ကော့သောင်းမြို့: တည်းဖြတ်မှု မူကွဲများ

၁ ဘိုက် ပေါင်းထည့်ခဲ့သည် ,  ပြီးခဲ့သည့် ၁၀ လ
အရေးမကြီး
ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ယ +။ ယ)
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-လျှက်ရှိ +လျက်ရှိ))
အရေးမကြီး (ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ယ +။ ယ))
 
===ဘုရင့်နောင်အငူ (ယခင်ဝိတိုရိယပွိုင့်)===
ဗြိတိသျှအုပ်ချုပ်စဉ်ကာလ ဝိတိုရိယဘုရင်မကြီး(QUEEN VICTORIA)ကို အစွဲပြု၍ ကော့သောင်းဝိတိုရိယပွိုင့်ဟု အမည်ပေးခဲ့ကြသည့် ဆိပ်ကမ်းနေရာတစ်ခုရှိသည်။ ၎င်းဆိပ်ကမ်းနေရာသည် နေရောင်အောက်တွင် အရောင်တလက်လက်တောက်နေသည့် ရေမြင်အတွင်းသို့ ထိုးထွက်နေသည့် ကျွန်းဆွယ်တစ်ခုဖြစ်သည်။ ထိုဝိတိုရိယပွိုင့်အငူစွန်းကို ယခုအခါဘုရင့်နောင်အငူဟု အမည်မှည့်ခေါ်ခြင်းဖြစ်သည်။ ဘုရင့်နောင်အငူစွန်းတွင် ခြေတံရှည်လူနေအိမ်များ၊ နယ်စပ်ဒေသစစ်ဆေးရေးဂိတ်ဝနှင့် လူဝင်မှုကြီးကြပ်ရေးစသည့် ရုံးများလည်းရှိသည်။ ကော့သောင်းကုန်းမြေနှင့် မျက်နှာချင်းဆိုင် ဆက်စပ်နေသောကျွန်းမှာ [[မြိတ်ကျွန်းစု]]တွင် ပါဝင်သော တောင်ဘက်အကျဆုံး ကျွန်းတစ်ကျွန်းဖြစ်သည်။ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ်ကျွန်းတစ်ကျွန်းဖြစ်သည်။ ယင်းကျွန်းသည်မွေတော်ကျွန်းအဖြစ် ထင်ရှားသည်။ မြတ်ဗုဒ္ဓ၏ဓာတ်တော်မွေတော်များ ထည့်သွင်းဌာပနာထားသည်ဆိုသော တောင်ကုန်းထိပ်ရှိ စေတီနှစ်ဆူတည်ရှိရာကျွန်း ဖြစ်ပေသည်။ ယင်းကြောင့်ပင် အဆိုပါ မွေတော်ကျွန်းသို့ ကော့သောင်းဘက်မှ ငါးမိနစ်ကြာမျှ လှေစီး၍ ကူးသန်းသွားလာကြသော ဘုရားဖူးခရီးသွားများ အဆက်မပြတ်ရှိနေတတ်သည်။ ကော့သောင်းမှနေ၍ အန်ဒမန်ကလပ်ရီဇော့တ်(Andaman Club Resort)ဟိုတယ်ရှိရာ [[သူဌေးကျွန်း]]ဆီသို့ ဖယ်ရီသင်္ဘောဖြင့် ၁၀ မိနစ်ခရီးအဖြစ် သွားရောက်နိုင်သည့် စပိဘုတ်(Speed Boat)ဖြင့် သွားရောက်ပါက သုံးမိနစ်ကြာမျှသွားရသည်။
[[File:Kawthoung 4.jpg|thumb|ဘုရင်နောင်အငူ]]