ဂျင်း ဒီ လာဖွန်တိန်း: တည်းဖြတ်မှု မူကွဲများ

No edit summary
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် ဝက်ဘ် တည်းဖြတ် အဆင့်မြင့် မိုလ်ဘိုင်းတည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ, -။ထ +။ ထ)
စာကြောင်း ၁ -
ဇန်းဒါလာဖွန်တိန်းသည် ထိပ်တန်းဝင်ပြင်သစ်ကဗျာစာဆိုတစ်ဦးဖြစ်သည်။ သူသည် ၁၆၂၁ ခုနှစ်၊ ဇူလိုင်လ ၈ ရက်နေ့၌ ရှန်ပိန်းမြို့ရှိ ရှတိုးထီယယ်ရီရဲတိုက်တွင် ဖွားမြင်လေသည်။သူ၏ဖခင်သည်ဖွားမြင်လေသည်။ သူ၏ဖခင်သည် ရှတိုးထီယယ်ရီနယ်စားကြီးပိုင်သေ။ာသစ်တောများတွင် တောအုပ်ဖြစ်သည်။ လာဖွန်တိန်းသည် မွေးချင်းပေါက်ဖော်များတွင် အကြီးဆုံးသားဖြစ်၍ ငယ်စဉ်က ရိမ်းကောလိပ်တွင်ပညာသင်ကြားခဲ့သည်။ ၁၆၄၇ ခုနှစ်တွင် ဖွန်တိန်းသည် ဖခင်၏ တောအုပ်ရာထူးကို ဆက်ခံရလေသည်။ အသက် ၁၆ နှစ်သာရှိသေးသော မာရီဟာရီကတ်ဆိုသူနှင့် လက်ထပ်ထိမ်းမြားခဲ့၍ ၁၆၅၃ ခုနှစ်တွင် လာဖွန်တိန်းတို့ ဇနီး မောင်နှံ ကွာရှင်းကြပြီးနောက် ၁၆၆၀ ပြည့်နှစ်ခန့်ကစ၍ တစ်မြေရပ်ခြားစီ နေထိုင်ခဲ့ကြလေသည်။ ဇနီးသည်ကား ရှတိုး၌ကျန်ရစ်ခဲ့၏။
 
လာဖွန်တိန်းသည် အသက် ၃၀ ကျော်အရွယ်ရောက်မှ စာပေရေးသားစပြုလေသည်။ထိုစဉ်အခါကစာပေရေးသားစပြုလေသည်။ ထိုစဉ်အခါက ခေတ်စားလျက်ရှိသော တေးသီချင်းခံဘွဲ့ကြီးများ၊ လင်္ကာတိုများနှင့်လင်္ကာပြန်ကဟပ်များကို စတင်ရေးစပ်ခဲ့လေသည်။ ၁၆၅၄ ခုနှစ်ဘာသာပြန်လုပ်ငန်းကို စတင်ဆောင်ရွက်၏။ ထို့နောက် ပြင်သစ်နိုင်ငံ စာပေလောက၌ ထင်ရှားကျော်စောသော နာယကလူကြီးဖူးကဲနှင့် မိတ်ဆက်မိသဖြင့် ၁၆၅၉ ခုနှစ်မှစ၍ လာဖွန်တိန်းသည် သူရေးသားပေးပို့သောကဗျာများနှင့် ရှေးစာဟောင်းများကို ဘာသာပြန်ပေးသည့်အတွက် ပြင်သစ်ငွေ ၁၀၀၀ ကို ပင်စင်အဖြစ်ဖြင့် ရရှိလေသည်။
 
လာဖွန်တိန်းသည် ကလေးများအဖို့ ဒဏ္ဍာရီပုံပြင်များကိုလည်း ရေးသားခဲ့သည်။ ရေးသားရာတွင် ပြင်သစ်ဘာသာဖြင့် ရေးသားခဲ့ပေရာ မူရင်းပြင်သစ်ဘာသာနှင့် ရေးခဲ့သော ပုံများကို ဖတ်ရှုရမှသာ စာရေးသူ၏ လက်စွမ်းကို ပိုမိုသိသာနိုင်ပေမည်ဖြစ်၏။ လာဖွန်တိန်းရေးသားခဲ့သောပုံများမှာ ဒဏ္ဍာရီပုံပြင်များဖြစ်သဖြင့် ကလေးများအဖို့လည်း ဖတ်ချင့်စဖွယ်ဖြစ်၏။ ထို့ပြင်တဝ ပုံပြင်များတွင် လူတို့၏ စိတ်နေသဘောထား အကျင့်စာရိတ္တတို့ကို ပွင့်လင်းစွာဖော်ပြထားသဖြင့် လူကြီးများကြိုက်နှစ်သက်သော စာအုပ်များလည်းဖြစ်ပေသည်။