ယေရှု ခရစ်တော်: တည်းဖြတ်မှု မူကွဲများ

အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-ဖြစ်ပါသည် +ဖြစ်သည်, -အဓိပ္ပါယ် +အဓိပ္ပာယ်)
အရေးမကြီး ဘော့ - စာသားများကို အလိုအလျောက် အစားထိုးခြင်း (-။အ +။ အ, -။လ +။ လ, -။သ +။ သ, -။ပ +။ ပ, -။ခ +။ ခ, -။ရ +။ ရ)
စာကြောင်း ၁၀၇ -
 
== ထာဝရဘုရားသခင်၏ သားတော် ==
သမိုင်းဝင် ယေရှု(ယေဇူး)ကို လေ့လာသော ခေတ်သစ် ပညာရှင်အများစုက ယေရှု(ယေဇူး)ကို လွတ်လပ်သောသူ၊ ဂျူးပြန်လည်တည်ထောင်ရေး လှုပ်ရှားမှု၏ တန်ခိုးထက်သော တည်ထောင်သူ၊ ကျရောက်အံ့ဆဲဆဲဖြစ်သော ကမ္ဘာပျက်စီးမည့်ဘေးကို ကြိုတင်ဟောကိန်းထုတ်သူအဖြစ် ယူဆကြသည်။သို့သော်ယူဆကြသည်။ သို့သော် အခြားထင်ရှားကျော်ကြားသော ပညာရှင်များက ယေရှု၏ “ဘုရားသခင်၏နိုင်ငံတော်” ဆိုသည်မှာ အနာဂါတ် ကမ္ဘာပျက်စီးမည့်ဘေးအစား အစွန်းရောက်သော ကိုယ်ရေးကိုယ်တာနှင့် လူမှုရေးဆိုင်ရာ ပြောင်းလဲမှုဟု ငြင်းချက်ထုတ်ကြသည်။
ခရစ်ယာန်များက ၎င်းတို့၏ အပြစ်များအတွက် ယေရှု(ယေဇူး)သည် သူ၏ သေခြင်းဖြင့် လူတို့အတွက် ကယ်တင်ခြင်းနှင့် ဘုရားသခင်နှင့် မိဿဟာယဖွဲ့ရာကျေးဇူးကို ပေးရန် လာသော "ထာဝရဘုရားသခင်၏ သားတော်" (ယေဘုယျအားဖြင့် ယေရှု(ယေဇူး)သည် ဘုရားသခင်၏သားတော်၊ သုံးပါးတစ်ဆူတွင် ဒုတိယအပါး ဟုဆိုလိုသည်။) ဖြစ်သည်ဟု အဓိကထား ယုံကြည်ကြသည်။:568-603 ခရစ်ယာန် များသည် ယေရှု(ယေဇူး)ကို အပျိုစင် မယ်တော်မှ မွေးဖွားသည်၊:529-532 အံ့ဩဘွယ်သော အမှုတို့ကို ပြုတော်မူသည်၊,[30]:358-359 အသင်းတော်ကိုတည်ထောင်သည်၊ သေခြင်းမှ ရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံသို့ တက်ကြွသွားခဲ့ကာ:616-620 တဖန်ပြန်လည်ကြွ လာဦးမည်ဟု အစဉ်တစိုက် ယုံကြည်ကြသည်။:1091-1109 သုံးပါးတစ်ဆူအယူအဆကို ခရစ်ယာန် အများစုက လက်ခံထားစဉ်တွင် အချို့အုပ်စုအနည်းငယ်တို့က ကျမ်းစာလာခြင်းမဟုတ်ဟုဆိုကာ လုံးဝသော်လည်းကောင်း၊ တစိတ်တဒေသသော်လည်းကောင်း သုံးပါးတစ်ဆူအယူအဆကို ငြင်းပယ်ကြသည်။ ခရစ်ယာန်ပညာရှင်အများစုသည် ယေရှုကို စောင့်စားနေသော မေရှိယ(မက်ဆိယား)အဖြစ်နှင့် ဘုရားသခင်အဖြစ် ဖော်ပြသည်။
အစ္စလမ်ဘာသာတွင် ယေရှု(ယေဇူး)(အာရေဗျ - عيسى ၊ အများအားဖြင့် အီဆာဟု အက္ခရာပြန်ရေးသားသည်)ကို ဘုရားသခင်၏ အရေးပါသော ပရောဖက်များထဲမှ တစ်ဦး၊ကျမ်းစာကို သယ်ဆောင်လာသူနှင့် ထူးဆန်းသောတန်ခိုးကို ပြသူဟူ၍ ယူဆသည်။ ယေရှုကို "မေရှိ"ဟူ၍လည်း ခေါ်သည်။ သို့သော် သူသည် ဘုရားသခင်ဖြစ်သည်ဟု အစ္စလမ်ဘာသာက မသွန်သင်ပါ။ ရှေးရိုးခရစ်ယာန်တို့ ယုံကြည်မှုဖြစ်သော ယေရှု(ယေဇူး)သည် သေလွန်ပြီးမှ ရှင်ပြန်ထမြောက်သည်ဟု ဆိုခြင်းထက်၊ ယေရှု(ယေဇူး)ကို လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့် သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း မတွေ့ကြုံရပဲ ကောင်းကင်သို့ ကိုယ်ခန္ဓာနှင့်တကွ တက်ကြွသွားခဲ့သည်ဟု အစ္စလမ်ဘာသာအရ သွန်သင်သည်။
စာကြောင်း ၁၂၁ -
ပညာရှင်များက ယေရှု(ယေဇူး)သည် 7-2 BC/BCE တွင် ဖွားမြင်ပြီး 26-36 AD/CE တွင်သေဆုံးသည်ဟု တွက်ဆကြသည်။
ယေရှု့(ယေဇူး)ဖွားမြင်သည့်နေ့ အတိအကျကို ဖော်ပြသော ခေတ်ပြိုင် သက်သေအထောက်အထား မရှိပါ။ လက်ရှိခုနှစ်မှာ 2010 ဟူ၍ နှစ်များကို ရေတွက်သော ဂရီဂေါ်ရီးယန်းပြက္ခဒိန်
သည် ယေရှု(ယေဇူး)ဖွားမြင်ခြင်း (လူ့ဇာတိအဖြစ်ခံယူခြင်း)မှစတင်၍ ရေတွက်ရန် ကြိုးစားသော အလယ်ခေတ်ဦးကို အခြေခံသည်။ရှင်မဿဲခရစ်ဝင်ကျမ်းအခြေခံသည်။ ရှင်မဿဲခရစ်ဝင်ကျမ်း(ရှင်မာတေဦးခရစ်ဝင်ကျမ်း)တွင် 4 BC/BCE ၌ သေဆုံးသော မဟာဟေရုဒ်၏ နန်းစံကာလ၌ ယေရှု(ယေဇူး) ဖွားမြင်ခြင်းကို ထည့်သွင်းခဲ့သည်။ရှင်လုကာခရစ်ဝင်ကျမ်းရှိထည့်သွင်းခဲ့သည်။ ရှင်လုကာခရစ်ဝင်ကျမ်းရှိ ဖော်ပြချက်များတွင် ရှင်လုကာသည် ရှုရိပြည်နှင့် လူဒေးယတို့၏ ရောမပိုင်နယ်၌ ပထမဆုံးအကြိမ် သန်းခေါင်စာရင်းကောက်သည့်ကာလ ယေဘုယျအားဖြင့် 6 AD/CE တွင် ယေရှု(ယေဇူး)ကို မွေးဖွားခဲ့သည်ဟု ဖော်ပြသော်လည်း တူညီသောကာလကိုပင် ရည်ညွှန်းသည်။ပညာရှင်အများစုသည်ရည်ညွှန်းသည်။ ပညာရှင်အများစုသည် မွေးဖွားရာနေ့သည် 6 မှ 4 BC/BCE ကြားတွင် ဖြစ်မည်ဟု ယေဘုယျအားဖြင့် ယူဆကြသည်။
 
ယေရှု(ယေဇူး)၏ မွေးနေ့ကို ဒီဇင်ဘာလ 25 ရက်တွင် ကျင်းပသည့် အစောဆုံးသော အထောက်အထားမှာ 354 ခုနှစ်၊ ရောမတွင် ကျင်းပခြင်း ဖြစ်သည်။ ထို့နောက် သူ၏ မွေးနေ့ကို ဇန္နဝါရီလ 6 ရက်နေ့တွင် ကျင်းပသော အာမေးနီးယားမှလွဲ၍ အရှေ့ဘက်တိုင်းပြည်များတွင် ဒီဇင်ဘာလ 25 ရက်တွင်ကျင်းပလာသည်။အကယ်ပင်ရက်တွင်ကျင်းပလာသည်။ အကယ်ပင် အာဏာပိုင်များက သူ၏မွေးနေ့ကို နှစ်တစ်နှစ်တွင် မည်သည့်လတွင်မျှ သတ်မှတ်ထားခြင်းမရှိချေ။
 
ယေရှု(ယေဇူး)၏ ဓမ္မအမှုတော်ဆောင်ခြင်းသည် ရှင်လုကာခရစ်ဝင်ကျမ်းအရ အသက် 30 အရွယ်တွင် စတင်ခဲ့သည်။28 သို့မဟုတ် 29 AD/CE ခန့်ဖြစ်သော “ကဲသာဘုရင်တိဗေရိ(Tiberius Caesar) နန်းစံသက်တစ်ဆယ့်ငါးနှစ်တွင်” [လုကာ. 3:1–2] စတင်၍ ဓမ္မအမှုတော်ဆောင်သည်ဟု ဆိုသော ဗတ္တိဇံဆရာယောဟန်၏နောက်တွင်ဖြစ်သည်။ရာဇဝင်အကျဉ်းချုပ်ဗတ္တိဇံဆရာယောဟန်၏နောက်တွင်ဖြစ်သည်။ ရာဇဝင်အကျဉ်းချုပ် ကျမ်းစာများအရ ယေရှု(ယေဇူး)၏ ဓမ္မအမှုတော်ဆောင်ခြင်းသည် တစ်နှစ် သို့မဟုတ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းအရ သုံးနှစ် ကြာခဲ့သည်။ ထို့ကြောင့် လက်ဝါးကပ်တိုင်ပေါ်တွင် အသေခံခြင်းကို အစောဆုံး ယေဘုယျ လက်ခံသော အချိန်မှာ 29 AD/CE ဖြစ်ပြီး၊ နောက်အကျဆုံး 36 AD/CE ဖြစ်သည်။
 
သမ္မာကျမ်းချက်များအရ ယေရှု(ယေဇူး)၏ သေဆုံးခြင်းသည် ပုန္တိပိလတ်(ပိလတ်တူး)ယုဒ(ဂျုဒ)ပြည်၏ ရောမအုပ်ချုပ်ရေး ကိုယ်စားလှယ် ဖြစ်စဉ်ကာလတွင် ဖြစ်ပွားခဲ့သည်။ ယိုဆေဖော့(Josephus)နှင့် တက်စီတု(Tacitus) တို့ကလည်း ပုန္တိပိလတ်(ပိလတ်တူး)သည် ယေရှု(ယေဇူး)ကို ကွပ်မျက်ခဲ့သည်ဟု ဆိုသည်။ အုပ်ချုပ်ရေးကိုယ်စားလှယ်သည် 41-54 CE အတွင်း ကလောဒိနန်းစံစဉ်က မိတ်ဆက်ခဲ့သော အရပ်သားရာထူးဖြစ်သည်။ သမိုင်းဝင် ပုန္တိပိလတ်(ပုံစီဦးပိလတ်တူး)သည် 26 နှင့် 36 CE အတွင်း၌ စစ်ဘက်ဆိုင်ရာ ဘုရင်ခံ[54]ရာထူးရှိခဲ့သည်။
စာကြောင်း ၁၃၅ -
 
''''သမ္မာကျမ်းစာသဟဇာတ''''
ခရစ်ဝင်ကျမ်း လေးကျမ်းဖြစ်သော ရှင်မဿဲ(ရှင်မာတေဦး)၊ ရှင်မာကု၊ ရှင်လုကာနှင့် ရှင်ယောဟန် ကျမ်းတို့မှာ ယေရှု(ယေဇူး)၏ အတ္ထုပတ္တိအတွက် အဓိက အရင်းအမြစ်များဖြစ်သည်။ သို့သော် ဤကျမ်းများသည် ယေရှု(ယေဇူး)၏ ဂုဏ်သရေ ထွန်းလင်းရေးဦးတည်ချက်ဖြင့် ရေးသားထားသည်ဖြစ်၍ တိကျသော အတ္ထုပတ္တိ ပုံစံမျိုးမဟုတ်ပါ။ ဥပမာ၊ ခရစ်ဝင်ကျမ်းများသည် ယေရှု(ယေဇူး)ကို မေရှိယ(မက်ဆီးယား)အဖြစ် အဓိကဖော်ပြသည်- သူသည် အံ့ဖွယ်သော အမှုတို့ကို ပြုပြီး ဂျူးဘုရာ:သခင်နှင့် အလွန်ရင်းနှီးကျွမ်းဝင်သော ဆက်ဆံရေးရှိကြောင်းကို မကြာခဏ ဖော်ပြခြင်းခံရသည်- “ဘုရားသခင်၏ သားတော်” ဟူသော စကားစုကို ကျမ်းတစ်ခုစီတွင် အနည်းဆုံး တစ်ကြိမ် ဂုဏ်ပုဒ် ထုတ်ဖော်သည်။ [လုကာ 1:35][မဿဲ/မာတေဦး 16:16][မာကု 1:1][ယောဟန် 3:18] ခရစ်ဝင် ကျမ်း များ(အထူးသဖြင့် ရှင်မဿဲ/မာတေဦး) သည် ယေရှု(ယေဇူး)ဖွားမြင်ခြင်း ဘဝအသက်တာ၊ သေဆုံးခြင်းနှင့် ဟီဘရူးသမ္မာကျမ်း တွင် တွေ့ရသော နိမိတ်ဖတ်ထားခြင်းများ(ဥပမာ- အပျိုစင်ကညာမှမွေးဖွားခြင်း၊ အီဂျစ်သို့ ခရီးထွက်ခြင်း၊ ဟေရှာယအနာဂတ္တိကျမ်း 7:14 မှ ဧမာနွေလ(အေမာနူအဲလ်)နှင့် ဝေဒနာခံစားရသောကျွန်)ကို ပြည့်စုံစေသော ရှင်ပြန်ထမြောက်ခြင်းတို့ကို ဖော်ပြထားသည်။သို့သော်၊ဖော်ပြထားသည်။ သို့သော်၊ ဂျူးများ၏ ယုံကြည်ခြင်းဟု ထိုအချိန်က သတ်မှတ်သော အံ့ဖွယ်ကောင်းပြီး ဘာသာရေးဆိုင်ရာယုံကြည်မှု နှင့်သက်ဆိုင်သော အကြောင်းအရာများကို အဓိပ္ပာယ်ဖွင့်ဆိုခြင်းအားဖြင့် ဝေဖန်ရေးပညာရှင်များသည် ယေရှု(ယေဇူး)၏ဘဝနှင့် ဓမ္မမှုဆောင်ရာ သမိုင်းကြောင်း သတင်းအချက်အလက်များကို ရာဇဝင်အကျဉ်းချုပ် ကျမ်းစာများတွင် တွေ့ရှိကြသည်။
 
{ကွင်းစကွင်းပိတ်ထဲရှိ နာမည်များမှာ မြန်မာပြည်ကက်သလစ် အသင်းတော်၏ အခေါ်အဝေါ်များဖြစ်သည်။ အချို့သောနာမည်များကို ကွင်းထဲတွင် နှစ်မျိုးဖော်ပြထားပြီး အရှေ့စာလုံးမှာ မြန်မာပြည်နှစ်ခြင်းအသင်းတော် အခေါ်အဝေါ်ဖြစ်ပြီး ပုဒ်ဖြတ်(၊)၏ အနောက်စာလုံးမှာ ကက်သလစ်အခေါ်အဝေါ်ဖြစ်သည်။}
 
== ကျမ်းစာများအကြား ဆင်တူခြင်းများနှင့် ကွဲပြားခြင်းများ ==
ခရစ်ဝင်ကျမ်းလေးကျမ်းမှ သုံးကျမ်းဖြစ်သော ရှင်မဿဲ(မာတေဦး)၊ ရှင်မာကု၊နှင့် ရှင်လုကာ ကျမ်းတို့မှာ ရာဇဝင်အကျဉ်းချုပ် ကျမ်း များဟု ခေါ်သည်၊ အကြောင်းမှာ ၎င်းတို့သည် ပါဝင်သည့်အကြောင်းအရာ၊ တင်ပြပုံအစီအစဉ်၊ ဘာသာစကားနှင့် ဝါကျနှင့်စာ ပိုဒ်များ အသွင်အပြင်မှာ အတော်ပင် ဆင်တူသောကြောင့်ဖြစ်သည်။ ဤကျမ်းများ ကိုတူညီသောရှုထောင့်မှ တင်ပြထားသည်ဟု ယူဆကြသည်။လေးခုမြောက်သောယူဆကြသည်။ လေးခုမြောက်သော ခရစ်ဝင်ကျမ်းဖြစ်သော ရှင်ယောဟန်မှာ အစစ်အမှန်မဟုတ်သော ကျမ်းများနှင့် ကွဲပြားသကဲ့သို့ ဤသုံးကျမ်းနှင့်လည်းများစွာ ကွဲပြားသည်။
အရင်းမြစ်နှစ်ခု မှန်းဆချက်အရ ရှင်မာကုသည် ရှင်မဿဲ(မာတေဦး)နှင့် ရှင်လုကာအတွက် အရင်းအမြစ် ဖြစ်သည်။ ၎င်းကျမ်း နှစ်ခုလုံးသည် ပျောက်ဆုံးနေသည်ဟုဆိုသော က္ခကျမ်း ဟုခေါ်သည့် အရင်းအမြစ်ကို သီးခြားစီ အသုံးပြုခဲ့ကြသည်။ ရှင်မာကုသည် ယေရှု(ယေဇူး)ဗတ္တိဇံခံသည့်ဖြစ်ရပ်မှသည် ဗလာဖြစ်သွားသောသချိုင်းအထိ အစဉ်လိုက်ဖော်ပြပြီး ထာဝရဘုရားသခင်၏ နိုင်ငံတော်အကြောင်း သင်ခန်းစာပေးပုံပြင်များ ပါဝင်သည်။
 
စာကြောင်း ၁၄၆ -
 
== ယေရှု(ယေဇူး)၏ ဝိသေသလက္ခဏာ ==
ကျမ်းစာ တစ်ခုစီသည် ယေရှု(ယေဇူး)၏ဘဝနှင့် အဓိပ္ပာယ်ကို ကွဲပြားစွာ ပုံဖော်သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်းသည် ယေရှု(ယေဇူး)၏ အတ္ထုပ္ပတ္တိ မဟုတ်ဘဲ ယေရှု(ယေဇူး)သည် ဘုရားသခင်၏ အမှတ်အသားအဖြစ် ဘာသာရေးဆိုင်ရာ ယုံကြည်မှု နှင့်သက်ဆိုင်သော တင်ပြမှုဖြစ်သည်။ခေတ်သစ်ပညာရှင်တစ်ဦးကတင်ပြမှုဖြစ်သည်။ ခေတ်သစ်ပညာရှင်တစ်ဦးက ဤပုံဇာတ်လမ်းလေးခုကို တစ်ခုအဖြစ် ပူးပေါင်းရန်မှာ မူလတစ်ခုချင်းမှ မတူညီမှုတစ်ခုစီယူခြင်းဖြင့် ငါးခုမြောက်ပုံဇာတ်လမ်းကို ဖန်တီးခြင်းသာ ဖြစ်သည်ဟု ရေးသားသည်။
ရှင်မာကုသည် ယေရှု(ယေဇူး)ကို သူရဲကောင်း၊ အလုပ်နှင့်သက်သေပြပြီး စွမ်းပကားကြီးမားသည့် လုပ်ဆောင်ချက်များပြုလုပ်သူ အဖြစ် တင်ပြသည်။ ရှင်မဿဲ(ရှင်မာတေဦး)က ယေရှု(ယေဇူး)ကို ဟီဘရူး နိမိတ်၏ ပြည့်စုံခြင်းအဖြစ်နှင့် မောရှေ(မိုးဇက်)ထက် ကြီးမြတ်သူအဖြစ်အထူး ပုံဖော်သည်။ ရှင်လုကာက ယေရှု(ယေဇူး)၏ အံ့ဩဖွယ်စွမ်းပကားနှင့် ဆင်းရဲသားများ၊ မိန်းမများနှင့် တပါးအမျိုးသားများအပေါ် သူ၏ထောက်မမှုတို့ကို အလေးပေးဖော်ပြသည်။ ရှင်ယောဟန်သည် ယေရှု(ယေဇူး)၏ လူသားဘဝကို ထာဝရ နှုတ်ကပတ်တော်၏ ထင်ရှားမှုအဖြစ် ရှုမြင်သည်။
ယေရှု(ယေဇူး)သည် မေထုံမရှိပဲ by Holy Spirit မွေးဖွားလာသည်။ ယေရှု(ယေဇူး)ကားတိုင်တွင် အသေခံပြီး၊ ၃ရက်မြောက်နေ့တွင် ကျမ်းစာနှင့်အညီ ရှင်ပြန်ထမြောက်သည်။ ယေရှု(ယေဇူး)သည်အသက်ရှင်သောဘုရားဖြစ်သည်..ဟု ခရစ်ယာန်များကယုံကြည်သည်။