ဝေလနိုင်ငံ: တည်းဖြတ်မှု မူကွဲများ

No edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဝ +။ ဝ)
စာကြောင်း ၅၈ -
ဝေလနယ်တွင် သစ်တောကြီးများမရှိချေ။ များသောအားဖြင့် မြက်ခင်းလွင်ပြင်နှင့် တောင်ပေါ်စားကျက်တို့ရှိခြင်းကြောင့် နွားနှင့်သိုးကို မွေးမြူကြသည်။ မြင်းစားဂျုံနှင့် မုယောကို စိုက်ပျိုးသည်။ တွင်းထွက်ပစ္စည်း ကြွယ်ဝသောနယ်ဖြစ်သောကြောင့် သတ္တုတူးဖော်ခြင်းသည် အဓိကလုပ်ငန်းဖြစ်သည်။ အထူးသဖြင့် ဝေလနယ်မှထွက်သော ကျောက်မီးသွေးသည် ထင်ရှားသည်။ ဗြိတိသျှကျွန်းစုမှထွက်သော ကျောက်မီးသွေး ငါးပုံတစ်ပုံကို ဝေလနယ်တောင်ပိုင်းမှ ရရှိလေသည်။ အခြားထင်ရှားသော တွင်းထွက်ပစ္စည်းများမှာ သံ၊ ကြေးနီ၊ သွပ်၊ သံဖြူ၊ ခဲတို့ဖြစ်၍ ရွှေအနည်းငယ်ကိုလည်း တူးဖော်ရရှိသည်။
 
ဝေလနယ်သည် ပင်လယ်ရေပူကြောင်း၌ ကျရောက်လျက်ရှိခြင်း ကြောင့် ရာသီဥတုသင့်တင့်သည်။ မိုးသည်းထန်သည်။ စနိုးဒန်ဒေသတွင် တစ်နှစ်လျှင် ပျမ်းမျှခြင်းအားဖြင့် မိုးရေချိန်လက်မ ၁၂ဝ ခန့်ရရှိသည်။ ဝေလနယ်တွင် လူဦးရေ ၂၇ဝ၇ဝဝဝ ရှိသည့်အနက် ထက်ဝက်ခန့်သည် ကျောက်မီးသွေးတွင်းနှင့် စက်မှုလုပ်ငန်းများရှိရာ ဂလာမိုဂန်ခရိုင်၌ နေထိုင်ကြသည်။ဝေလနယ်တွင်နေထိုင်ကြသည်။ ဝေလနယ်တွင် မူလနေထိုင်သူတို့သည် [[ကဲ့လူမျိုး]]တို့၏ အဆက်အနွယ်များဖြစ်ကြသည်။
 
အေဒီငါးရာစုနှင့် ခြောက်ရာစုနှစ်သို့ရောက်သော် အင်္ဂလိုဆက္ကဆွန် လူမျိုးတို့သည် ဗြိတိန်နိုင်ငံကို တိုက်ခိုက်အောင်မြင်ကြလေသည်။ ထိုအခါ ဗရစ်တန်လူမျိုးတို့သည် ဝေလနယ်ဘက်သို့ ထွက်ပြေးတိမ်းရှောင်ကြရသည်။ တစ်ဖန် အလယ်ခေတ်တွင် နော်မန်လူမျိုးတို့သည် အင်္ဂလန်နိုင်ငံတွင်းသို့ ဝင်ရောက်အခြေစိုက်ကြသည်။ ဝေလနယ်ကိုမူ လွယ်ကူစွာ သိမ်းသွင်းမရကြချေ။ ဝေလနယ်သား ခေါင်းဆောင်တို့သည် နော်မန်ဘုရင်ကို တော်လှန်ပုန်ကန်၍ မင်းသားဘွဲ့ခံယူကာ နယ်ကို အုပ်စိုးကြသည်။ လူဝဲလင်းဂရစ်ဖစ်ဆိုသူသည် ဝေလမင်းသားဘွဲ့ကိုခံ၍ မင်းမူလျက်ရှိစဉ် ပထမအက်ဒွပ်ဘုရင်သည် ဝေလနယ်ကို တိုက်ခိုက်အောင်မြင်သဖြင့် မိမိ၏သားတော်အား [[ဝေလမင်းသား]]ဘွဲ့အပ်နှင်းခဲ့သည်။