အယ်လိုရာလိုဏ်ဂူ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ရုပ်ထု +ရုပ်တု)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။က +။ က)
စာကြောင်း ၅၈ -
ဒုတိယပိုင်းသည် အလယ်ခန်းမဆောင်ဖြစ်၍ ၅၇ ပေ ရှည်ပြီးလျှင် ၅၅ ပေကျယ်သည်။ မျက်နှာကြက်ကို ထောက်ပင့် ထားသော ကျောက်တိုင်လုံးကြီး ၁၆ လုံးရှိရာ၊ လေးလုံးတစ်ခုစီ ဖြင့် အခန်းဖွဲ့ထားသည်။
 
တတိယပိုင်းသည် တန်ဆောင်း၏မျက်နှာစာဝင်ပေါက် ဖြစ်သော ဆင်ဝင်ဆောင် ဖြစ်သည်။ ထိုဆင်ဝင်ဆောင်တွင် နန္ဒီ သို့မဟုတ် နွားလားဥဿဘရုပ်ရှိသည်။ ထိုအဆောင်၏ မျက်နှာကြက်တွင် ပန်းချီအနည်းအကျဉ်းမျှ တွေ့ရသည်။ ဆင်ဝင်ဆောင်၏ တစ်ဖက်တစ်ချက်တွင် တံခွန်တိုင်ကဲ့သို့သော မြင့်မားသောကျောက်တိုင်ကြီး တစ်လုံးစီရှိလေသည်။ကေလာသတန်ဆောင်းကြီး၏အောက်ခြေတွင်တစ်လုံးစီရှိလေသည်။ ကေလာသတန်ဆောင်းကြီး၏အောက်ခြေတွင် ဆင်ရုပ် ကြီးများကို ထုထွင်းထားရာ၊ ထိုဆင်ရုပ်ကြီးများသည် အသက် ဝင်လှ၍ တန်ဆောင်းကြီးကို ထမ်း၍ထားဘိသကဲ့သို့ ထင်ရ သည်။ တန်ဆောင်းကြီး၏ အတွင်းအပြင်၌ လူရုပ်၊ နတ်ရုပ် တိရစ္ဆာန်ရုပ်များကို ကိုယ်အရွယ်အစားအတိုင်း ထုလုပ်ထား သည် များလည်း ရှိလေသည်။ သီဝနတ်မင်းသည် မိဖုရားတို့၏ ဘဝဖြစ်စဉ် အခန်းခန်းတို့အပြင်၊ ရာမာယဏ ဇာတ်တော်မှ အခန်းခန်းတို့ကိုလည်း ပြောင်မြောက်သော လက်ရာများဖြင့် ရုပ်လုံးဖော်ထားလေသည်။ တန်ဆောင်း၏ နံရံတစ်ဖက်တွင် ရာဝဏဘီလူးက သီဝနတ်မင်း၏ နတ်ဘုံနတ်နန်းဖြစ်သော ကေလာသကိုကိုင်လှုပ်၍ မှောက်ပစ်ရန်ပြုနေပုံကို ဟန်မာန် ပါလှစွာ သရုပ်ဖော်ထားသည်။ ထိုအချိန်တွင် သီဝနတ်မင်း သည် ရာဇဣန္ဒြေမပျက် တည်ငြိမ်စွာရှိနေလျက်၊ ပါရဝတီ နတ်မိဖုရားသည်သာလျှင် စိုးရိမ်ထိတ်လန့်စွာဖြင့် နတ်မင်းအပါး သို့ကပ်မှီ၍နေပုံကို သရုပ်ပါစွာ ရုပ်ကြွဖော်ထားလေသည်။ ကေလာသတန်ဆောင်းကြီးကိုအခြားဂူတန်ဆောင်းများ၊ ပြသာဒ်ဆောင်များ၊ စင်္ကြံများ၊ မုခ်ဦးများ၊ အရံအတားတံတိုင်း များဖြင့် ခြံရံလျက်ရှိနေလေရာ၊ သီဝနတ်မင်း၏နတ်ဘုံနတ်နန်း ကေလာသတမျှပင် သိုက်မြိုက်ခမ်းနားပေသည်။ အဆောက်အဦ တစ်ခုနှင့်တစ်ခု ကူးသန်းနိုင်သော မိုးပျံတံတား လည်းရှိခဲ့၏။ ယင်းသို့ အဆန်းတကြယ် ဖန်တီးဆောက်လုပ်ထားသဖြင့်လည်း အနုပညာဝေဖန်ရေးဆရာတစ်ဦးကအခြံအရံအဆောက်အဦများနှင့်
တကွဖြစ်သော ကေလာသတန်ဆောင်းကြီးသည် တိမ်တိုက်ထဲ၌ ရှိနေသယောင်ပင် ထင်မှတ်ရ၍ ပရဝုဏ်အတွင်းသို့ ခြေနင်းချရ သည်ကိုပင် မရဲတရဲရှိတော့သည်ဟု ဆိုခဲ့ဖူးလေသည်။ အလုံးစုံ
ခြုံ၍ဆိုရလျှင် ကေလာသတန်ဆောင်းသည် ရှေးခေတ်အိန္ဒိယ၏ ကျောက်ထွင်း ဗိသုကာအတတ်နှင့် ရုပ်လုံးရုပ်ကြွအတတ်ကို အစွမ်းကုန် ဖော်ထုတ်ထားသော ကျောက်ထွင်းတန်ဆောင်း ပေတည်း။