ဘာကူးမြို့: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး fixed typo
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။သ +။ သ)
 
စာကြောင်း ၆ -
ဘာကူးမြို့၏ ပတ်ဝန်းကျင်ဒေသသည် [[ရွှံ့မီးတောင်]]များလည်း ပေါများသည်။ ရေနံများ အလွယ်တကူရရှိသော ရေနံမြေများလည်း ဖြစ်သည်။ အချို့နေရာများတွင် အသာအယာတွင်းတူးရုံနှင့် ရေနံများ လျှံထွက်တတ်သည်။ ဘာကူးမြို့ ပတ်ဝန်းကျင်မှ ထွက်သော ရေနံသည် ယခင်ဆိုဗီယက်ပြည်ထောင်စု တွင် ရေနံအထွက်၏ ၇၅ ရာခိုင် နှုန်းခန့် ဖြစ်သည်။
 
ယခင်က သင်္ဘော[[ဆိပ်ကမ်းမြို့]] ဖြစ်၍ အတော်အသင့် စည်ကားခဲ့သော်လည်း မြို့အနီးအနားတစ်ဝိုက်တွင် ရေနံထွက်သည်မှစ၍ လူဦးရေ တိုးတက်လာပြီးလျှင် ကြီးကျယ်စည်ကား လာသည်။ ဘာကူးမြို့၏ လူဦးရေမှာ မြို့ဆင်ခြေဖုံးအပါအဝင် ၁၉၅၉ ခုနှစ် သန်းခေါင်စာရင်းအရ ၉၆၈ဝဝဝ ဖြစ်သည်။ ပထမကမ္ဘာစစ်ကြီးအတွင်း ၁၉၁၈ ခုနှစ်ခန့်က ဘာကူးမြို့ ရေနံတွင်းများကို ဂျာမန်၊ [[တူရကီ]]၊ သို့မဟုတ် ဗောလရှီဗစ်တို့လက်တွင်း မကျရလေအောင် ဗြိတိသျှတပ်များက ဩဂုတ်လ ၄ ရက်နေ့မှ စက်တင်ဘာလ ၁၄ ရက်နေ့အထိ သိမ်းပိုက်ခဲ့သေးသည်။သို့သော်သိမ်းပိုက်ခဲ့သေးသည်။ သို့သော် ဗြိတိသျှတပ်များရုပ်သိမ်းပေးခဲ့ရ၍ ၁၉၁၉ ခုနှစ် စစ်ပြေငြိမ်းပြီးနောက်တွင် မဟာမိတ်တို့ သိမ်းပိုက်ထားခဲ့သော်လည်း နောင်အခါ ဆုတ်ခွာပေးရလေသည်။[[ဒုတိယကမ္ဘာစစ်]]ကြီး အတွင်း ၁၉၄၁ ခုနှစ်ခန့်က ဂျာမန်တပ်များသည် အဇော့ ပင်လယ်ဘက်မှ ရုရှကို တိုက်ခိုက်ခြင်း၊ [[ကရိုင်းမီးယား]]ကျွန်းဆွယ်ကို ထိုးစစ်ဆင်ခြင်းများသည်လည်း ဘာကူးမြို့ ရေနံတွင်းများနှင့် ဘာတွမ်းမြို့သို့ ပို့သော ရေနံပိုက်လုံးများကို သိမ်းပိုက်နိုင်ရန် ချိန်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဘာကူးမြို့သည် ပင်လယ်နက်ကမ်းခြေပေါ်တွင် ရှိ၍ ဘာကူးမြို့နှင့် မိုင် ၅၆ဝ ကွာဝေးပြီးလျှင် မီးရထားလမ်းဖြင့် ဆက်သွယ်ထားသည်။ ရုရှနိုင်ငံထွက် ရေနံများကို ဘာတွင်းမြို့မှတစ်ဆင့် နိုင်ငံခြားများသို့ တင်ပို့လေသည်။
 
ဘာကူးမြို့၏ အရှေဘက်တွင် ရေနံချက်စက်ရုံကြီးများ ရှိသည်။ ရေနံချက်လုပ်ငန်းအပြင်၊ ဆေးရွက်လုပ်ငန်း၊ ဂျုံမှုန့်လုပ်ငန်း၊ ဓာတုဗေဒလုပ်ငန်း၊ အထည်အလိပ်လုပ်ငန်းနှင့် သင်္ဘောတည်ဆောက်ခြင်း လုပ်ငန်းများလည်း ရှိလေသည်။<ref>မြန်မာ့စွယ်စုံကျမ်း၊ အတွဲ( )</ref>