ဝီလျံ အီးဝတ် ဂလက်စတုန်း: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။အ +။ အ)
 
စာကြောင်း ၉ -
၁၈၄၆ ခုနှစ်တွင် ဂျုံသွင်းကုန်ပေါ်၌ အကောက်ခွန်ကောက်ခြင်းကို ဆာရောဘတ်ပီးက ပယ်ဖျက်ရန် ကြိုးစားသောအခါ သူ၏ နောက်လိုက် တိုရီ (ဝါ) ကွန်ဆားဗေးတစ်ပါဝင် အများအပြားနှင့် သဘောထားကွဲလွဲ၍ ရာထူးမှ နုတ်ထွက်လိုက်လေသည်။ ပီးနှင့်အတူ ဂလက်စတုန်းအပါအဝင် အစိုးရတစ်ဖွဲ့လုံး ရာထူးမှ နုတ်ထွက်ကြပြီးနောက် တိုရီပါတီနှင့် ဂလက် စတုန်းသည် အဆက်ပြတ်ပြီးနောက် ၁၃ နှစ်ကြာမှ လစ်ဘရယ်ပါတီသို့ ဝင်သည်။ ဂလက်စတုန်းသည် ပါလီမန်အမတ်အဖြစ်မှ လည်းနုတ်ထွက်သည်။ တစ်ဖန်ပြန်လည် အရွေးခံရာ ချက်ချင်းပင် ရွေးကောက်တင်မြှောက်ခြင်းခံရသည်။
 
၁၈၅၂ ခုတွင် ဂလက်စတုန်းသည် အတိုက်အခံအမတ်အဖြစ်နှင့်ရှိစဉ် ကွန်ဆားဗတစ်(တိုရီ)ပါတီအစိုးရ၏ဘဏ္ဍာရေးဝန်ကြီး ဗယ်ဂျမင်ဒစ်ဇရေလီ တင်သွင်းသော ဘတ်ဂျက် (ဝါ) အစိုးရ၏ ရသုံးမှန်းခြေငွေစာရင်းကို ထိရောက်စွာ မိမိရရ ဝေဖန်၍ အချေအတင်ပြောဆိုရာ၌ အနိုင်ရလိုက်သောကြောင့် ဝိုင်းဝန်းချီးကျူးခြင်း ခံရ၏။ စကားပြောကောင်းသည်။အချက်အလက်စကားပြောကောင်းသည်။ အချက်အလက် နိုင်နင်းသည်ဟူ၍လည်း နာမည်ကျော်သွားလေသည်။ ဤသည်မှစ၍ ဂလက်စတုန်းနှင့် ဒစ်ဇရေလီတို့သည် နာမည်ကျော် နိုင်ငံရေးပြိုင်ဘက်များ ဖြစ်လာကြ၏။ ထိုနှစ်၌ပင် ကွန်ဆားဗေးတစ်အစိုးရ ပြုတ်ကျ၍ ပီးဂိုဏ်းသားလော့အဗာဒင်းက လစ်ဘရယ်တို့၏ ထောက်ခံမှုဖြင့် အစိုးရဖွဲ့နိုင်ရာ ဂလက်စတုန်းသည် ၁၈၅၃ ခုနှစ်တွင် ဘဏ္ဍာရေးဝန်ကြီးရာထူးကို လက်ခံခဲ့၏။ အဗာဒင်း၏ အစိုးရသည် ၁၈၅၅ ခုနှစ်အထိ တည်မြဲခဲ့သည်။ ၁၈၅၉ ခုနှစ်တွင် ဂလက်စတုန်းသည် လစ်ဘရယ်ပါတီသို့ ဝင်လိုက်သည်။ ၁၈၅၉ ခုမှ ၁၈၆၆ ခုနှစ်အထိ လစ်ဘရယ်အစိုးရအဖွဲ့များတွင် ဂလက်စတုန်းသည် ဘဏ္ဍာရေး ဝန်ကြီးအဖြစ် ဆောင်ရွက်ခဲ့သည်။
 
ဂလက်စတုန်းသည် ၁၈၆၈ ခုနှစ်တွင် လစ်ဘရယ်ပါတီ၏ ခေါင်းဆောင်အဖြစ်ဖြင့် ပထမအကြိမ် အစိုးရအဖွဲ့ ဖွဲ့နိုင်ခဲ့သည်။ ဂလက်စတုန်း နန်းရင်းဝန်အဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည့် ၄ ကြိမ်မှာ ၁၈၆၈ ခုမှ ၁၈၇၄ ခုနှစ်အထိ တစ်ကြိမ်၊ ၁၈၈ဝ ပြည့်မှ ၁၈၈၅ ခုနှစ်အထိတစ်ကြိမ်၊ ၁၈၈၆ ခု၊ ဖေဖော်ဝါရီလမှ ဇူလိုင်လအထိတစ်ကြိမ်၊ ၁၈၉၂ ခုမမှ ၁၈၉၄ ခုအထိ နောက်ဆုံး တစ်ကြိမ်ဖြစ်သည်။ ပထမဦးဆုံး နန်းရင်းဝန်ဖြစ်သည့်အခါ ဂလက်စတုန်းမှာ အသက် ၅၉ နှစ်ရှိပြီ။