အိပ်စက်ခြင်း: တည်းဖြတ်မှု မူကွဲများ

စာလုံးပေါင်း ပြင်ခဲ့သည်
စာတွဲများ: မိုဘိုင်းလ် တည်းဖြတ် မိုဘိုင်းလ် app တည်းဖြတ် အန်းဒရွိုက် app တည်းဖြတ်
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ဟ +။ သ, -။အ +။ အ)
စာကြောင်း ၂ -
[[File:Sleeping baby cat.jpg|thumb|300px|အိပ်ပျော်နေသော ကြောင်ကလေး]]
အချို့က အိပ်ရေးမဝခြင်း ၊ အိပ်ရေးဝဝ မအိပ်ရခြင်းကို ရုပ်ပိုင်းဆိုင်ရာ အားနည်းခြင်းအဖြစ် မြင်ကြပါတယ်။ အထူးသဖြင့် အမျိုးသမီးများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အိပ်စက်ခြင်းက အရေးပါလှပါတယ်။ အိပ်ပျော် နေစဉ်မှာ ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းအားလုံးကလည်း အားပြန်ယူကာ သန့်စင်ပါတယ်။ လေ့လာ သင်ယူသော အသစ် အသစ်သော အရာတွေကို ဦးနှောက်က မှတ်ဉာဏ်အဖြစ် မှတ်သားထားဖို့ လုပ်ဆောင်ပါတယ်။ ပျက်စီးနေတဲ့ တစ်ရှုးတွေကို ပြန်လည်ပြုပြင်ဖို့အတွက် ကြီးထွားခြင်း ဟိုမုန်းတွေ ကို ထုတ်လုပ်ပြီး စိတ်ဖိစီးမှုတွေရဲ့ဆိုးကျိုးတွေကို ပိတ်ပင်ထားဆီးပါတယ်။ ကောင်းမွန်စွာ အိပ်စက်ရတယ်ဆိုရင် ဒီလို ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာ အခြေအနေတွေက အကောင်းမွန်ဆုံးပဲ ဖြစ်ပါတယ်။ ကောင်းမွန်စွာ မအိပ်စက် ရဘူးဆိုရင်တော့ လူဟာ လေးလံထိုင်းမှိုင်းနေပြီး မှန်ကန်စွာ မတွေးတတ်
တော့ ပါဘူး။အဲဒီအတွက်ပါဘူး။ အဲဒီအတွက် ဆုံးဖြတ်ချက်တွေလည်း မှန်သင့်သလောက် မမှန်နိုင် တော့ပါဘူး။ မိမိကားကို ဘယ်နေရာမှာ ရပ်ထားခဲ့တယ် ဆိုတာကိုတောင် မှတ်မိဖို့ ခက်ခဲလာတတ်ပါတယ်။ အိပ်ရေးပျက်ခြင်းရဲ့ နောက်ဆက်တွဲ အကျိုးဆက်တွေကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်း ၊ ဆီးချိုရောဂါ တို့ကို လွယ်ကူစွာ ဖြစ်စေနိုင်ပြီး တချို့လူတွေမှာတော့ အဝလွန်လာတတ်ပါတယ်။
 
ကောင်းမွန်စွာ အိပ်စက်ခြင်းဟာ နံနက်ခင်းမှာပဲ စတင်ပါတယ်။ အိပ်ရာ နိုးနိုးချင်း မျက်စိဖွင့်လိုက်တယ် ဆိုရင်ပဲ နံနက်ခင်း အလင်းရောင်က မျက်စိထဲကို ဝင်ရောက်လာပြီးအမြင်အာရုံကြောများဆီကို ရောက်ပါတယ်။ ထိုမှ တဆင့် ဦးနှောက်ကို ရောက်ပါတယ်။ဟိုမုန်းထုတ်လုပ်ခြင်းကိုရောက်ပါတယ်။ သိုမုန်းထုတ်လုပ်ခြင်းကို လှုံ့ဆော်ပြီး ဘယ်လို တွေးတယ်၊ ဘယ်လိုခံစားရတယ်ဆိုတာတွေကို တွေးသမျှ ၊ လုပ်ဆောင်သမျှ တွေကို မျှတအောင် ညှိပေးပါတယ်။
 
နေရာင်ခြည်က ဦးနှောက်ကို လှုံ့ဆော်ပေးပါတယ် လို့ UCLA Sleep Disorders Centre မှ ဆေးဘက်ဆိုင်ရာ ဒါရိုက်တာ Dr. Frisca L. Yan Go ကဆိုပါတယ်။ နံနက်ခင်းတိုင်းမှာ အချိန်မှန် ပုံမှန် လှုံ့ဆော်မှုက လူ့ခန္ဓာကိုယ်ကို ညဖက်မှာ အိပ်စက်ဖို့နဲ့ နံနက်ခင်းမှာနိုးထဖို့ကို သင်ပြပေးပါတယ်။ ဆိုလိုတာက ညတိုင်း ပုံမှန် ည ၁၁နာရီမှာ အိပ်စက်ပြီး နံနက် ၆ နာရီမှာ အိပ်ရာ ထတယ် ဆိုရင် နေ့စဉ် ည ၁၁ နာရီဆိုလျှင် အိပ်ချင်လာပြီး နံနက် ၆ နာရီမှာ အိပ်ရာ အမြဲနိုးထတတ်ပါတယ်။ နံနက်ခင်းတွေမှာ အိပ်ရာနိုးထချိန်တွေ တစ်နေ့နဲ့ တစ်နေ့ မတူတဲ့အခါမှာ ခန္ဓာကိုယ်နဲ့ ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေက နာရီအချိန်မမှန်တော့ဘဲ လေးလံထိုင်းမှိုင်းလာတတ်ပါတယ်။ နိုးထကာစမှာ လေးလံထိုင်းမှိုင်းနေပြီး ဘာကိုမှ စိတ်ဝင်တစား အလုပ်လုပ်လို့ မရတာမျိုး ဖြစ်တတ်ပါတယ်။