အင်တာနက်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-းး +း)
စာကြောင်း ၆၄ -
အင်တာနက်၏ ရှုပ်ထွေးစွာ ပါဝင်ပေါင်းစပ်နေသော ဆက်သွယ်ရေး အခြေခံဖွဲ့စည်းတည်ဆောက်ပုံတွင် ၎င်း၏ ဟာ့ဒ်ဝဲ အစိတ်အပိုင်းများနှင့် တည်ဆောက်ပုံ၏ လက္ခဏာသွင်ပြင် အမျိုးမျိုးကို ထိန်းချုပ်သော ဆော့(ဖ်)ဝဲအလွှာ(layers)များပါသည့် စနစ်တို့ ပါဝင်သည်။ ဟာ့ဒ်ဝဲကို အခြား ဆော့(ဖ်)ဝဲစနစ်များအား ထောက်ပံ့ရန် မကြာခဏ အသုံးပြုနိုင်သော်လည်း ၎င်းသည် အင်တာနက်၏ ဂုဏ်အင်္ဂါကို ဖော်ပြပြီး ၎င်း၏ တတ်နိုင်မှုနှင့် အောင်မြင်မှုအခြေခံကို ထောက်ပံ့ပေးသည့် ဒီဇိုင်းနှင့် ဆော့(ဖ်)ဝဲ တည်ဆောက်ပုံ၏ တိကျသော စံနှုန်းသတ်မှတ်ခြင်း လုပ်ငန်းစဉ် ဖြစ်သည်။ အင်တာနက် ဆော့(ဖ်)ဝဲစနစ်များ၏ တည်ဆောက်ပုံဒီဇိုင်းအတွက် တာဝန်ကို အင်တာနက် အင်ဂျင်နီယာပညာ အထူးစစ်ဆင်ရေးအဖွဲ့ (Internet Engineering Task Force - IETF) သို့ လွှဲအပ်ထားသည်။IETF သည် အင်တာနက် တည်ဆောက်ပုံ၏ အမျိုးမျိုးသော ရှုထောင့် နှင့်ပတ်သက်၍ မည်သည့် တစ်ဦးချင်းကိုမဆို ဖွင့်ထားသော စံချိန်စံညွှန်းသတ်မှတ်ရေး လုပ်ငန်း အုပ်စုများကို စီမံခန့်ခွဲသည်။ ဆွေးနွေးမှုရလဒ်များနှင့် အပြီးသတ် စံချိန်စံညွှန်းများကို ဝေဖန်ချက်များ တောင်းခံခြင်း (Request for Comments - RFC) ဟုခေါ်သည့် ပုံနှိပ်ထုတ်ဝေခြင်း အတွဲများတွင် ပုံနှိပ်ထုတ်ဝေခဲ့သည်။ ၎င်းတို့ကို IETF ဝက်(ဘ်)ဆိုဒ်များတွင် အခမဲ့ ရယူနိုင်သည်။ အင်တာနက်ကို ထောက်ကူသော ကွန်ယက်ဖွဲ့ခြင်း အခြေခံနိယာမများသည် အင်တာနက် စံချိန်စံညွှန်းများကို ဖွဲ့စည်းတည်ထောင်သော အထူးတလည် တာဝန်ခန့်အပ်ထားသည့် RFC များတွင် ပါဝင်သည်။ အခြား တိကျမှုနည်းသော စာရွက်စာတမ်းများမှာ မှတ်သားဖွယ်စုံလင်သော၊ စမ်းသပ်လေ့လာမှုနှင့် ဆိုင်သော၊ သို့မဟုတ် သမိုင်းကြောင်းနှင့်ဆိုင်သော စာရွက်စာတမ်းများဖြစ်သည်။ သို့မဟုတ် အင်တာနက် နည်းပညာများကို အကောင်အထည်ဖော်နေစဉ် လက်ရှိအကောင်းဆုံး လက်တွေ့ဆောင်ရွက်မှုများ (best current practices -BCP) ကိုမှတ်တမ်းတင်ထားမှုများဖြစ်သည်။
 
အင်တာနက် စံချိန်စံညွှန်းများသည် အင်တာနက် ပရိုတိုကော(လ်)စုံဟု လူသိများးသောလူသိများသော ဖွဲ့စည်းမှုတစ်ခုကို ဖော်ပြသည်။ ဤသည်မှာ ပရိုတိုကောများ အလွှာများဖြင့်ပြုလုပ်ထားသည့် စနစ် (RFC 1122, RFC 1123)သို့ နည်းလမ်းများ ခွဲဝေသော စံပြ တည်ဆောက်ပုံဖြစ်သည်။ အလွှာများသည် ၎င်းတို့၏ ဝန်ဆောင်မှုများ လုပ်ဆောင်သော ပတ်ဝန်းကျင် သို့မဟုတ် ဘောင်နေရာအကျယ်အဝန်း နှင့်ဆက်စပ်နေသည်။ အပေါ်ဆုံးလွှာမှာ အသုံးချအလွှာ ဖြစ်ပြီး ဆော့(ဖ်)ဝဲ အသုံးချပရိုဂရမ်များတွင် အသုံးပြုရာတွင် အသုံးချပရိုဂရမ်ကို တိကျစွာ သတ်မှတ်ထားသည့် ကွန်ယက်ဖွဲ့ခြင်း နည်းလမ်းများအတွက် နေရာဖြစ်သည်၊ ဥပမာ ဆိုဒ်များကို လှန်လှောကြည့်ရှုနိုင်သော ဝက်(ဘ်) ဘရောက်ဆာ ပရိုဂရမ်တစ်ခု။ သယ်ယူပို့ဆောင်ရေးအလွှာမှာ အပေါ်ဆုံးလွှာ၏အောက်တွင် တည်ရှိပြီး ကွန်ယက်(ဥပမာ-ဗဟိုမှထိန်းချုပ်သော ဖောက်သည်-ဆာဗာ ပုံစံ)မှတဆင့် သင့်လျော်သော အချက်အလက် လဲလှယ်ခြင်း နည်းလမ်းများကို အသုံးပြု၍ ကွဲပြားခြားနားသော လက်ခံဟို့(စ်)များပေါ်တွင် အသုံးချပရိုဂရမ်များနှင့် ချိတ်ဆက်ထားသည်။ ထိုအလွှာများ၏ အခြေခံမှာ အလွှာနှစ်ခုပါဝင်သော အဓိက ကွန်ယက်ဖွဲ့ခြင်း နည်းပညာများဖြစ်သည်။
 
အင်တာနက်အလွှာသည် ကွန်ပျူတာများကို အင်တာနက် ပရိုတိုကော(လ်) IP လိပ်စာများမှတဆင့် အချင်းချင်း သိမှတ်ရန်နှင့် နေရာချထားရန် ဆောင်ရွက်နိုင်ပြီး ကွန်ပျူတာတစ်ခုနှင့်တစ်ခုကို ကြားခံ(တဆင့်ခံ) ကွန်ယက်များမှတဆင့် ချိတ်ဆက်ရန် လုပ်ဆောင်ခွင့်ပြုသည်။ နောက်ဆုံးဖြစ်သော တည်ဆောက်ပုံ၏ အောက်ဆုံးလွှာမှာ ဆော့(ဖ်)ဝဲအလွှာဖြစ်သည့် ချိတ်ဆက်အလွှာဖြစ်သည်။ ၎င်းက တူညီသော ကွန်ယက် အချိတ်အဆက်နယ်ပယ်တွင်း လက်ခံဟို့(စ်)များအကြား ဆက်သွယ်ချိတ်ဆက်မှုကို ထောက်ပံ့ပေးသည် - ဥပမာ ဒေသန္တရနယ်ပယ်ကွန်ယက် (local area network - LAN) သို့မဟုတ် ဖုန်းဖြင့်ချိတ်ဆက်ခြင်း။ TCP/IP ဟုလူသိများသော ပုံစံငယ်ကို အောက်ခံ ဟာ့ဒ်ဝဲအား မှီခိုမှုကင်းလွတ်ရန် ဒီဇိုင်းပြုလုပ်ထားသည်။ ထို့ကြောင့် ပုံစံငယ်သည် ၎င်းသက်သက်ဆိုလျှင် မည်သည့် အစိတ်အပိုင်းနှင့်မျှ ပတ်သက်ခြင်းမရှိပေ။ Open Systems Interconnection (OSI) ပုံစံငယ်ကဲ့သို့ အခြား ပုံစံငယ်များကိုလည်း ဖန်တီးတည်ဆောက်ခဲ့သည်။ သို့သော် ၎င်းတို့သည် ဖော်ပြချက် အသေးစိတ်များ နှင့်လည်းကောင်း အကောင်ထည်ဖော်ခြင်းတွင်လည်းကောင်း သဟဇာတဖြစ်မဖြစ်ပါ။ သို့သော် ဆင်တူမှု များစွာ ရှိနေပြီး ပုံမှန်အားဖြင့် OSI ကွန်ယက်ဖွဲ့ခြင်း ဆွေးနွေးမှုများတွင် TCP/IP ပရိုတိုကော(လ်)များအကြောင်း ပါဝင်သည်။