ဆင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-သော်၎င်း +သော်လည်းကောင်း)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။ခ +။ ခ, -။ထ +။ ထ)
စာကြောင်း ၇၃ -
 
 
ရှေးလွန်လေပြီးသောအခါ မြတ်စွာဘုရားအလောင်းသည် ဟိမဝန္တာတောကြီးအလယ်၌ တောတဆယ့်ခြောက်ထပ်၊ တောင် စဉ်ခုနစ်ထပ် ရံထားသော ဆဒ္ဒန်အိုင်ကြီး၏ အနောက်မျက်နှာ တွင် တဆယ့်နှစ်ယူဇနာရှိသော ရွှေဂူ၌ ဆဒ္ဒန်ဆင်အမျိုးပေါင်း ရှစ်သောင်းခြံရံလျက် ဆဒ္ဒန်ဆင်မင်း ဖြစ်တော်၏။ ထိုဆဒ္ဒန်ဆင်မင်း၏ အရပ်ကား တဆယ့်ရှစ်တောင်၊ အလျားကား အတောင်တစ်ရာ့နှစ်ဆယ်၊ နှာမောင်းကား အလျား ငါးဆယ့်ရှစ်တောင် အစွယ်ကား လုံးပတ်အားဖြင့် တဆယ့်ငါးတောင်၊ အလျားအားဖြင့် အတောင်သုံးဆယ်ဟူ၍ အသီးသီးရှိ၏။ခြေဖျား၊အသီးသီးရှိ၏။ ခြေဖျား၊ လက်ဖျား၊ နှုတ်ဖျားတို့သည် ချိပ်ရည်သွေးကဲ့သို့ နီမြန်း၏။ ကိုယ်အလုံးသည် ငွေလမင်းကဲ့သို့ ဆွတ်ဆွတ်ဖြူ၏။ အစွယ်သည် ညိုရွှေနီစက်၊ ပြိုးပြက်ဖြူမောင်းသော အရောင်ခြောက်ပါးနှင့် ပြည့်စုံ၏။ ဆဒ္ဒန်ဆင်မင်းသည် မိုးအခါ၌ ရွှေဂူတွင်စံလျက် နွေအခါတွင်မူ ညောင်နန်းတွင် စံနေတော်မူတတ်၏။ ဆဒ္ဒန်ဆင်မင်း၌ မဟာသုဘဒ္ဒါ၊ စူဠသုဘဒ္ဒါဟူ၍ မိဘုရားနှစ်ပါးရှိ၏။ တစ်ရံရောအခါ ဆဒ္ဒန်ဆင်မင်းသည် ပင်လုံးကျွတ်ပွင့်သော အင်ကြင်းပင်ပျိုအောက်၌ ခိုလှုံရပ်နားနေခိုက်၊ လက်ျာတော်လေအောက်က မဟာသုဘဒ္ဒါ၊ လက်ဝဲတော်လေညာက စူဠသုဘဒ္ဒါတို့ ခစားနေစေလျက်၊ အင်ကြင်းပင်ကို ဦးကင်းဖြင့်ဝှေ့၍ ပန်းမိုးရွာစေ၏။ ထိုအခါ သစ်ခြောက်ကိုင်းတို့နှင့်တကွ ပရွက်ခါချဉ်တို့သည် စူဠသုဘဒ္ဒါအပေါ်သို့ လှုပ်တိုင်းကျလာ၏။ မဟာသုဘဒ္ဒါအပေါ်၌ကား ပန်းပွင့်ပန်းမှုန်တို့မှာ လေညာမှလွင့်၍ စုပုံကျလာကုန်၏။ ထိုအခြင်းအရာကြောင့် စူဠသုဘဒ္ဒါသည် ဆင်မင်းသည် ချစ်ခြင်းမညီဟု သဘောထားကာ အငြိုးကြီးစွာ ထားလေ၏။ တစ်ဖန် အိုင်အတွင်းသို့ သက်ဆင်း၍ ရေကစားသည်တွင် ပဒုမ္မာကြာမှုန်တို့၏ဝတ်ဆံတို့ကို ကြဲဖြန့်ကစားတော်မူ၍၊ ကြွင်းသောကြာပန်းတို့ကို မဟာသုဘဒ္ဒါ တစ်ဦးတည်းကိုသာ ပေးမိပြန်သဖြင့် ဒုတိယအကြိမ် ရန်ငြိုးဖွဲ့ပြန်၏။ ထို့နောက် စူဠသုဘဒ္ဒါသည် ရှင်ပစ္စေကဗုဒ္ဓါ ငါးရာတို့အား ကြာစွယ်ကြာရင်းတို့ကို ဆက်ကပ်လှူဒါန်း၍ 'အကျွန်ုသည် ယခုဘဝမှ စုတေခဲ့သော်၊ ဧကရာဇ်မင်း၏ ရှုမငြီးသော မိဘုရားကြီးဖြစ်လျက် ဇာတိဿရဉာဏ်ကိုလည်း ရပါစေသော။ ထိုအခါ ဤဆဒ္ဒန်ဆင်မင်း၏စွယ်တော်အစုံကို ဖြတ်ပိုင်း၍ ယူနိုင်ပါစေသော' ဟု ဆုတောင်း၏။
 
ထို့နောက် အစာရေစာ မစားဘဲ၊ အားပြတ် စုတေ့လေသော်၊ ဆုယူသည့်အတိုင်း မဒ္ဒရာဇ်မင်း၏ သမီးတော်ဖြစ်လာ၏။ ထိုသမီးတော် အရွယ်ရောက်လတ်သော် ဗာရာဏသီမင်း၏ မိဘုရားဖြစ်လာ၏။ မိဘုရားလည်း မိမိ၏ အတိတ်ဘဝကို အောက်မေ့၍ မိမိဆုတောင်းခဲ့သည့်အတိုင်း ဖြစ်မြောက်စေရန် ညှိုးငယ်သော အသွင်ကိုဆောင်၍နေလေ၏။ ထိုအခြင်းအရာကို မြင်လတ်သော် မင်းကြီးက မေးမြန်းလေ၏။ မိဘုရားလည်း မင်းကြီးအား ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကို နားတောင်းအဖြစ်
ပန်ဆင်လို သည်ဟု တင်လျှောက်လတ်သော်၊ မင်းကြီးသည် ဆဒ္ဒန်ဆင်မင်းကို ရှာဖွေစေရန် သောနုတ္တရမုဆိုးကို ဆင့်ဆိုတော်မူ၏။ မိဘုရားလည်း ထိုမုဆိုးအား မိမိကိုယ်တိုင်လမ်းညွှန်၍ ဆင်မင်းကို အဆိပ်လူးသောများဖြင့် ပစ်သတ်လျက် အစွယ်တော်ကိုဖြတ်ယူခဲ့ရန် စေလွှတ်လေ၏။ မုဆိုးလည်း ခုနစ်နှစ်၊ ခုနစ်လ၊ ခုနစ်ရက်ကြာမှ ဆဒ္ဒန်ဆင်အိုင်သို့ ရောက်လေ၏။ ထို့နောက် ဆင်မင်း၏နေရာ အသွားအလာလမ်းများကို မှတ်သား၍ ဆင်မင်းရပ်တည်မည့်နေရာ တည့်တည့်၌ ဥမင်တူးကာ၊ ဆင်မင်း၏ ချက်နှင့်ချိန်လျက် မြားပစ်ရန် အပေါက်ဖေါက်ထား၏။ မိမိကိုယ်ကိုလည်း သင်္ကန်းဝတ်ရုံထားလေသည်။ နောက်တစ်နေ့ ဆင်မင်းနှင့် ဆင်မိဘုရားတို့ ယင်းအရပ်၌ ရေစစ်ရန် ရပ်တန့်ခိုက်တွင်ပင် မုဆိုးက ဆိပ်လူးမြားဖြင့်ပစ်လတ်သော် ဆင်မင်းသည် တောတောင်အလုံး ပဲ့တင်ဟီးမျှ သုံးကြိမ် ဟစ်အော်ညည်းညူတော်မူရာ၌ ဆင်အပေါင်းကလည်း ရန်သူကို ချေမှုန်းပစ်အံ့ဟု တောတောင်ပတ်လည် လှည့်လည်ရှာဖွေကြ၏။
 
ဘုရားလောင်းသည် မြားလာရာလမ်းကို ကြည့်သဖြင့် သိတော်မူရကား၊ မဟာသုဘဒ္ဒါအား ထပ်မံထိခိုက်မည်စိုး၍ အခြားသို့ ဖယ်ရှားစိမ့်သောငှါ အမျက်ထွက်လေဟန်ဖြင့် ရန်သူကိုရှာစေလေ၏။ ဆင်မင်းသည် မြားလာရာ အောက်အရပ်သို့ ခွာတော်နှင့်ရှပ်သဖြင့် ဥမင်ထဲရှိမုဆိုးကို မြင်သောအခါ နှာမောင်းဖြင့် ဆွဲယူတော်မူ၏။ မုဆိုးလည်း မိမိကိုယ်မှ သင်္ကန်းကိုခွာလျက် နှာမောင်းပေါ်သို့ တင်လိုက်၏။ ဆဒ္ဒန်ဆင်မင်းသည် သင်္ကန်းကိုမြင်ရုံမျှနှင့်ပင် အမျက်ပွားမိသည်ကို ချုပ်တည်း၍မုဆိုးအား အကြောင်းအရင်းကို မေးမြန်းလေ၏။ ထိုအခါ မုဆိုးသည် သုဘဒ္ဒါမိဘုရားက ဆဒ္ဒန်ဆင်မင်း၏ စွယ်တော်ကိုအလိုရှိ၍ စေခိုင်းကြောင်းကို လျှောက်ထားလေရာ၊ ဘုရားလောင်းဆင်မင်းသည် မိမိ၏အစွယ်ကို မိမိဖြတ်၍၊ သဗ္ဗညုတဉာဏ်၏ ရရာရကြောင်း အထောက်အပံ့ဖြစ်စေသတည်းဟု ဆုတောင်းလျက်၊ မုဆိုးအားပေးလှူပြီးသော် 'အဆွေတော် သောနုတ္တိုရ်၊ မောင်မင်းသခင်၊ ပလ္လင်ညာရံ၊ စံပေသည့်နတ်၊ မယ်သုဘဒ်ကို၊ ဆတ်ဆတ်သဘော၊ ငါမှာတိုင်းပြောပါလေ။ တောဟေဝန်ချောင်၊ မြိုင်သာခေါင်တွင်၊ ငွေတောင်ကြီးသွင်၊ ခင်မလင်ကို၊ အရှင်လတ်လတ်၊ သင်စေ၍သတ်ခဲ့ပြီ။ စွယ်တော်ဓာတ် နှစ်ချောင်း၊ ခြောက်ရောင်မောင်းကိုလည်း၊ ၎င်းဆင်ကြီး၊ မသေခင်ဖြတ်လှီး၍၊ သွေးစီးသံထွက်၊ နာကျင်စွာနှိပ်စက်ပြီးမှ၊ အသက်ဆုံးစေခဲ့ပါပြီ။ ဤစွယ်တော်စုံကို ရွှေဘုံသူ မှန်ကူ၊ သုံးရက်တော်မူသေးလျှင်၊ ရန်သူကြီးအစွယ်ကို၊ ရွှေလက်ဝယ် သပါမည်။ အားရစိတ်ရွှင်၊ ကျေနပ်အောင်စီရင်၍၊ ပြုချင်တိုင်းပြုတော်မူပါတော့ ဘုရားဟူ၍၊ မောင်မင်းသခင်၊ မုန်းပင်စိုက်ပျိုး၊ ပြေချိန်တိုင်၍မှ မပြေနိုင်ငြိုးတတ်သည့်၊မုဆိုးတစ်ပိုင်း၊မိန်းမရိုင်းကြီးကို၊ငါမှာ တိုင်းပြောပါလေ' ဟု မှာကြားလေ၏။ထို့နောက်မှာကြားလေ၏။ ထို့နောက် ဆဒ္ဒန်ဆင်ကောင်း၊ ဘုရားလောင်းလည်း၊ မယားဟောင်းလက်ချက်နှင့် အသက်ဆုံးတော်မူလေသတည်း။
 
မုဆိုးကား ဗာရာဏသီသို့ပြန်၍၊ စွယ်တော်ကို သုဘဒ္ဒါ မိဘုရားအား ဆက်သပြီးလျှင် ဆဒ္ဒန်ဆင်မင်း၏ မှာစကားကို ပြန်ကြားလေ၏။ ထိုအခါ သုဘဒ္ဒါမိဘုရားသည် 'စကားရှေ့နောက်၊ ပြန်လှန်ကာထောက်လတ်သော်၊ နောက်နောက်ကျိကျိ၊ နှလုံးတော်ရှိလှ၍၊ မဏိခြယ်စီ၊ သိင်္ဂီရိုးညှောက်၊အံ့လောက်ဆန်းပြား၊ ရွှေယပ်မားဖြင့်၊ သနားစိတ်ဝင်၊ခံယူတင်ပြီးလျှင်၊ ရင်ခွင်တော်၌၊ စွယ်တော်ကိုပိုက်ပြန်၍၊ တစိုက်စိုက်ရှုယင်းပင်၊ ပြုမိသည့်ဖြစ်ထွေ၊ လင်သေသည့်အကြောင်း၊ ဘဝဟောင်းက၊
"https://my.wikipedia.org/wiki/ဆင်" မှ ရယူရန်