ရောဘတ် ဆောက်သီ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး +subs
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဆ +။ ဆ)
စာကြောင်း ၁ -
အင်္ဂလိပ်စာဆိုပညာရှိ ရောဗတ် ဆောက်သီသည် ၁၇၇၄ ခုနှစ် ဩဂုတ်လ ၁၂ ရက်နေ့တွင် ဘရစ္စတိုမြို့၌ဖွားမြင်သည်။ မိဘများကား ဥစ္စာပစ္စည်း ကုံလုံကြွယ်ဝသူများမဟုတ်ကြချေ။ ဆောက်သီး ၃ နှစ်သားအရွယ်၌ မိဘများကွယ်လွန်သွားသဖြင့် ဗသမြို့ရှိ သူ၏ အဒေါ်ထံတွင်နေရလေသည်။၁၇၈၈ ခုနှစ်မှစ၍ ဝက်စမင်စတာအက်ဗေး၌ လေးနှစ်ခန့်ပညာသင်ခဲ့ရ၏။
 
၁၇၉၂ ခုနှစ်တွင် ကျောင်းများ၌ ရိုက်နှက်ဆုံးမခြင်းကိုငေါ့လုံး ထေ့လုံးဖြင့် သရော်၍ ကျောင်းသားစာစောင်တွင်ရေးလိုက်သော ဆောင်းပါးတစ်ခုအတွက် ဆောက်သီသည်ကျောင်းထုတ်ခံခဲ့ရ၏။ တော်လှန်ရေးစိတ်ဓာတ်ရှိသူ ဟူသောအစွဲဖြင့်အခြားကျောင်းများကလည်း သူ့အားလက်မခံလိုကြပေ။ သို့သော် နောက်ဆုံးတွင် အောက်စဖို့တက္ကသိုလ် ဗေလီယိုကောလိပ်ကျောင်းက လက်ခံသဖြင့် စာသင်ရလေသည်။ဆောက်သီသည်စာသင်ရလေသည်။ ဆောက်သီသည် ၁၇၉၃ ခုနှစ်မှစ၍ စာအုပ်စာတမ်းများနှင့် အလွန်ခန်းနား ကောင်းမွန်သော ပျို့ကဗျာလင်္ကာများကို ရေးသားလေသည်။
 
ဆောက်သီသည် စကားပြေကို၎င်း၊ ကဗျာကို၎င်း ရေးသားသူဖြစ်သော်လည်း ကဗျာအရေးအသားထက် စကားပြေအရေး အသား၌ ပို၍ထင်ရှားသူဖြစ်၏။ သူရေးခဲ့သော စကားပြေများအနက် 'နယ်လဆင်'နှင့် 'ဝက်ဆလီ'တို့၏ အတ္ထုပ္ပတ္တိသည် အတ္ထုပ္ပတ္တိအရေးအသားတွင် စံပြုလောက်အောင် ကောင်းမွန်လေသည်။ ၁၈ဝ၇ ခုနှစ်မှစ၍ အစိုးရထံမှ တစ်နှစ်လျှင် ရွှေဒင်္ဂါးပေါင်း ၁၆ဝ မှ ၃ဝဝ အထိရိက္ခာတော်ရခဲ့သည်။ ၁၈၁၃ ခုနှစ်တွင် ဘုရင့်စာဆိုတော်အဖြစ်ဖြင့် အစိုးရက ခန့်ထားလေသည်၊ ထင်ရှားသော စာဆိုကြီးများဖြစ်သည့် ဝပ်ဇဝပ်၊ ကိုးလရစ်တို့နှင့် အထူးရင်းနှီးသူဖြစ်၏။ ၁၈၄၃ ခုမတ်လ ၂ ရက်နေ့တွင် ကွယ်လွန်လေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ(၄)</ref>