ကုသိုလ်တော် ဘုရား(မန္တလေး): တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (- ၊ +၊)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။စ +။ စ)
စာကြောင်း ၄၃ -
မင်းတုန်းမင်းကြီး စေတီတော် တည်သည့် ကာလတွင် သီဟိုဠ်ကျွန်း ကဏ္ဏတိတ္ထမြို့မှ ရဟန်းတော် ၂ ပါး သိမ်ကိစ္စ ဝါဒကွဲပြားသဖြင့် အဆုံးဖြတ်ခံရန် မန္တလေးနေပြည်တော်သို့ ကြွချီ လာရာ ရဟန်းတော်များ အပြန်တွင် အတွင်းတော်မြဲ ဦးကြီး ဥပုသ်တော်ခေါင်း ဦးမွှေးနှင့် ဦးအောင်ထွန်း တို့ကို သီဟိုဠ်ကျွန်း သို့ စွယ်တော် ပင့်ထည့်လိုက်၍ စွယ်တော်ပွားတစ်ဆူ ပင့်ဆောင်လာခဲ့သဖြင့် ၁၂၂၃ ခုနှစ် တပေါင်းလဆုတ် ၁ ရက်နေ့တွင် စေတီတော်၌ ဌာပနာလေသည်။ ရတနာစေတီများနှင့် ဓာတ်တော်များ ဗောဓိရွက် စသည်တို့ကိုလည်း ဌာပနာလေသည်။
 
၁၂၂၄ ခုနှစ် ဝါဆိုလတွင် မဟာရံတံတိုင်း ၃ ထပ်နှင့် စေတီတော်ကြီး ပြီးစီး၍ လပြည့်ကျော် ၉ ရက်နေ့တွင် ထီးတော်တင်ကာ မဟာလောက မာရဇိန် စေတီတော်ဟူ၍ ဘွဲ့သမုတ်လေသည်။ ထို့နောက် မင်းတုန်းမင်းကြီးသည် ၁၂၃၃ ခုနစ် တွင် ပဉ္စမသင်္ဂါယနာ တင်တော်မူရာ ၁၂၂၂ ခုနှစ် ကဆုန်လဆန်း ၁ ရက်နေ့က စတင်ထုလုပ်ခဲ့သော ပိဋကတ် ကျောက်စာချပ်များကို စေတီတော်၏ ပထမ ဒုတိယ တတိယ တံတိုင်းအတွင်း ၌ ဂူစေတီများတည်၍ သွင်းနှံ စိုက်ထူခဲ့လေရာ ကျောက်စာချပ်နှင့် စေတီ ၇၂၉ ဆူရှိလေသည်။စေတီတော်မှာဆူရှိလေသည်။ စေတီတော်မှာ ဉာဏ်တော် ၅၁ တောင် ၁ မိုက် ၄ သစ် ဖိနပ်တော်အခင်း ၆၅ တောင်ရှိ၍ မြောက်မျက်နှာတို့တွင် မူလတည်စက အုတ်ဇရပ် ၃၆ ဆောင်ပါ ဆောက်လုပ်ထားခဲ့၍ ယခုအခါ ပျက်စီးပျောက်ကွယ်ခဲ့လေသည်။
 
==ကိုးကား==