ဗညားဦး: တည်းဖြတ်မှု မူကွဲများ

Removing Hongsawatoi.jpeg, it has been deleted from Commons by AntiCompositeNumber because: No license since 26 August 2020.
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဗ +။ ဗ, -။န +။ န)
 
စာကြောင်း ၅၀ -
ဗြထဗိုက်လည်းမြို့ကိုဝန်းရံထားကာနေ၏။ တစ်လမျှကြာသော် မြို့တွင်း၌ အစာရေစာပြတ်လတ်ကာ ဆန်လည်းရှားလာသည်။ ထိုအခါ ဗြတ်ထဗ၏စေခိုင်းချက်အရ မယားဖြစ်သူမိမဆံလည်း ပရိယာယ်ပြု၍ ဗြထဗိုက်ကို အဆိပ်ခတ်ကာ လုပ်ကြံလေ၏။ တပ်မင်းဗြထဗိုက် မရှိလျှင် တပ်ပျက်၍ ဒုန်ဝန်းသို့ဆုတ်ချေ၏။
 
ဗြထဗိုက်လွန်သော် ဗညားဦးသည် မှော်ဘီစား ဇေယျသူရကို ဗိုလ်မင်းကြီးခန့်၍ မှူးမတ်သေနာပတိများကို အပ်၍ မုတ္တမကိုလုပ်ကြံစေပြန်သည်။ ဇေယျသူရလည်း အချိန်ကောင်းအခါကောင်းကိုရလျှင် ဗိုလ်ခြေအင်အားကြီးမားစွာဖြင့် မုတ္တမသို့ စစ်ချီကာ အပြင်းတိုက်လေသည်။ စစ်ပရိယာယ်မဆင်ဘဲ စိတ်လိုက်မာန်ပါတိုက်ခြင်းဖြစ်ရကား ဇေယျသူရမှာလည်း သေနတ်မှန်၍ ဆင်ထက်တွင်ပင် ကျလေသည်။ဗိုလ်မင်းကြီးကျလျှင်ကျလေသည်။ ဗိုလ်မင်းကြီးကျလျှင် တပ်ပျက်၍ဆုတ်ပြေးကြသည်။ ဗြတ်ထဗကလိုက်ရာ ဇင်းကျိုက်ရောက်လျှင် ဇေယျသူရ၏ တပ်မှူးအမတ်ငါးယောက်ကို မိလေသည်။၎င်းတို့ကို သဘောတွင် သံခြေချင်းခတ်ကာ ကုလားပြည်သို့ပို့လိုက်လေသည်။
 
ဇေယျသူရကျဆုံး၍ အမတ်ငါးဦးအား ကုလားပြည်သို့ အပို့ခံရသဖြင့် ဗညားဦးလည်း လွန်စွာစိတ်ဆင်းရဲတော်မူသည်။ မုတ္တမတိုက်ပွဲတွင် နှစ်ကြိမ်တိုင်တိုင် တပ်ပျက်ခဲ့သဖြင့် နောက်ထပ်မတိုက်စေတော့ဘဲ၊ ဒုန်ဝန်းမြို့တွင်သာ သူ့ရှင်နေတော်မူသည်။ မြို့၊ ပြ၊ ကျုံးမြောင်း ခိုင်ခံ့အောင် စီရင်တော်မူသည်။
 
== နတ်ရွာစံခြင်း ==
ဟံသာဝတီတွင် သုရှင် ဗညားဦး (ဆင်ဖြူရှင် ဗညားဦး) နာမကျန်း ဖြစ်ချိန်တွင် သားတော် ဗညားနွဲ့အား ကိုယ်စားအုပ်ချုပ်သည့် မဟာဒေဝီ နှင့် ယောက်ဖတော် သမိန်မရူးတို့ မှ သတ်ဖြတ်ကာ သမိန်မရူး ထီးနန်းရရန် ကြံလေသောကြောင့် ဗညားနွဲ့လည်း ကျွန်ယုံ ၃၀ ကျော်ဖြင့် ဒဂုံ (ရန်ကုန်) သို့ထွက်ပြေးကာ ပုန်ကန်သည်။နောင်တွင်ပုန်ကန်သည်။ နောင်တွင် သမိန်မရူးရှုံးပြီး ဗညားနွဲ့စစ်ရေးသာပြီး ပဲခူးသို့ချီတက်လာချိန်တွင်ပင် ဆင်ဖြူရှင်ဗညားဦးလွန်လေသည်။ ဗညားဦးလွန်လျှင် ဗညားနွဲ့က ရာဇာဓိရာဇ် ဘွဲ့ဖြင့် ဟံသာဝတီထီးနန်းကို စိုးစံလေသည်။
 
== ကိုးကား ==