နက္ခတ္တဗေဒ: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး HotCatကို အသုံးပြု၍ Category:နက္ခတ္တရူပဗေဒကို ဖယ်ရှားခဲ့သည်၊ Category:နေအဖွဲ့အစည်းကို ပေါင်းထည့်ခဲ့သည်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ရ +။ ရ)
စာကြောင်း ၉ -
 
== နက္ခတ္တဗေဒ၏ သမိုင်း ==
ရှေးခေတ်လူတို့သည် [[တယ်လီစကုပ်]] နှင့် မှန်ပြောင်းများ မပေါ်မီတွင် ကြယ်များကိုလေ့လာရန် သာမန်မျက်စိကိုသာ အသုံးပြုကြသည်။ လူတို့သည် [[အင်္ဂါဂြိုဟ်]] နှင့် [[သောကြာဂြိုဟ်]] အစရှိသော အချို့သော ဂြိုဟ်တို့ နှင့် [[ကမ္ဘာ]]၏ဂြိုဟ်ရံ ဖြစ်သော[[လ]]ကို လေ့လာခဲ့ကြသည်။ လူတို့သည် ကြယ်တို့၏ တည်နေရာ နှင့် ရွေ့လျားပုံတို့ကို မြေပုံရေးဆွဲ၍ ရေကြောင်းသွားလာရေးအတွက် အသုံးပြုကြသည်။ရှေးခေတ်နက္ခတ္တဗေဒအသုံးပြုကြသည်။ ရှေးခေတ်နက္ခတ္တဗေဒ ပညာရှင်တို့က နေနှင့် ကြယ်တို့သည် ကမ္ဘာကိုလှည့်ပတ်၍ သွားလာနေသည်ဟု ထင်မြင်ယူဆကြသည်။ နှစ်ပေါင်း ရာပေါင်းများစွာပင် အားလုံးက ထိုသို့ထင်မြင်ယူဆကြသည်။ ထို့နောက်တွင် Renaissance ဟုခေါ်သော အချိန်ကာလ၌ နီကိုလပ်စ် ကော့ပါးနိကပ်စ် မှ [[ကမ္ဘာ]]သည် [[နေ]]ကိုလှည့်ပတ်သွားလာနေကြောင်း သက်သေပြခဲ့သည်။ ကမ္ဘာနှင့် ဂြိုဟ်များ နေကို လှည့်ပတ်သွားလာနေသော [[နေအဖွဲ့အစည်း]]ဆိုသည့် ယူဆချက်ကို [[ကော်ပါးနိကပ်စ်]] မှ စတင်ခဲ့ခြင်းဖြစ်သည်။
 
[[File:Galileo moon phases.jpg|thumb|right| [[ဂယ်လီလီယို]] ရေးဆွဲခဲ့သော လ၏ပုံများ။ ထိုပုံများမှာ [[တယ်လီစကုပ်]]မှ ကြည့်၍ ရေးဆွဲထားသဖြင့်ယခင်ရှိခဲ့သောပုံများထက် ပို၍ အသေးစိတ်ကျသည်။]]