အဇင်မ် ပရမ်ဂျီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ိိ +ိ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ, -။ထ +။ ထ)
 
စာကြောင်း ၃၀ -
== ကိုယ်ရေးအကျဉ်း ==
ပရမ်ဂျီကို ၁၉၄၅ခုနှစ်၊ ဇူလိုင်လ ၂၄ ရက်တွင် ပါကစ္စတန်နိုင်ငံ၊ ကာရာချီမြို့၌ မွေးဖွားခဲ့သည်။ Gujarati Khoja( ဂူဂျာရာတီ ခိုဂျာ), Shia Ismaili Muslim Family (ရှိယာ အစ္စမလီ မွတ်စလင် မိသားစု) ဝင်ဖြစ်ပြီး သူ၏ဖခင်မှာ ဟင်းသီးဟင်းရွက်ဆီနှင့် အဆီခဲများထုတ်လုပ်သော Western India PROducts (နောင်တွင် Wipro ကုမ္ပဏီဖြစ်လာ) ၏ပိုင်ရှင်ဖြစ်သည်။ သူ၏အဖိုးမှာမူ မြန်မာနိုင်ငံ ဆန်ဈေးကွက်၏ ဘုရင်တစ်ဆူဖြစ်ခဲ့သည်။ သူ၏ဖခင်သည် Muhammed Ali Jinnah ၏ ပါကစ္စတန်နိုင်ငံသို့လာရောက်ရန် ဖိတ်ကြားချက်ကို ငြင်းဆန်၍ အိန္ဒိယနိုင်ငံတွင်သာ အခြေချခဲ့သည်။
၁၉၆၆ ခုနှစ်တွင် ပရမ်ဂျီ၏ဖခင်မှာရုတ်တရက်ဆုံးပါးသွားခဲ့ပြီး သူသည်မိသားစုလုပ်ငန်းများကို ဦးဆောင်လုပ်ကိုင်ရန်အတွက် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်ရှိ စတန်းဖို့ဒ်တက္ကသိုလ်တွင် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ် သင်ယူမည့်အစီအစဉ်ကို စွန့်လွှတ်ခဲ့ရသည်။ထိုအချိန်တွင်စွန့်လွှတ်ခဲ့ရသည်။ ထိုအချိန်တွင် ပရမ်ဂျီသည် အသက် ၂၁နှစ်သာရှိသေးပြီး မွန်ဘိုင်းရှိ စိန့်မေရီကျောင်းမှ အခြေခံပညာရေး ပြီးကာစဖြစ်သည်။သူသည်ပြီးကာစဖြစ်သည်။ သူသည် လျှပ်စစ်အင်ဂျင်နီယာ ဘွဲ့ကို နောင်နှစ်ပေါင်း၃၀ကြာပြီးနောက်မှ ပြန်လည်ရယူနိုင်ခဲ့သည်။ ပရမ်ဂျီသည် ဖခင်နေရာကို ဆက်ခံပြီးနောက် ဝိုင်ပရိုကုမ္ပဏီသည် ဟိုက်ဒရိုဂျင်အဆီခဲများ ထုတ်လုပ်ရာမှ နောက်ပိုင်းတွင် မုန့်ဖုတ်ရာတွင်သုံးသည့် အဆီခဲများ၊ တိုင်းရင်းပစ္စည်းများကိုအခြေခံသည့် ရေချိုးခန်းသုံးပစ္စည်းများ၊ ဆံပင်အလှ ထိန်းသိမ်းရေး ပစ္စည်းများ၊ ကလေးရေချိုးခန်းသုံးပစ္စည်းများ၊ လျှပ်စစ်မီးသီးများနှင့် ဟိုက်ဒရောလစ် ဆလင်ဒါများကို တိုးချဲ့ထုတ်လုပ်ခဲ့သည်။
 
ထို့နောက်တွင်မူပရမ်ဂျီသည် ဆပ်ပြာထုတ်လုပ်ခြင်းမှ ဆော့ဖ်ဝဲလ်များထုတ်လုပ်ခြင်း သို့စနစ်တကျ ကူးပြောင်းခဲ့သည်။Amalner ကိုအခြေခံသော vanapati ထုတ်လုပ်သော Western India PROducts ကုမ္ပဏီမှ ဝိုင်ပရို ထုတ်ကုန်ပစ္စည်းများလီမိတက်(Wipro Products Ltd)၊ ဝိုင်ပရို တက္ကနိုလိုဂျီ (Wipro Technologies) နှင့် ဝိုင်ပရို ကော်ပိုရေးရှင်း (Wipro Corporation) ဟူသော လုပ်ငန်းစုကြီးများ ဖြစ်လာခဲ့ကြသည်။ ပရမ်ဂျီ၏ မြင့်မားသော ရည်ရွယ်ချက်များဖြင့် ခေါင်းဆောင်မှုအောက်တွင် ဝိုင်ပရိုသည် အဆမတန် ကြီးထွားလာခဲ့သည်။ ဝိုင်ပရိုသည် General Electric နှင့် ပူးပေါင်း၍ လျှပ်စစ်မီးသီးများထုတ်လုပ်ခြင်းနှင့် အခြားလူသုံးကုန်ပစ္စည်းများကို ဆက်လက်ထုတ်လုပ်ခဲ့သည်။