နိုင်ငံရေးဓလေ့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရပါသည် +ရသည်, -ရှိပါသည် +ရှိသည်, -ဖြစ်ပါသည် +ဖြစ်သည်)
 
စာကြောင်း ၁၀ -
 
(ဤသို့တပြီးကား၊ မြန်မာ့နိုင်ငံရေးဓလေ့ကိုပုံသွင်းပေးလိုက်သည့် ရေခံ၊ မြေခံမှာဘာဖြစ်မည်နည်း။ မြန်မာတွေ ဖြတ်သန်းခဲ့ရာ မြန်မာ့သမိုင်းပင် ဖြစ်ပါလိမ့်မည်။)
ရာစုနှစ်ပေါင်းများစွာ ဖြစ်တည်စွဲခိုင်လာခဲ့သောခါးသီးသည့် နိုင်ငံရေးအတွေ့အကြုံများသည်ပင်၊ “မြန်မာ့နိုင်ငံရေး ဓလေ့” ကိုပုံသွင်းလိုက်ခြင်း ဖြစ်တန်ရာသည်။ ဤသဘောကို၊ ခေတ်အဆက်ဆက် လက်ဆင့်ကမ်းခဲ့ကြသော မြန်မာ့ရိုးရာစကားပုံများတွင်၊ ဆဝါးနိုင်စရာရှိပါသည်။ဆဝါးနိုင်စရာရှိသည်။ အဆိုပါ ရိုးရာစကားပုံများ ငုပ်ဝင်နေသော “အတွေးပုံစံ” (though pattern) များသည်ပင်၊ မြန်မာ့နိုင်ငံရေးဓလေ့၏ ဖော်ပြချက်များဟုဆိုနိုင်ကောင်းပါသည်။
*“နိုင်ငံအရေး၊ ပေါက်နှင့်ကျေးကား၊ ငှက်ခါးအရောင်၊ တိမ်တောင်သဖွယ်၊ မင်းရေးကျယ်၏။”
*“ဘုရင်တို့ဘုန်း၊မိုးသို့ချုန်း၊ လူပုန်းတောမှာ၊ မနေသာ”
စာကြောင်း ၂၉ -
 
===လူမှုနိုင်ငံရေးတန်ဖိုး (Socio-political value)===
တိုင်းပြည်တစ်ပြည်၏ စီးပွားရေး၊ နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုများမှာ၊ သက်ဆိုင်ရာလူ့အဖွဲ့အစည်းများ၏ “လူမှုနိုင်ငံရေးတန်ဖိုး” (socio-political value) နှင့် နီးနီးကပ်ကပ် ဆက်စပ်လျက်ရှိသည်။ လူမှုနိုင်ငံရေးတန်ဖိုးဆိုရာတွင်၊ နိုင်ငံရေးဓလေ့သာမက “လူမှုရေးဓလေ့” (social culture) ပါအကျုံးဝင်သည်။ လူမျိုးတိုင်းမှာပင် ၎င်း၏သက်ဆိုင်ရာကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှုနှင့် စီးပွားရေးဆက်ဆံမှုများအလိုက်၊ မတူသောလူမှုဓလေ့များရှိကြသည်သာဖြစ်သည်။ ဤအမြင်ဖြင့် မြန်မာ့လူမှုဓလေ့ကိုဆန်းစစ်ကြည့်လိုက်ရာ၊ ထူးခြားလက္ခဏာ (၃) ရပ်ကိုအောက်ပါအတိုင်း တွေ့ရှိရပါသည်။တွေ့ရှိရသည်။
*(၁) နှုန်းစံအခြေပြု ချဉ်းကပ်နည်း (normative approach)
*(၂) အလွန်တိုသောယုံကြည်မှု အချင်းဝက် (very short radius of trust) နှင့်
*(၃) ပုဂ္ဂိုလ်ကိုးကွယ်မှု (personal cult) တို့ဖြစ်သည်။
လူမှုနိုင်ငံရေးဓလေ့နှင့် မတ်ဝါဒတို့တွင်၊ တူညီစွာရှိနေသောရယ်ဒီကယ်တိမ်းညွှတ်မှုနှင့် နှုန်းစံအခြေပြုစဉ်းစားနည်းတို့၊ အပြန်အလှန် ကျေးဇူးပြုကြရာမှ “တရားသေဝါဒ” (dogmatism) ထွက်ပေါ်လာသည်။ တဖန် လူမှုနိုင်ငံရေးဓလေ့ အားနည်းသောယုံကြည်မှုနှင့် ပုဂ္ဂိုလ်ကိုးကွယ်မှု စိတ်အခံဖြင့် မတ်ဝါဒကိုအကောင်အထည်ဖော်ကြရာ၊ “ဂိုဏ်းဂဏဝါဒ” (factionalism) ပေါ်ထွက်လာပြန်သည်။ အဆိုပါ တရားသေဝါဒနှင့် ဂိုဏ်းဂဏဝါဒတို့သည်ပင်၊ မြန်မာ့နိုင်ငံရေးတွင် အကြိမ်ကြိမ်အခါခါ ထပ်ကျော့တွေ့နေရသောအဆိုးကျော့သံသရာ ဖြစ်ပါသည်။ဖြစ်သည်။
<ref>ကျော်ဝင်း/မြန်မာ့နိုင်ငံရေးလေ့လာဆန်းစစ်ချက် (၁၉၄၈-၁၉၈၈)/အခန်း (၁) မြန်မာ့နိုင်ငံရေးဓလေ့</ref>