လက်ဖက်ရည်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီးNo edit summary
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-အဓိပ္ပါယ် +အဓိပ္ပာယ်, -ရှိပါသည် +ရှိသည်, -သော်၎င်း +သော်လည်းကောင်း, -လျှက်ရှိ +လျက် ရှိ)
 
စာကြောင်း ၁၁ -
လက်ဖက်ရည်တော်ဆောင်ကို မှန်နန်းစနု၏ ဝဲဘက်(မြောက်ဘက်)တွင် ရှိသည်။ တနည်းအားဖြင့် မြောက်ထားဝယ်ဆောင်၏ အနောက်ဘက် ကပ်လျက်ရှိသည်။ မှန်နန်းတော်ကြီးမှ အတောင်၂၀-မျှသာ ကွာဝေးသည်။ လက်ဖက်ရည်တော်ဆောင်ကို ကွန်းလေးစင် နှစ်ဆင့်လည်ပေါ်နှင့် တောင်မြောက်အလျားထားပြီး ဆောက်လုပ်ထားသည်။ ဤလက်ဖက်ရည်တော်ဆောင်တွင် လက်ဖက်ရည်တော်သားများ နေထိုင်ကြရသည်။ မင်းတုန်းမင်းတရားကြီး လက်ထက်တော်အခါက လက်ဖက်ရည်တော်တွင် သူကောင်းပြုထားသူပေါင်း ၄၄-ယောက်ရှိသည်။ အချို့အမှုထမ်းများမှာ အဝေးရောက်မင်း၏ သားများ၊ မြို့ဝန်များ၏ သားများ စသည်တို့ ဖြစ်ကြသည်။
 
လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့သည် ကပ်လျှက်ရှိသည်။ကပ်လျက် ရှိသည်။ တစ်ခါတစ်ရံ ထားဝယ်ဆောင် တစ်ခုလုံးကိုပင် လက်ဖက်ရည်တော်ဆောင်ဟူ၍လည်း သိမ်းကျုံး ခေါ်ဆိုတတ်ကြသည်။ ထားဝယ်ဆောင်ဟူသည်မှာ အမိုးနှစ်ထပ် လည်ပေါ်ဆောင်ဖြစ်သည်။ ဆင်ဖြူရှင်မင်းလက်ထက်၌ ထားဝယ်ကို ချီတက်တိုက်ခိုက် သိမ်းယူ၍ ထားဝယ်သားများကို နေရာချထားရာ အဆောင်ဖြစ်သည်။ နောင်တွင် ထားဝယ်သားများ မဟုတ်စေကာမူ ထိုအဆောင်တွင် မြန်မာအမှုထမ်းများကို ထားသည်။ ရွှေဘုံနိဒါန်းအဆိုအရ ထားဝယ်ဆောင်ဟူသည် နွေးသောအဆောင်ဟူ၍ အဓိပ္ပါယ်ရသည်။အဓိပ္ပာယ်ရသည်။ မြန်မာ့နန်းတွင်း ယဉ်ကျေးမှု အသုံးအဆောင် အခေါ်အဝေါ်များသည် မွန်တို့ထံမှ ရသည်သာများသည်။ '''ထားဝယ်''' ဟူသောစကားမှာ မွန်ဘာသာအရ '''နွေးသည်''' ဟူ၍ အဓိပ္ပါယ်ရသည်။အဓိပ္ပာယ်ရသည်။ နွေးသောအဆောင်ဖြစ်သည်ဟု ဆိုလိုသည်။ လက်ဖက်ရည်တော်ဆောင်နှင့် ထားဝယ်ဆောင်တို့မှာလည်း ကပ်လျှက်ရှိသည်ကိုကပ်လျက် ရှိသည်ကို သတိပြုရ၏။ လက်ဖက်ရည်တော်ဆောင်သည် အမြဲတစေ လက်ဖက်ရည်နွေးအိုးကို တည်ထားရသော အဆောင်ဖြစ်၍ အစဉ်အမြဲ နွေးနေရပေသည်။ ထို့ကြောင့် လက်ဖက်ရည်တော်ဆောင် သည်ပင်လျှင် ထားဝယ်ဆောင်ဟု ခေါ်မည်ဆိုပါက မှားမည်မဟုတ်ချေ။
 
== တာဝန် ==
စာကြောင်း ၁၈ -
ဘုရင်မင်းတရားကြီး နံနက်မျက်နှာသစ်တော်မူချိန် (နံနက်ခြောက်နာရီခွဲ<ref>မင်းတုန်းမင်း၏ တစ်နေ့တာ</ref>) မှစ၍ လက်ဖက်ရည်တော်ဆောင်တွင် ရေနွေးကြိုထားရသည်။ မျက်နှာသစ်တော်မူချိန်တွင် ရေပူ ရေနွေးကို အလိုရှိတော်မူသည်။ သားတော်များသည် ခမည်းတော်မင်းတရားကြီး စက်တော်ရာမှ မနိုးမှီ [[ဗောင်းတော်ဆောင်]] တွင် လာရောက်စုရုံး စောင့်နေကြရသည်။ ဘုရင်မင်းတရားကြီး စက်တော်ရာမှ နိုးလျှင် ရေပူ ရေနွေးများကို ရွှေဖလားနှင့် ခပ်၍ မျက်နှာသစ်တော်ရေ ဆက်ရ၏။ ဤသို့အားဖြင့် ရေနွေးသည် အချိန်မရွေး လိုလျက်ရှိသည်။
 
နန်းတော်တွင် စားတော်ဟင်းများ၊ ထမင်းများချက်သည့် စားဖိုတော်ကားရှိပါသည်။စားဖိုတော်ကားရှိသည်။ ယင်းစဖိုတွင် ဘုရင့်အတွက် ရေနွေးကို တည်ရသည်မဟုတ်ပေ။ ပွဲတော်အုပ်အတွက် ချက်ပြုတ်နေချိန်တွင် ဘုရင့်အတွက် သီးသန့်ရေနွေးများ တည်နိုင်မည်လည်း မဟုတ်ပေ။ ရေနွေးဟုပင် ဆိုသော်လည်း ဘုရင့်အတွက် ရေနွေးမှာ သာမည စားတော်ချက်များက ချက်ကြိုပေးရန် တာဝန်မယူနိုင်။ မယုံကြည်၊ စိတ်မချရသူများကိုလည်း မခိုင်းသင့် အဘယ်ကြောင့် ဆိုသော် ဘုရင့်အား အစားအသောက်ဖြင့် လုပ်ကြံနိုင်သည်။ ထိုကဲ့သို့ပင် ပုဂံခေတ်မင်းများ လက်ထက်အခါက လုပ်ကြံခံရသော ဘုရင်များရှိခဲ့သည်။ ထို့ကြောင့် ဘုရင်သည် မိမိအတွက် သောက်တော်ရေ၊ ကွမ်းတော်၊ လက်ဖက်ရည် စသည်တို့ကို များစွာသတိထားရသည်။ အလွန်စိတ်ချတော်မူမှသာ ထိုရာထူးမျိုးတွင် ထားသည်။
 
== ဦးပုညနှင့် လက်ဖက်ရည်တော်ရာထူး ==
စာကြောင်း ၃၀ -
ဦးပုညသည် သူ၏ရုပ်ချို့ငဲ့သော ဘဝကို များစွာစိတ်နာဟန်တူသည်။ ထို့ကြောင့်သူသည် '''နန်းဆန်တဲ့မြိုင်''' တောလားကို ရေးစဉ်အခါက မင်္ဂလာရှိသော တိရစ္ဆာန်များကို စိတ်ကူးယဉ်ယဉ်နှင့် ရေးသားဖွဲ့နွဲ့ ခဲ့လေသည်။ သူသည် မင်္ဂလာရှိသော ရုပ်ရူပကာရှိပါလျှင် မည်မျှကြီးပွားတိုးတက်၍ ဘုရင်မင်းတရားကြီး၏ မြှောက်စားခြင်း ခံရမည်ကို တွေးတောကာ ဝမ်းနည်းခဲ့ဟန်တူသည်။
 
လက်ဖက်ရည်တော် ရာထူးထားရန် မင်းကြီးဦးပွားက လျှောက်ထားတောင်းပန် ရသည်မှာလည်း ဦးပုည၏ မိခင်နှင့် ဆွေမျိုးများမှာ လက်ဘက်ပွဲစားများ ဖြစ်ကြသည်။ ရှမ်းပြည်သို့လည်း အခါခါရောက်ဘူးသည်။ ရှမ်းပြည်တွင် ဆွေမျိုးညာတိများလည်း ရှိသည်။ မည်သည့်လက်ဘက်ကောင်းသည်၊ ညံ့သည်ကို ဦးပုညသိသည်။ ဘုရင့်လက်ဘက်ရည်တော်အတွက် မည်သည့်တောင်ထွက် လက်ဘက်သည် အကောင်းဆုံးဖြစ်သည်ကို ကောင်းစွာသိသည်။ ဦးပုည၏ '''လက်ဘက်မေတ္တာ''' စာတွင် လက်ဘက်အကြောင်းကို ကောင်းစွာရေးထားသည်။ ထို့ကြောင့် ဦးပုညသည် လက်ဘက်ရည်တော် အရာနှင့် ပနံရလျှက်ရှိသည်။ပနံရလျက် ရှိသည်။ သူ၏ '''ရွှေညောင်ပေး မေတ္တာစာ''' ကိုကြည့်လျှင်သော်၎င်း၊ကိုကြည့်လျှင်သော်လည်းကောင်း၊ '''ရှမ်း သထုံပေးမေတ္တာစာ''' ကိုကြည့်လျှင်သော်၎င်းကိုကြည့်လျှင်သော်လည်းကောင်း သူသည် ရှမ်းပြည်တစ်ခွင်ကို ကောင်းစွာနှံစပ်သူ ဖြစ်ကြောင်း သိရှိနိုင်ပေသည်။ <ref> [[မြကေတု]]၏ နန်းဓလေ့ မှတ်တမ်း</ref>
 
== ရတနာပုံဖိုးမှတ်စု မှ ==