ရာသီခွင်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ယောကျာ်း +ယောက်ျား)
စာကြောင်း ၃၂ -
 
ဟိန္ဒူနှင့် မြန်မာဗေဒင်ကျမ်းများအရ အေးရီးအစ ပိုက်ဆီး အဆုံးရှိသော ၁၂ ရာသီကို မိဿ၊ ပြိဿ၊ မေထုန်၊ ကြကဋ်၊ သိဟ်၊ ကန်၊ တူ၊ ဗြိစ္ဆာ၊ ဓနု၊ မကာရ၊ ကုံ၊ မိန်ဟူ၍ အစဉ် အတိုင်း ခေါ်သည်။ ပုံများမှာ နှစ်မျိုးစလုံးပင် ထပ်တူဖြစ်သင့်သော်လည်း အနည်းငယ် ကွဲလွဲချက်များမှာ ဟိန္ဒူနှင့် မြန်မာ
ဗေဒင်ကျမ်းများ၌ မိဿကို ဆိတ်ထီးပုံဖြင့်၎င်း၊ မေထုန်ကို ယောကျာ်းတစ်ဦးနှင့်ယောက်ျားတစ်ဦးနှင့် မိန်းမတစ်ဦးဘက်၍ ရပ်နေသောပုံဖြင့်၎င်း၊
မကာရကို သမင်ခေါင်းရှိသော မကန်းမည်သော ရေသတ္တဝါ ပုံဖြင့်၎င်း ပေးထားသည်ကို တွေ့ရလေသည်။ မြန်မာစာပေရှိ ၁၂ ရာသီဆိုင်ရာ နက္ခတ်၊ တာရာ၊ ရာသီ၊ လ စသည်တို့၏ သဘောကို ဖော်ပြပါ ရာသီစက်အားဖြင့် သိမြင်နိုင်လေသည်။ ရာသီစက်တွင် နက္ခတ် ၂၇ လုံး ရှိသည့်အနက် နက္ခတ်
စဉ်ကို အဿဝဏီမှ စ၍ ရေဝတီအဆုံးအထိ ရေတွက်ကြသည်။ နက္ခတ် ၂၇ လုံးသည် တာရာကိုးလုံးနှင့် တစ်ဖန် တိုက်ဆိုင် နေပြန်၍ ရာသီစက်ပုံကိုကြည့်လျှင် တာရာတလုံးသည် နက္ခတ် သုံးလုံးနှင့် တူညီနေသည်ကို တွေ့ရပေမည်။ တာရာကြီးကိုးလုံးကို ကျီးတာရာ၊ ဟင်္သာတာရာ စသည်ဖြင့် အသိအမှတ်ပြုထား သည်။ တစ်ရာသီမှ တစ်နှစ်၏ ၁၂ ပုံ တစ်ပုံ ဖြစ်၏။ နက္ခတ် တစ်လုံးကို လေးစိတ်စိတ်၍ တစ်စိတ်ကို တစ်ပါဒ်ဟုခေါ်သည်။ နက္ခတ်နှစ်လုံးနှင့် တစ်ပါဒ်သည် တစ်ရာသီဖြစ်သည်။ တနည်းအားဖြင့် ကိုးပါဒ်သည် တစ်ရာသီဖြစ်သည်။ ရာသီစက်တွင် နှစ်ဦး ဖြစ်သော မိဿရာသီ တန်ခူးလကို အဿဝဏီလေးပါဒ်၊ ဘရဏီလေးပါဒ်၊ ကြတ္တိကာပထမတစ်ပါဒ် ပေါင်း ကိုးပါဒ်နှင့် ညိ|၍ ခွဲထားသည်။ ကျန် ရာသီများကိုလည်း ဤနည်းအတိုင်း ပင် ခွဲထားသည်။ ရာသီစက်တွင် တန်ခူး၊ ကဆုန် စသော စန္ဒရမာသ မြန်မာလများနှင့် မိဿ၊ ပြိဿ စသော သူရိယ မာသရာသီများကို သိမြင်ရလွယ်အောင် တစ်မျိုးတည်း သဘော နှင့်ပင် ဖော်ပြထားသ်ည။ အမှန်အားဖြင့်ကား သူရိယ မာသနှင့် စန္ဒရမာသတို့မှာ တစ်မျိုးတည်း မဟုတ်ကြပေ။