ဂဠုန်ဆရာစံ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဆ +။ ဆ, -။ထ +။ ထ)
စာကြောင်း ၅၇ -
ဆရာစံသည် ၁၉၂၃တွင် ဂျီစီဘီအေအသင်းကြီးသို့ ဝင်ရောက်ခဲ့သည်။ ၁၉၂၅ တွင် ရွှေဘိုမြို့၌ကျင်းပသော ၁၂ ကြိမ်မြောက် နှစ်ပတ်လည် ညီလာခံသို့ မော်လမြိုင်ခရိုင် ကိုယ်စားလှယ်အဖြစ်တက်ရောက်ခဲ့သည်။ ၁၉၂၈ ခုနှစ် ဂျီစီဘီအေ စုံစမ်းရေးကော်မတီဥက္ကဋ္ဌအဖြစ် သာယာ ဝတီခရိုင်၊ ဖျာပုံခရိုင်၊ ပြည်ခရိုင်၊ ကသာခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်၊ သရက်ခရိုင်၊ အင်းစိန်ခရိုင်များအတွင်းရှိ ကျေးရွာများသို့ လှည့်လည်ကာ တောင်သူ လယ်သမားတို့၏ ဆင်းရဲဒုက္ခအခြေအနေ အကြောင်းစုံကို စုံစမ်း၍ အမှုတွဲပေါင်း (၁၇၀) မျှရှိသော အစီရင်ခံစာကို တင်သွင်းခဲ့သည်။ အဆိုပါအစီရင်ခံစာ၌ နယ်ချဲ့အင်္ဂလိပ်တို့၏ ဥပဒေမဲ့ကျူးလွန်စော်ကားမှုများကို သက်သေအထောက်အထားအပြည့်အစုံဖြင့် ဂျီစီဘီအေ ဗဟိုဌာနချုပ်သို့ အကြံပြုတင်ပြခဲ့သည်။ သို့ရာတွင် ဗဟိုဌာနချုပ်က ဆရာစံ၏အကြံပေးချက်ကို လက်မခံခဲ့ချေ။
 
ထို့ကြောင့် ဆရာစံသည် တောင်ငူညီလာခံကြီး ပြီးစီးသောအခါ ဝံသာနုခေါင်းဆောင်အချို့၏ ပျော့ညံ့မှု၊ အင်္ဂလိပ်အစိုးရအား အလျော့ပေး စေ့စပ်လိုမှု၊ ရာထူးဂုဏ်ထူးမက်မောမှုတို့ကို မြင်တွေ့လာခဲ့သဖြင့် လက်နက်ကိုင်လမ်းစဉ်ကို ကိုယ်တိုင်ဦးဆောင်ဆင်နွှဲရန် ဦးစိုးသိမ်း ဂျီစီ ဘီအေနှင့် အဆက်အသွယ် ဖြတ်တောက်လိုက်လေသည်။ထို့နောက်ဖြတ်တောက်လိုက်လေသည်။ ထို့နောက် အင်္ဂလိပ်အစိုးရ၏ ဖိနှိပ်ညှင်းပမ်းနှိပ်စက်ခံရသဖြင့် အစိုးရအား နာကျည်းနေသော သာယာဝတီနယ်မှ စတင်ကာ နယ်ချဲ့အစိုးရအား တော်လှန်ပုန်ကန်မှုပြုလုပ်ပါက အောင်မြင်နိုင်သည်ဟုယူဆကာ အင်္ဂလိပ်နယ်ချဲ့တို့အား စတင်ပုန်ကန်ရန်အတွက် သာယာဝတီနယ်ကို ရွေးချယ်ခဲ့လေသည်။
 
ဤသို့ဖြင့် ၁၉၃၀ ပြည့်နှစ် ဇန်နဝါရီ ၁၈ ရက်တွင် နယ်ချဲ့အစိုးရအား လက်နက်ကိုင်တော်လှန်ရန် မော်လမြိုင်မှ သာယာဝတီသို့ ထွက်ခွာလာ ခဲ့သည်။ ၁၉၃၀ ပြည့်နှစ် အောက်တိုဘာလ ၂၆ တွင် သာယာဝတီ အင်းရွာ မကျီးကုန်းဘုန်ကြီးကျောင်း၌ ဝံသာနုလယ်သမားခေါင်းဆောင် များနှင့် လျှို့ဝှက်အစည်းအဝေးပြုလုပ်ပြီး နိုင်ငံတဝှမ်းရှိ လယ်သမားများနှင့် ဂဠုန်တပ်များကို စတင်ဖွဲ့စည်းသည်။
စာကြောင်း ၆၃ -
၁၉၃၀ အောက်တိုဘာ ၂၈တွင် တိုက်ကြီးမြို့နယ် ဥက္ကံမြို့အရှေ့မြောက်အရပ်ရှိ မြစိမ်းတောင်ညိုဘုရားတွင် ဆရာစံသည် လက်ပံပင်မှ ဂဠုန်ငှက်မင်းဟူသော အဓိပ္ပာယ်ဖြင့် ‘သုပဏ္ဏက ဂဠုနရာဇာ’ဘွဲ့ကို ခံယူ၍ ဥပုသ်ကြီးဝင်ခဲ့သည်။ ဆရာစံသည် ဂဠုန်တပ်ဖွဲ့ဝင်များကို ‘က’၊ ‘ခ’ ဟူ၍ နှစ်မျိုးခွဲခြားထားသည်။ ‘က’ ဂဠုန် တပ်ဖွဲ့ဝင်များသည် လက်နက်စွဲကိုင်လျက် နယ်ချဲ့အစိုးရတပ်များကို ရှေ့တန်းမှ တိုက်ခိုက်ရသည်။ အာဏာဖီဆန်သောအနေဖြင့် အစိုးရသစ်တောကြိုးဝိုင်း များအတွင်းသို့ဝင်၍ သစ်ဝါးများခုတ်ကြရမည်။ ‘ခ’ ဂဠုန်တပ်များသည် နောက်ပိုင်းမှ စားနပ်ရိက္ခာများ ထောက်ပံ့ရသည်။ ထို့အပြင် ရှေ့တန်းမှလိုအပ်သော အကူအညီများကို ပေးရမည့်အပြင် ‘က’ ဂဠုန်တပ်ဖွဲ့ဝင်များ တိုက်ပွဲ ကျဆုံးလျှင်သော်လည်းကောင်း၊ ထောင်တန်းကျလျှင်သော်လည်းကောင်း ကျန်ရစ်သူ အိမ်ထောင်စုဝင်များကို ‘ခ’ ဂဠုန်တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းစောင့်ရှောက်ရသည်။
 
ဆရာစံသည် တော်လှန်ရေးအတွက် အခိုင်အမာတပ်စွဲရန် အလံတောင်တွင် ၁၉၃၀ ဒီဇင်ဘာ ၂၁ တွင် ဌာနချုပ်ပြုလုပ်ခဲ့သည်။ အလံတောင် သည် သာယာဝတီမြို့၏ အရှေ့ဘက် ၁၅ မိုင်ခန့်အကွာ ပဲခူးရိုးမတောင်တန်းတွင် ရှိသည်။ဆရာစံသည်ရှိသည်။ ဆရာစံသည် ဂဠုန်တပ်၏အောင်လံကိုလည်း တီထွင်ခဲ့သည်။ ဂဠုန်တပ်၏အောင်လံမှာ နဂါးကို ဂဠုန်သုတ်နေပုံဖြစ်သည်။ နဂါးသည် နယ် ချဲ့အင်္ဂလိပ်တို့ကို ရည်ညွှန်းထားခြင်းဖြစ်သည်။ နယ်ချဲ့အင်္ဂလိပ် (နဂါး) ကို ဂဠုန်လာသုတ်သည့်အဓိပ္ပာယ်ဖြင့် စီစဉ်ခြင်းဖြစ်သည်။
 
ဆရာစံ၏ ဂဠုန်တပ်သည် စည်းရုံးရေးဘက်တွင် အားကောင်းသော်လည်း လက်နက်အင်အားဘက်တွင် လွန်စွာချို့တဲ့သည်။ ပုန်ကန်ချိန်၌ သူတို့သည် ခေတ်မီ လက်နက်ဆို၍ ပြည်တွင်းဖြစ် လုပ်သေနတ်အလက်(၃၀)ခန့်သာ ရှိသည်။ ကျန်လက်နက်များမှာ ဓား၊ လှံ၊ ဝါးချွန်၊ ဒူးလေး၊ ကောက်စွ၊ ဝါးရင်းတုတ် စသည်တို့ သာဖြစ်သည်။ ခေတ်မီသေနတ်များသာမက စက်သေနတ်များပင် စွဲကိုင်ထားသော နယ်ချဲ့ဗြိတိသျှစစ်တပ်များကို တိုက်ခိုက်ရန်မလွယ်ကြောင်း သူတို့ မသိမဟုတ် သိကြသည်။
စာကြောင်း ၁၀၇ -
အကယ်၍ ဆရာစံအတွက် ထုချေလွှာကို ရေးသားခဲ့ကြသည့် ဒေါက်တာဘမော်အမှူးပြုသည့် ရှေ့နေကြီးများက ဆရာစံလွတ်မြောက်စေရန် ဆိုသည့် စိတ်ရင်းစေတနာကောင်းဖြင့် ရေးသားရသည်ဟုဆိုပါကလည်း ၁၉၃၁ ဖေဖော်ဝါရီ ၁၂ တွင်ကျင်းပသော ဥပဒေပြုလွှတ်တော် အစည်းအဝေး၌ “ကျွန်ုပ်တို့၏ တာဝန်ဝတ္တရားမှာ ရှင်းလှပါသည်။ မငြိမ်သက်မှုမှန်သမျှကို အစွမ်းကုန်ချေမှုန်းခဲ့ရပေမည်။ ဤပုန်ကန်ထကြွမှုတွင် ခေါင်းဆောင်ခဲ့သူများကိုလည်း ကြီးမားသော အပြစ်ဒဏ်များကို ပေးရမည်။” ဟု ဘုရင်ခံချားလ်အင်းနစ်စ် ထုတ်ဖော်ကြေညာခဲ့သော ကြေညာချက်ကို အဆိုပါရှေ့နေကြီးများ သတိပြုမိခဲ့သည်။ ထို့အပြင် ဒေါက်တာဘမော်သည် အထူးခုံရုံးဥက္ကဋ္ဌတရားသူကြီး မစ္စတာ ကန်းလစ်ဖ်၏ မိတ်ဆွေရင်းတစ်ဦးဖြစ်သည်။ မစ္စတာကန်းလစ်ဖ်က ဒေါက်တာဘမော်အား အခွင့်ကောင်းကြုံကြိုက်စဉ် တရားခံဘက်မှ လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက်ရေးအတွက် အခွင့်အရေးကောင်းတစ်ခုရနိုင်ကြောင်း ပြောဆိုခဲ့၏။ ထိုအချိန်က ဒေါက်တာဘမော်မှာ နာမည်လူသိ မများသေးသော ဝတ်လုံတော်ရကလေး ဖြစ်သည်။ ဤသို့အခွင့်အရေးရစဉ် နိုင်ငံရေးနယ်ပယ်တွင် ပေါ်လွင်အောင်လုပ်ရန် စိတ်ကူးရခဲ့သည်။ ထို့ကြောင့် အခွင့်ကောင်းတစ်ရပ်အနေဖြင့် ဆရာစံအတွက် လိုက်ပါဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။
 
စင်စစ် ဒေါက်တာဘမော်သည် နောင်လာနောက်သားများအတွက် သမိုင်းတွင်ကျန်ရစ်စေရန် ရာဇဝင်ပြောင်မြောက်မည့် စကားလုံးများဖြင့် အစိုးရ၏အပြစ်များကို တရားခွင်တွင်ဖော်ထုတ်ဖွင့်ချရန် ဆရာစံအားအကြံဉာဏ်ကောင်းပေးရမည့်အစား နိုင်ငံရေးခုတုံးလုပ်ကာ ကိုယ်ကျိုး ရှာခဲ့သည်။ ဆရာစံအား နယ်ချဲ့အစိုးရထံ အညံ့ခံစေခြင်းဖြင့် ဆရာစံ၏ဇာတိသွေးဇာတိမာန်ကို သေးသိမ်မှေးမှိန်စေရန် အကြံပေးခဲ့သည့် ဒေါက်တာဘမော်လိုလူမျိုးအား အားကိုးမိသည့် ဆရာစံ၏ အမှားလည်းဖြစ်ပေသည်။ဆရာစံသည်အမှားလည်းဖြစ်ပေသည်။ ဆရာစံသည် မည်သို့မျှ မချေပဘဲ ရေငုံနှုတ်ပိတ်နေပါက ဤကဲ့သို့ ကြိုးဒဏ်ပေးခြင်းကို ခံရဖို့မရှိချေ။ ကြိုးဒဏ်ခံရစေဦး အင်္ဂလိပ်တို့ အုပ် ချုပ်ခြင်းကိုမနှစ်သက်၍ ခုခံတိုက်ခိုက်ရသည်ဟု ထုချေပါကလည်း စိတ်သက်သာဖွယ်ရှိသေးသည်ဟု ပျော်ဘွယ်သခင်ဗဆွေက သူ၏ “ဗမာ့ပုန်ကန်မှုများ” စာအုပ် စာမျက်နှာ ၁၄၄တွင် သုံးသပ်ထားပေသည်။
 
မည်သို့ဆိုစေ ဆရာစံသည် အင်္ဂလိပ်နယ်ချဲ့အစိုးရက မည်သည့်နည်းနှင့်မဆို သေဒဏ်ပေးခဲ့သည်ကို အစိုးရထံအယူခံဝင်ခြင်း၊ အသနား ခံခြင်းတို့ကို မလုပ်ခဲ့ချေ။ ထို့နောက် ဟိုက်ကုတ်လွှတ်တော်က ၁၉၃၁ စက်တင်ဘာလ ၂၉ ရက်နေ့တွင် ဆရာစံအမှုနှင့်ပတ်သက်၍ အောက်ရုံးစီရင်ချက်ကို အတည်ပြု ခဲ့သည်။