ပြည်ထောင်စုစနစ်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ငြင်းခုန် +ငြင်းခုံ)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။တ +။ တ, -။သ +။ သ, -။ထ +။ ထ)
စာကြောင်း ၇ -
==ဗြိတိန်ရှိ အာဏာအမြင့်မှ အနိမ့်သို့ တဖြည်းဖြည်းလွှဲပြောင်းသော ဖြစ်စဉ်များ(Devolution in Britain)==
 
ရာစုနှစ်ပေါင်းများစွာက အင်္ဂလိုဆက်ဆွန်များ၏သိမ်းပိုက်ခြင်းခံရသော စကော့လူမျိုးများနှင့် ဝေလလူမျိုးများသည် သူတို့၏ ယဉ်ကျေးမှုဓလေ့ထုံးစံများ အင်္ဂလန်နယ်နှင့် ကွဲပြားနေကြောင်းကို လက်ရှိခေတ်အထိ ထိန်းထားလိုသော လူမျိုးများဖြစ်သည်။ စကော့နှင့်ဝေလလူမျိုးအများစုက လန်ဒန်မှ သူတို့ကိုအုပ်ချုပ်နေကြခြင်းကို နှစ်မြို့ခြင်းမရှိကြပေ။ ၁၉၇၀ပြည့်နှစ်ဝန်းကျင်များမှစ၍ စကော့နှင့် ဝေလအမျိုးသားပါတီများသည် အင်အားကြီးလာပြီး ဗြိတိသျှပါလီမန်တွင် အမတ်နေရာအများအပြားရရှိသည်အထိ ဖြစ်လာခဲ့သည်။ ၁၉၉၇ခုနှစ်ရောက်လာသည့်အခါတွင်တော့ ထိုအချိန်က ဗြိတိသျှဝန်ကြီးချုပ် တိုနီဘလဲက စကော့တလန်၊ဝေလနယ်နှင့် မြောက်အိုင်ယာလန်တို့ကို ကိုယ်ပိုင်အုပ်ချုပ်ခွင့် အထိုက်အလျောက်ပေးသော အာဏာလွှဲပြောင်းခြင်းဥပဒေများကို အတည်ပြုပေးခဲ့သည်။ ထိုအထဲတွင် အုပ်ချုပ်မှုအာဏာပိုမိုရရှိသော စကော့တလန်သည် သူ၏ကိုယ်ပိုင်ပါလီမန်ကို ၁၉၉၉တွင် စတင်ရွေးကောက်တင်မြှောက်ခဲ့ပြီး အခွန်ငွေတိုးမြှင့်ကောက်ခံခွင့်အာဏာများ၊ ပညာရေးဥပဒေပြဋ္ဌာန်းခွင့်များနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ၊တရားစီရင်မှုများကို ကိုယ်တိုင်စီမံခွင့်ရှိသော ဒေသတွင်းအစိုးရတရပ်ဖြစ်လာခဲ့သည်။ ဤသို့သော အခြေအနေကြောင့် အချို့က ဗြိတိန်ကို ဖက်ဒရယ်စနစ်ကိုတစိတ်တပိုင်း ကျင့်သုံးသောနိုင်ငံ(quasi-federal state)ဟူ၍ ခေါ်ဆိုလာကြသည်။တကယ်တမ်းမှာခေါ်ဆိုလာကြသည်။ တကယ်တမ်းမှာ ဗြိတိန်နိုင်ငံသည် ပြည်ထောင်စုစနစ်ကျင့်သုံးသောနိုင်ငံအဖြစ်သာ တရားဝင်ရှိနေသေးသည်။
 
==ပြင်သစ်ရှိ ဗဟိုချုပ်ကိုင်မှုပြောင်းလဲရေးဖြစ်စဉ်များ(Decentralization in France)==
 
ပြင်သစ်သည် သမိုင်းကြောင်းအားဖြင့် ဗြိတိန်နိုင်ငံထက်ပို၍ ပြည်ထောင်စနစ်ပိုဆန်ပြီး ပြင်သစ်ဘုရင် လူဝီ(၁၄)လက်ထက်မှ စ၍ အာဏာကို ပါရီမှသာ စီးဆင်းရေးအကွက်ချလုပ်ဆောင်ခဲ့ကြသည်။ ပြင်သစ်တော်လှန်ရေးအပြီး နပိုလီယန်တက်လာပြီးနောက် ဗဟိုချုပ်ကိုင်ရေးလုပ်ငန်းစဉ်မှာ ပို၍စနစ်ကျလာခဲ့သည်။သို့သော်လည်းပို၍စနစ်ကျလာခဲ့သည်။ သို့သော်လည်း ပြင်သစ်နိုင်ငံသည် ဗြိတိန်မှာကဲ့သို့ပင် သိသိသာသာကွဲပြားနေသော ယဉ်ကျေးမှုထုံးစံများရှိသော လူမျိုးစုများနေထိုင်သည့် ဒေသများရှိ၏။ ဆဲလတစ်ဘရီတွန်(celtic bretons)ဟုခေါ်သည့် ရာစုနှစ်အနည်းငယ်အတွင်းက ဗြိတိန်ရှိ ဆက်ဆွန်များရန်မှ ထွက်ပြေးလာသောသူများ၊ ရှေးဟောင်းလန်းဒေါ့(langue d’oc)ဘာသာစကားလွှမ်းမိုးမှုရှိနေသော ပြင်သစ်ဘာသာစကားကို ပြောဆိုကြသည့် မီဒီဒေသရှိတောင်ပိုင်းသားများဟု ခေါ်တွင်သောသူများ၊ ဒေသခံပုံစံအီတလီဘာသာစကားကိုပြောဆိုနေဆဲဖြစ်သည့် ကော်စီကန်လူမျိုးများ စသည်တို့ဖြစ်ကြသည်။ ဘရီတွန်နှင့် ကောစီကန်ခွဲထွက်ရေးသမားများမှာ သူတို့၏လွတ်မြောက်ရေးတောင်းဆိုမှုတွင် တခါတရံအကြမ်းဖက်မှုများနှင့်ပါ ဖော်ထုတ်လေ့ရှိကြသည်။
 
၁၉၆၀တွင် ပြင်သစ်သမ္မတ ဒီဂေါလ်က စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများအတွက် ပူးပေါင်းဆောင်ရွက်နိုင်ကြရန် ဋ္ဌာနနှစ်ခုမှ ရှစ်ခုအထိပါဝင်သော တိုင်းဒေသကြီး ၂၂ခုဖြင့် ပြင်သစ်နိုင်ငံကို ဖွဲ့စည်းခဲ့သည်။ထို့နောက်တွင်တော့ဖွဲ့စည်းခဲ့သည်။ ထို့နောက်တွင်တော့ ၁၉၈၁ခုနှစ်မှ စတင်၍ ပြင်သစ်သမ္မတ မီထရောင်းက တိုင်းဒေသကြီးများကို စစ်မှန်သော ဗဟိုချက်မဲ့အာဏာအချို့ခွဲဝေပေးမှုအနေဖြင့် စီးပွားရေးရာကိစ္စများကိုစီမံပိုင်ခွင့် အခွင့်အာဏာများပေးအပ်ခဲ့သည်။ ပြင်သစ်သည် ရာစုနှစ်ငါးခုခန့် ဗဟိုချုပ်ကိုင်ရေးကျင့်သုံးခဲ့သောစနစ်ကို စတင်ပြောင်းပြန်လှန်ရန်ကြိုးစားလာခဲ့သည်ဟု ဆိုရမည်ဖြစ်သည်။
 
==စပိန်ရှိ ကိုယ်ပိုင်အုပ်ချုပ်ရေးပေးအပ်ခြင်းဖြစ်ရပ်များ==
စာကြောင်း ၂၃ -
==ပြည်ထောင်စုစနစ်၏ ကောင်းမွေဆိုးမွေများ==
 
ပြည်ထောင်စုစနစ်အတွင်းရှိ အာဏာပိုင်များသည် ဘာမဟုတ်သည့်ကိစ္စလေးတခုအပေါ်မှာပင် မလိုအပ်ပဲလွှမ်းမိုးမှုရှိနေနိုင်ပြီး ဒေသခံအစိုးရမှာ မီးပွိုင့်လေးတခုထားဖို့၊ဘတ်စ်ကားမှတ်တိုင်တခုသတ်မှတ်ဖို့ကိုပင် ဗဟိုမှအတည်ပြုချက်မရပဲ လုပ်ပိုင်ခွင့်မရှိဖြစ်နေနိုင်သလို ဤသို့အခြေအနေမျိုးကြောင့်ပင် ဒေသခံများက ပြောရေးဆိုခွင့်မဲ့သည်ဟုခံစားလာရပြီး ဒေသခံပြဿနာများကို လျှစ်လျှူရှုလာကာ နိုင်ငံရေးစိတ်ဝင်စားမှုကင်းမဲ့လာသော အန္တာရာယ်ရှိ၏(political alienation)။ ဗဟိုချုပ်ကိုင်မှုသည် ယနေ့ခေတ်ပေါ်ပြဿနာများကို ဖြေရှင်းရာတွင် အားသာသောအချက်များလည်းရှိသည်။ ပြည်ထောင်စုစနစ်တွင် ရှင်းလင်းပြတ်သားသော တခုတည်းသောလမ်းညွှန်မှုအောက်တွင် စီးပွားရေးအရင်းအမြစ်များကို အကျိုးရှိရှိအသုံးချကာ တိုးတက်မှုအတွက်အတူတကွ တပြိုင်တည်းပူးပေါင်းလုပ်ဆောင်နိုင်ပြီး ဖက်ဒရယ်အခွင့်အရေးအတန်ငယ်ရရှိသောဒေသခံအစိုးရငယ်များအကြားဖြစ်လေ့ရှိသော ဘာမဟုတ်သောကိစ္စငယ်များဖြင့် ပွစိပွစိငြင်းခုံမှုများကို ရှောင်ရှားနိုင်မည်ဖြစ်သည်။ အခွန်ငွေကောက်ခံမှုမှာလည်း တနိုင်ငံလုံးနှုန်းထားတမျိုးတည်း ဖြစ်မည်ဖြစ်ပြီး အမေရိကန်ပြည်ထောင်စုများမှာကဲ့သို့ အခွန်ငွေသက်သာသော ပြည်နယ်များသို့ရှောင်ပြေးမှုများ မဖြစ်နိုင်တော့ပါ။ ပညာရေးအဆင့်အတန်းမှာလည်း ဂျပန်နိုင်ငံတွင်ကျင့်သုံးသကဲ့သို့ တမျိုးတည်းဖြစ်ပြီး အဆင့်အတန်းအမျိုးမျိုးကွဲပြားနေမှုများ မဖြစ်နိုင်တော့ပါ။သို့ရာတွင်မဖြစ်နိုင်တော့ပါ။ သို့ရာတွင် ဂျပန်နိုင်ငံသည်လည်း တရားဝင်ဖက်ဒရယ်နိုင်ငံမဟုတ်သော်လည်း ၁၈၇၁ပြင်သစ်ပြည်ထောင်စုမှပုံစံယူထားသောစနစ်ဖြစ်သည့် ဒေသနယ် ၄၃သုံးခုနှင့် အကြီးဆုံးမြို့သုံးမြို့နှင့် မြောက်ပိုင်းအကျဆုံးကျွန်းများတွင်ရှိသော လူမျိုးစုငယ်များအသီးသီးကို ရွေးကောက်တင်မြှောက်ခံအုပ်ချုပ်သူနှင့် လွှတ်တော်ငယ်တရပ်စီထားခွင့်ပြုထားရသည်။ ထိုအစိုးရငယ်များ၏လုပ်ဆောင်ချက်များမှာ ဗဟိုတိုကျိုအစိုးရရုံးများ၏ ကန့်သတ်ချက်များရှိနေဆဲဖြစ်ပြီး ဒေသအစိုးရသည် ဒေသတွင်းကောက်ခံရသော အခွန်ငွေ၏ သုံးဆယ်ရာခိုင်နှုန်းသာ ကောက်ခံခွင့်ရရှိထားသဖြင့် ဂျပန်၏ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ၃၀ရာခိုင်နှုန်းပေးထားသော ကိုယ်ပိုင်အုပ်ချုပ်ရေးဟုလည်းခေါ်ကြသည်။ ဤဒေသငယ်များအတွင်းရှိပြည်နယ်အုပ်ချုပ်ရေးမှူးများသည်လည်း သူတို့၏ ကိုယ်ပိုင်အုပ်ချုပ်ရေးများကို တိုးမြင့်တောင်းဆိုနေကြဆဲဖြစ်သည်။
 
တိုင်းပြည်ဖွဲ့စည်းပုံအဆောက်အအုံအကြောင်းအစဦး၌ တင်ပြခဲ့သလို လူမျိုးစုတခုထက်ပို၍ရှိနေနိုင်သော နိုင်ငံတနိုင်ငံအတွင်းရှိ နယ်မြေအသီးသီးကို နိုင်နင်းစွာ အုပ်ချုပ်နိုင်ရေးအတွက် လုံးဝဗဟိုချုပ်ကိုင်ရေးကို ကျင့်သုံးခြင်းအားဖြင့် တည်ငြိမ်မှုမရနိုင်ပဲ ဖက်ဒရယ်စနစ်၏ အနှစ်သာရဖြစ်သော ကိုယ်ပိုင်အုပ်ချုပ်ရေးကို တစိတ်အပိုင်းမှသည် လုံးဝနီးပါးအထိ ခွဲဝေပေးနိုင်မှသာလျှင် နိုင်ငံတော်တည်ငြိမ်မှုရနိုင်ကြောင်း ကောက်ချက်စွဲနိုင်သည့်အခြေအနေများကို လက်တွေ့လောကတွင် တွေ့မြင်နေရ၏။