ကင်းဝန်မင်းကြီး ဦးကောင်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဟူ၍၎င်း +ဟူ၍လည်းကောင်း)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ထ +။ ထ)
စာကြောင်း ၂၂ -
မောင်ချင်း ၇-နှစ်သား အရွယ်သို့ရောက်လျှင် အမိအဖတို့က မုန်တိုင်ပင်ရွာ၏ မြန်မာခရီး ၁-တိုင်ခန့်ကွာသော ငှက်ပျောတောရွာ ကျောင်းထိုင် ပုဂ္ဂိုလ်ဦးဆန်းထံတွင် စာပေသင်ကြားရန် အပ်နှံကြလေသည်။ သက္ကရာဇ် ၁၁၉၃-ခုနှစ် အသက် ၁၀-နှစ်သားအရွယ်သို့ရောက်လတ်သော် မောင်ချင်းကို ထိုကျောင်း၌ပင် သျှင်သာမဏေပြုကြ၍ ဆရာ-ဘုန်းတော်ကြီးဦးဆန်းက “အာသဘ” ဟု ဘွဲ့ချီတော်မူလေသည်။
 
သက္ကရာဇ် ၁၁၉၈-ခုနှစ် အသက် ၁၅-နှစ်အရွယ်တွင် သျှင်အာသဘသည် ဆရာမိဘတို့ထဲမှ ခွင့်ပန်၍ စစ်ကုန်းရွာကျောင်း ဆရာ-ဘုန်းတော်ကြီး ဦးအာသဘထံ၌ အဘိဓာန်၊ဆန်း၊အလင်္ကာ ပါဌ်အနက်များကို ကြိုးစားအားထုတ် ကျက်မှတ် သင်ကြားသည်။ ထို့နောက်မှလည်း ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမထံ၌၎င်း၊ ငါးရံ့အို-မြစ်စုတ်ရွာကျောင်း ဘုန်းတော်ကြီး ဦးကျော်ခေါင်ထံ၌၎င်း၊ ပြောင်းရွှေ့နေထိုင်ပြီးသကာလ သင်ရိုး-ပိဋကတ်ကျမ်းဂန်များကို နှံ့စပ်အောင် အားထုတ်သင်ကြားသည်။ ပဒူးရွာကျောင်း ဘုန်းတော်ကြီး ဦးဥတ္တမကား နောင်သောအခါ ဦးရန်ဝေးဟု ထင်ရှား ကျော်စောလာသူ၏ ဦးရီးဖြစ်လေသည်။ထိုစဉ်အခါကလည်းဦးရီးဖြစ်လေသည်။ ထိုစဉ်အခါကလည်း ပဒူးရွာသား ဦးရန်ဝေးသည် ထိုပဒူးရွာကျောင်း၌ပင်လျှင် ဦးပဉ္စင်း ဦးသုဒ္ဓအဖြစ်နှင့် ရှိသောကြောင့် သျှင်အာသဘနှင့် လွန်စွာ ခင်မင်ရင်းနှီးသော ဆရာတပည့် အဖြစ်သို့ရောက်ခဲ့ သည်။
 
== ရဟန်းဘဝ ==