ရာ ထူးခြားသည့်လက္ခဏာများမှာ လူမျိုးရေးထူးခြားသည့် လက္ခဏာများတို့နှင့် အထင်အရှား ရေးဆွဲဖော်ပြထားသော မျိုးရိုးဗီဇ ဆက်သွယ်မှု မရှိကြောင်း ဆိုထားသည်။ 'လူမျိုးရေး' ဟူသော အသုံးအနှုန်းအား ခေတ်စားသောစကား အဖြစ် အသုံးပြုသောအခါ ထိုကဲ့သို့သော အရေးကြီးသည့်အမှားများ ပြုလုပ်မိသည့် အလေ့အထရှိသောကြောင့်၊ လူတို့၏ လူမျိုးရေး အကြောင်းပြောရာတွင် 'လူမျိုးရေး' ဟူသော အသုံးအနှုန်းအားဖြုတ်ခဲ့ပြီး 'လူမျိုးစု' ဟူ၍ ပြောခြင်းသည် ပို၍ အဆင်ပြေ ကောင်းမွန်ပေမည်။"